Cele News

သူမ ဘဝအကြောင်း ကို ရုပ်ရှင် အဖြစ် ပုံဖော်ချင်တဲ့ ပိုပို

Written by Aung Lay

သူမ ဘဝအကြောင်း ကို ရုပ်ရှင် အဖြစ် ပုံဖော်ချင်တဲ့ ပိုပို

အလုပ်တွေ ကြိုးစားပြီး ပိုက်ဆံစုရဦးမယ်လို့ ဆိုပါတယ်။ပိုပို ကတော့ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအခြေအနေကို ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ အဆိုတော်ပိုပိုကတော့ သူမရဲ့ ဘဝအကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ စိတ်ဒဏ်ရာတွေ အများကြီးကြောင့် ရင့်ကျက်လာခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ပရိသတ်သိစေချင်တယ်လို့လည်း ပြောလာပါတယ်။

“ ပိုပိုက ဟိုးအရင်ကတည်းက ကိုယ့်အကြောင်းကို ရုပ်ရှင်ရိုက်ချင်တဲ့ ဆန္ဒရှိပါတယ်။ စာအုပ်လည်း ထုတ်ချင်သေးတာ။ ကလေးဘဝကတည်းကနေ အခုချိန်ထိ ဘယ်လိုတွေ ဖြတ်သန်းလာရတယ်ပေါ့။ ဘာပဲပြောပြော စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဘဝမှာအရမ်းကြီး ရိုးဆင်းတဲ့ ဘဝကို ဖြတ်သန်းလာရတာတော့ မဟုတ်ဘူးပေါ့။ ဒဏ်ရာတွေ အများကြီး ကျော်ဖြတ်လာခဲ့ရတဲ့ အချိန်တွေရှိတယ်။ ဒဏ်ရာတွေ အများကြီးကြောင့်လည်း ရင့်ကျက်လာတယ်။ ဒီရင့်ကျက်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေကို ရိုက်ပြချင်တယ်” လို့ ဆိုပါတယ်။

ပိုပိုဟာ သူမရဲ့ဘဝအကြောင်းကို မဖြစ်မနေ ရိုက်ကူးမယ့် ရည်ရွယ်ချက်ကိုလည်း နောက်ထပ် (၂) နှစ်၊ (၃) နှစ်အကြာမှ အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။“ အများကြီးဖြစ်နေတော့ ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ဖို့ကိုလည်း တွေးတယ်။ ရုပ်ရှင်အနေနဲ့ဆိုရင်လည်း တစ်ကားဆိုလည်း တစ်ကားစာပေါ့။ ဇာတ်လမ်းတွဲ အနေနဲ့ဆိုရင်လည်း ဇာတ်လမ်းတွဲပုံစံပေါ့။ နှစ်မျိုးစလုံး ဆိုရင်လည်း နှစ်မျိုးစလုံးပေါ့။ ဒါက ကြာတော့ ကြာဦးမယ်။ နောက်ထပ် (၂) နှစ်၊ (၃) နှစ်လောက်လည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ဒီကာလအတွင်းတော့ မစုနိုင်ဘူး ဒီကာလ ပြီးတော့မှ အလုပ်တွေ လုပ်ရင်းနဲ့ စုရမှာပေါ့” လို့လည်း ဆက်လက် ပြောပြလာပါတယ်။

ပိုပိုဟာ ငယ်စဉ်ကတည်းက အဖွား၊ အဒေါ်တွေနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတိုင်းမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဂီတကို ဝါသနာပါတဲ့သူမဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ အများကြီး ကြိုးစားခဲ့ရတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ Million Dreams Record Studio ရဲ့ တည်ထောင်သူ တစ်ယောက်အဖြစ် ကြိုးစားလာနိုင်ခဲ့သူဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း အရည်အချင်းရှိတဲ့ အဆိုတော်အသစ်တွေကို မြေတောင်မြှောက်ပေးနေတယ်လို့လည်း သိရပါတယ်။ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

Zawgyi

သူမ ဘဝအေၾကာင္း ကို ႐ုပ္ရွင္ အျဖစ္ ပုံေဖာ္ခ်င္တဲ့ ပိုပို

အလုပ္ေတြ ႀကိဳးစားၿပီး ပိုက္ဆံစုရဦးမယ္လို႔ ဆိုပါတယ္။ပိုပို ကေတာ့ ငယ္စဥ္ကတည္းကေန အခုအခ်ိန္အထိ ျဖတ္သန္းလာခဲ့ရတဲ့ ဘဝအေျခအေနကို ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးသြားမယ္လို႔ ဆိုပါတယ္။ အဆိုေတာ္ပိုပိုကေတာ့ သူမရဲ႕ ဘဝအေၾကာင္းကို ႐ုပ္ရွင္အျဖစ္ ပုံေဖာ္႐ိုက္ကူးခ်င္တဲ့ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။ စိတ္ဒဏ္ရာေတြ အမ်ားႀကီးေၾကာင့္ ရင့္က်က္လာခဲ့ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရာေတြကို ပရိသတ္သိေစခ်င္တယ္လို႔လည္း ေျပာလာပါတယ္။

“ ပိုပိုက ဟိုးအရင္ကတည္းက ကိုယ့္အေၾကာင္းကို ႐ုပ္ရွင္႐ိုက္ခ်င္တဲ့ ဆႏၵရွိပါတယ္။ စာအုပ္လည္း ထုတ္ခ်င္ေသးတာ။ ကေလးဘဝကတည္းကေန အခုခ်ိန္ထိ ဘယ္လိုေတြ ျဖတ္သန္းလာရတယ္ေပါ့။ ဘာပဲေျပာေျပာ စိတ္ဝင္စားဖို႔ေကာင္းမယ္လို႔ ထင္ပါတယ္။ ဘဝမွာအရမ္းႀကီး ႐ိုးဆင္းတဲ့ ဘဝကို ျဖတ္သန္းလာရတာေတာ့ မဟုတ္ဘူးေပါ့။ ဒဏ္ရာေတြ အမ်ားႀကီး ေက်ာ္ျဖတ္လာခဲ့ရတဲ့ အခ်ိန္ေတြရွိတယ္။ ဒဏ္ရာေတြ အမ်ားႀကီးေၾကာင့္လည္း ရင့္က်က္လာတယ္။ ဒီရင့္က်က္မႈေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းတရားေတြကို ႐ိုက္ျပခ်င္တယ္” လို႔ ဆိုပါတယ္။

ပိုပိုဟာ သူမရဲ႕ဘဝအေၾကာင္းကို မျဖစ္မေန ႐ိုက္ကူးမယ့္ ရည္႐ြယ္ခ်က္ကိုလည္း ေနာက္ထပ္ (၂) ႏွစ္၊ (၃) ႏွစ္အၾကာမွ အေကာင္အထည္ ေဖာ္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။“ အမ်ားႀကီးျဖစ္ေနေတာ့ ဇာတ္လမ္းတြဲအေနနဲ႔ ႐ိုက္ဖို႔ကိုလည္း ေတြးတယ္။ ႐ုပ္ရွင္အေနနဲ႔ဆိုရင္လည္း တစ္ကားဆိုလည္း တစ္ကားစာေပါ့။ ဇာတ္လမ္းတြဲ အေနနဲ႔ဆိုရင္လည္း ဇာတ္လမ္းတြဲပုံစံေပါ့။ ႏွစ္မ်ိဳးစလုံး ဆိုရင္လည္း ႏွစ္မ်ိဳးစလုံးေပါ့။ ဒါက ၾကာေတာ့ ၾကာဦးမယ္။ ေနာက္ထပ္ (၂) ႏွစ္၊ (၃) ႏွစ္ေလာက္လည္း ျဖစ္ရင္ ျဖစ္သြားႏိုင္တယ္။ ဒီကာလအတြင္းေတာ့ မစုႏိုင္ဘူး ဒီကာလ ၿပီးေတာ့မွ အလုပ္ေတြ လုပ္ရင္းနဲ႔ စုရမွာေပါ့” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။

ပိုပိုဟာ ငယ္စဥ္ကတည္းက အဖြား၊ အေဒၚေတြနဲ႔ ႀကီးျပင္းလာခဲ့ရသူျဖစ္တယ္ဆိုတာကို မီဒီယာ အင္တာဗ်ဴးတိုင္းမွာ ေျဖဆိုခဲ့ဖူးပါတယ္။ ဂီတကို ဝါသနာပါတဲ့သူမဟာ ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္လာဖို႔ အမ်ားႀကီး ႀကိဳးစားခဲ့ရတယ္လို႔လည္း သိရပါတယ္။ အခုဆိုရင္ေတာ့ Million Dreams Record Studio ရဲ႕ တည္ေထာင္သူ တစ္ေယာက္အျဖစ္ ႀကိဳးစားလာႏိုင္ခဲ့သူျဖစ္ပါတယ္။ သူမကိုယ္တိုင္ကလည္း အရည္အခ်င္းရွိတဲ့ အဆိုေတာ္အသစ္ေတြကို ေျမေတာင္ေျမႇာက္ေပးေနတယ္လို႔လည္း သိရပါတယ္။ပိုပိုဟာ ကိုယ္ပိုင္သီခ်င္းေတြဆိုရင္း နာမည္ေက်ာ္ခဲ့တဲ့ အမ်ိဳးသမီးအဆိုေတာ္ တစ္ေယာက္ပါပဲ။ သူမရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားပါတယ္။သူမက ဂီတပိုင္းမွာသာမက ဇာတ္ကား႐ိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ ဂီတေလာကမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈ ရရွိေနတဲ့ လူငယ္အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ပါတယ္။

About the author

Aung Lay

Leave a Comment