News

ဗွီဒီယိုသင်ခန်းစာများကို ရွေးကောက်ပွဲပြီးမှ ရုပ်သံလိုင်းများက ထုတ်လွှင့်နိုင်မည်

Written by Aung Lay

ဗြီဒီယိုသင္ခန္းစာမ်ားကို ေ႐ြးေကာက္ပြဲၿပီးမွ ႐ုပ္သံလိုင္းမ်ားက ထုတ္လႊင့္ႏိုင္မည္

Grade-10 နဲ႔ Grade-11 အတန္းေတြအတြက္ ဗြီဒီယိုသင္ခန္းစာေတြကို ႏိုဝင္ဘာလ (၈)ရက္မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲအၿပီးမွ ႐ုပ္သံလိုင္းေတြကေန ထုတ္လႊင့္သြားမွာ ျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

အထက္တန္းအဆင့္ေတြျဖစ္တဲ့ Grad- 10 နဲ႔ Grade-11 ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေနအိမ္က တစ္ဆင့္ TV ႐ုပ္သံအစီစဥ္ေတြ၊ ေရဒီယိုေတြ၊ အြန္လိုင္းေတြကေန သင္ခန္းစာေတြကို ေလ့လာ သင္ယူႏိုင္ေအာင္ စီစဥ္ေနတာျဖစ္ၿပီး ဒီလကုန္ပိုင္းမွာ ႐ုပ္သံအစီအစဥ္ေတြကေန ထုတ္လႊင့္ေပးႏိုင္ဖို႔ ေမွ်ာ္မွန္းထားေပမဲ့ အခက္အခဲ ေတြရွိတဲ့အတြက္ ေ႐ြးေကာက္ပြဲအၿပီးမွသာ ထုတ္လႊင့္သြားႏိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ သင္ခန္းစာေတြ အရန္သင့္ျဖစ္ၿပီဆိုရင္ အသံသြင္းတာတို႔ ႐ိုက္ကူးတာတို႔ လုပ္ပါတယ္။ မွန္းထားတာက ဒီလေလာက္ လႊင့္ဖို႔ မွန္းတယ္။ ဒါေပမယ့္ မလြယ္ေလာက္ဘူး။ ျဖစ္ႏိုင္တာက ေ႐ြးေကာက္အၿပီး တစ္ပတ္ ႏွစ္ပတ္ေလာက္မွာ ၿပီးသေလာက္ အရင္ ထုတ္လႊင့္သြားမယ္။ “ လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

လက္ရွိမွာ ဗြီဒီယိုဖိုင္ရွိၿပီးသား သင္ခန္းစာေတြကို Myanmar Education Channel နဲ႔ ေရဒီယိုလိုင္းအခ်ိဳ႕နဲ႔ TV အစီစဥ္အခ်ိဳ႕တို႔မွာ ေအာက္တိုဘာ ၅ ရက္ကေနစၿပီး စမ္းသပ္ထုတ္လႊင့္ေပးေနတာပါ။ ေ႐ြးေကာက္ပြဲအၿပီး ကာလမွာေတာ့ TV ခ်န္နယ္ေတြျဖစ္တဲ့ MRTV၊ MWD၊ Skynet နဲ႔ အျခား Free to Air ႐ုပ္သံလိုင္းေတြနဲ႔ ေရဒီယို လိုင္းအားလုံးကေန ထုတ္လႊင့္သြားဖို႔ စီစဥ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

source း-မင္းေမာင္ေမာင္

Unicode

ဗွီဒီယိုသင်ခန်းစာများကို ရွေးကောက်ပွဲပြီးမှ ရုပ်သံလိုင်းများက ထုတ်လွှင့်နိုင်မည်

Grade-10 နဲ့ Grade-11 အတန်းတွေအတွက် ဗွီဒီယိုသင်ခန်းစာတွေကို နိုဝင်ဘာလ (၈)ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအပြီးမှ ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

အထက်တန်းအဆင့်တွေဖြစ်တဲ့ Grad- 10 နဲ့ Grade-11 ကျောင်းသား၊ ကျောင်းသူတွေအတွက် နေအိမ်က တစ်ဆင့် TV ရုပ်သံအစီစဉ်တွေ၊ ရေဒီယိုတွေ၊ အွန်လိုင်းတွေကနေ သင်ခန်းစာတွေကို လေ့လာ သင်ယူနိုင်အောင် စီစဉ်နေတာဖြစ်ပြီး ဒီလကုန်ပိုင်းမှာ ရုပ်သံအစီအစဉ်တွေကနေ ထုတ်လွှင့်ပေးနိုင်ဖို့ မျှော်မှန်းထားပေမဲ့ အခက်အခဲ တွေရှိတဲ့အတွက် ရွေးကောက်ပွဲအပြီးမှသာ ထုတ်လွှင့်သွားနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ သင်ခန်းစာတွေ အရန်သင့်ဖြစ်ပြီဆိုရင် အသံသွင်းတာတို့ ရိုက်ကူးတာတို့ လုပ်ပါတယ်။ မှန်းထားတာက ဒီလလောက် လွှင့်ဖို့ မှန်းတယ်။ ဒါပေမယ့် မလွယ်လောက်ဘူး။ ဖြစ်နိုင်တာက ရွေးကောက်အပြီး တစ်ပတ် နှစ်ပတ်လောက်မှာ ပြီးသလောက် အရင် ထုတ်လွှင့်သွားမယ်။ “ လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

လက်ရှိမှာ ဗွီဒီယိုဖိုင်ရှိပြီးသား သင်ခန်းစာတွေကို Myanmar Education Channel နဲ့ ရေဒီယိုလိုင်းအချို့နဲ့ TV အစီစဉ်အချို့တို့မှာ အောက်တိုဘာ ၅ ရက်ကနေစပြီး စမ်းသပ်ထုတ်လွှင့်ပေးနေတာပါ။ ရွေးကောက်ပွဲအပြီး ကာလမှာတော့ TV ချန်နယ်တွေဖြစ်တဲ့ MRTV၊ MWD၊ Skynet နဲ့ အခြား Free to Air ရုပ်သံလိုင်းတွေနဲ့ ရေဒီယို လိုင်းအားလုံးကနေ ထုတ်လွှင့်သွားဖို့ စီစဉ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

source း-မင်းမောင်မောင်

About the author

Aung Lay

Leave a Comment