မိုးလေဝသ

၂၂ ရက် မှ ၂၄ ရက် အတွင်း မိုးကြီးလေထန်နိုင်သည့် မြို့နယ်များစာရင်း မိုးဇလ ထုတ်ပြန်

Written by Aung Lay

ဘဂၤလား ပင္လယ္ေအာ္ အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ေျမၿပိဳျခင္း မ်ားပါ ျဖစ္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္လိုက္သည္။ယင္းအျပင္ မိုးသည္းထန္ျခင္း၊ ေလျပင္း တိုက္ခတ္ျခင္း၊ လွ်ပ္တစ္ ျပက္ေရႀကီးျခင္းမ်ားလည္း ျဖစ္ေပၚ ႏိုင္သျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကို လည္း ေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ လွ်ပ္တစ္ျပက္ေရႀကီး၊ ေရလွ်ံမႈ မ်ား ျဖစ္ေပၚ ႏိုင္ေသာေၾကာင့္လည္းေကာင္း ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ လည္း အႀကံျပဳ ထားသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ေအာက္တိုဘာလ ၂၂ ရက္ မွ ၂၄ ရက္ အတြင္း စစ္ကိုင္းတိုင္းေဒ သႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနရာကြ က္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ကာ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး၊ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ေၾကာင္းႏွင့္ မိုးသက္ေလျပင္း က်စဥ္ ေရျပင္ေျမျပင္ ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ကာ လႈိင္းအျမင့္မွာ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၁၀)ေပ ခန႔္ထိ ရွိႏိုင္မည္ဟု ခန႔္မွန္းထားသည္။

ယင္း ေလဖိအားနည္းရပ္ဝန္းသည္ ကနဦးတြင္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီးေနာက္၊ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေကြ႕ကာေ႐ြ႕လ်ားႏိုင္မည္ဟုလည္း မိုးေလဝသႏွင့္ဇလ ေဗဒၫႊန္ ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားေၾကာင္း သိရသည္။

Unicode

ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြေပြိုခြင်း များပါ ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ယင်းအပြင် မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ် ပြက်ရေကြီးခြင်းများလည်း ဖြစ်ပေါ် နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်း ကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှု များ ဖြစ်ပေါ် နိုင်သောကြောင့်လည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြပါရန် လည်း အကြံပြု ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အောက်တိုဘာလ ၂၂ ရက် မှ ၂၄ ရက် အတွင်း စစ်ကိုင်းတိုင်းဒေ သကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွ က်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျစဉ် ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေ ခန့်ထိ ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက်၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျားနိုင်မည်ဟုလည်း မိုးလေဝသနှင့်ဇလ ဗေဒညွှန် ကြားမှုဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

Credit

About the author

Aung Lay

Leave a Comment