Knowledge

အိမ်ရှင်မတွေအတွက် အိမ်မှာတင် စားသုံးဖို့အရမ်းကောင်း တဲ့ အလွယ်တကူ ဆော့စ်လုပ်နည်း အမျိုးမျိုး

Written by Aung Lay

(၁) ဖက္ထုပ္ေၾကာ့္နဲ႔တြဲစားရတဲ့ေဆာစ့္

ဖက္ထုပ္ျပဳတ္ေၾကာ္တို႔နဲ႔တြဲစားရတဲ့ေဆာစ့္ .. မန္းက်ည္းမွည့္ကို ေရေသခ်ာေဆးၿပီးမွ အရည္ေဖ်ာ္ၿပီး အနည္ထိုင္ထား.အေပၚက အရည္ၾကည္ကိုပဲ ယူမွာပါ..ဂ်င္းကို ပါးပါးေလး အမွ်င္ေလးေတြကို လွီးတတ္ဖို႔ေတာ့လိုပါတယ္…မိမိတို႔အိမ္မွာ အသီးေတြအခြံႏႊာတဲ့ ဓားနဲ႔ ဂ်င္းကိုအခြံွႏႊာပါ ..အသုံးျပဳမည့္ဂ်င္းက ႏုႏုေလးနဲ႔လတ္ဆတ္ပါေစ…အခြံႏႊာတဲ့ ဓားနဲ႔ပဲ ဂ်င္းကို အာလူးပါးပါးေလးေတြ လွီးသလိုမ်ိဳး ညီညီပါးပါးေလးေတြ ရေအာင္လွီးပီးမွ စင္းႏွီတုံးေပၚမွာအမွ်င္ရွည္ေလးေတြျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ပီးပါးပါးလွီးေပးပါ.ၿပီးရင္ေရေသခ်ာျပန္ေဆးေပးပါ .ဒါမွစားတဲ့အခါ အာမပူေအာင္လို႔ပါ..င႐ုတ္သီးစိမ္း ကိုပါးပါးလွီးေပး ထား..အနည္ထိုင္ပီးအေပၚက မန္က်ည္းရည္ အၾကည္ရယ္ ဂ်င္းပါးပါးလွီးထားတာရယ္ င႐ုတ္သီးစိမ္း.ဆားသၾကား (သို႔)အရသာမူန႔္ အနည္းငယ္ရယ္ကိုေရာေမႊေပး..အေပၚကေနႏွမ္းေလွာ္နဲ႔နံနံပင္ျဖဴးေပးရင္ရပီ…။

(၂) အသားကင္နဲ႔ တြဲဖက္စားရတဲ့ေဆာစ့္တစ္မ်ိဳး..

ရွမ္းျပည္ဖက္မွာပိုအစားမ်ားတယ္..ဥပမာ ဝက္သားကင္..ငါးကင္…ဝက္ဂုတ္သားကင္.သုံးထပ္သားကင္.တို႔နဲ႔ တြဲစားရင္ပိုလိုက္ဖက္တယ္..မန္က်ည္းရည္ပ်စ္ပ်စ္ေဖ်ာ္ထား… ၾကက္ျဖဴ ႏွစ္မႊာ ဂ်င္းလက္တစ္ဆစ္ င႐ုတ္သီးစိမ္း ေထာင္းထား..သၾကား.(သို႔)ထန္းလွ်က္ လည္းထည့္ေထာင္း.ေျမပဲေလွာ္ကို ညက္ညက္ေလးေထာင္းၿပီးထည့္မယ္ ႏွမ္းေလွာ္ထည့္မယ္ ဆား အရသာမူန႔္ အနည္းငယ္ စီထည့္ နံနံပင္ပါးပါးလွီးထား တာထည့္အားလုံးေရာသမေမႊလိုက္ . အရသာက ခ်ိဳခ်ဥ္စိမ့္ေမႊးစပ္ေလးပါ…ပ်စ္ပ်စ္ႏွစ္ႏွစ္ ေလးျဖစ္ေနရပါမယ္ အရည္က်ဲႀကီးမျဖစ္ရပါ…။

(၃) ထိုင္းေဆာစ့္….

အခု အိမ္ရွင္မေတြက ထိုင္းဟင္းလွ်ာေတြကိုစိတ္ဝင္စားလာေတာ့ ကိုယ္လည္းေလ့လာမိသေလာက္ေပါ့… ၾကက္သြန္ျဖဴ င႐ုတ္သီး စိမ္းအရင္ညက္ေအာင္ေထာင္း..နံနံပင္အျမစ္ေလးသုံးပင္ေလာက္ထည့္ ထန္းလွ်က္ထည့္ အားလုံးေရာေထာင္း. ညက္ပီဆို.သံပုရာသီး တစ္ျခမ္းညစ္ထည့္ဆား သၾကား. ယိုးဒယား ငံျပာရည္ ပဲငံျပာရည္ အက်ဲ အနည္းငယ္စီ ဆန္ေလွာ္မုန႔္ ထမင္းစားဇြန္း တစ္ဇြန္းခြဲေလာက္ ထည့္ၿပီးသမေအာင္ေမႊေပးၾကက္သြန္နီ ဥေသးတစ္လုံး ပါးပါးလွီးထည့္ နံနံပင္ပါးပါးလွီး ထည့္ရင္ရပီ… ဒီေဆာ့စ့္က.. ထိုင္းစတိုင္ အသုပ္ေတြနဲ႔ .အကင္ေတြနဲ႔ တြဲဖက္စားၾကတာမ်ားပါတယ္…။

(၄) အေၾကာ္စုံ နဲ႔တြဲဖက္စားရတဲ့အခ်ဥ္ရည္ပါ….

ဂ်င္းလက္တစ္ဆစ္ ၾကက္ျဖဴႏွစ္မႊာ.င႐ုတ္သီးစိမ္း ေလးေတာင့္ခန႔္ကို အရင္ညက္ေနေအာင္ေထာင္း ၿပီးရင္ ထန္းလွ်က္တစ္လုံးေလာက္ ထည့္ေထာင္း..အားလုံးညက္ပီဆို ေစာေစာကေဖ်ာ္ထားတဲ့ မန္က်ည္းရည္ထည့္ ဆား အရသာမူန႔္ထည့္ နံနံပင္ပါးပါးလွီးထားတာထည့္ င႐ုတ္သီး အက်က္မူန႔္ထည့္ၿပီးအားလုံးကိုေရာသမေမႊေပးရင္ရပီ…။

(၅) ပင္လယ္စာေတြနဲ႔တြဲစားလို႔ရတဲ့ေဆာစ့္ .

င႐ုတ္သီး စိမ္း အစိမ္းေရာင္အေတာင့္ကိုပဲအသုံးျပဳပါ.. ပထမဆုံး င႐ုတ္သီးစိမ္းေတြကို အိလာေအာင္အရင္ျပဳတ္ၿပီး ဆုံထဲမွာ ညက္ေအာင္ေထာင္း…မန္က်ည္းမွည့္ရည္ကို ပ်စ္ပ်စ္မေဖ်ာ္ပဲ ခပ္က်ဲက်ဲအေနထားတိုင္းေဖ်ာ္ထား. ဆား သၾကား အရသာမူန႔္ အနည္းငယ္ထည့္ၿပီး ေရာသမေမႊေပးရင္ ရပီ..႐ိုးရွင္းပါတယ္…။

(၆) ဘိတ္ခ်ဥ္….

ဒါကေတာ့ ဟင္းပြဲအမ်ိဳးမ်ိဳးနဲ႔တြဲဖက္စားလို႔ရပါတယ္.နံကင္ အေခါက္ကင္.အသားလုံး ဝက္လက္စြတ္ျပဳတ္..စသျဖင့္… ျပဳလုပ္ပုံ….ၾကက္သြန္ျဖဴ သုံးမႊာေလာက္ ပါးပါးလွီး.. င႐ုတ္သီး စိမ္းသုံးေတာင့္ပါးပါးလွီး.. သံပုရာသီး ႏွစ္စိတ္ေလာက္ ညစ္ထည့္ .ဆား သၾကား.. အနည္းငယ္စီထည့္. ပဲငံျပာရည္ အပ်စ္အက်ဲအနည္းငယ္စီ.. ေရ အနည္းငယ္ရယ္.ေရာပီးသမေပးလိုက္ရင္ရပီ…။

Credit : Ma May Moe Phyu

Unicode

(၁) ဖက်ထုပ်ကြော့်နဲ့တွဲစားရတဲ့ဆောစ့်

ဖက်ထုပ်ပြုတ်ကြော်တို့နဲ့တွဲစားရတဲ့ဆောစ့် .. မန်းကျည်းမှည့်ကို ရေသေချာဆေးပြီးမှ အရည်ဖျော်ပြီး အနည်ထိုင်ထား.အပေါ်က အရည်ကြည်ကိုပဲ ယူမှာပါ..ဂျင်းကို ပါးပါးလေး အမျှင်လေးတွေကို လှီးတတ်ဖို့တော့လိုပါတယ်…မိမိတို့အိမ်မှာ အသီးတွေအခွံနွှာတဲ့ ဓားနဲ့ ဂျင်းကိုအခွံှနွှာပါ ..အသုံးပြုမည့်ဂျင်းက နုနုလေးနဲ့လတ်ဆတ်ပါစေ…အခွံနွှာတဲ့ ဓားနဲ့ပဲ ဂျင်းကို အာလူးပါးပါးလေးတွေ လှီးသလိုမျိုး ညီညီပါးပါးလေးတွေ ရအောင်လှီးပီးမှ စင်းနှီတုံးပေါ်မှာအမျှင်ရှည်လေးတွေဖြစ်အောင် သေချာဂရုစိုက်ပီးပါးပါးလှီးပေးပါ.ပြီးရင်ရေသေချာပြန်ဆေးပေးပါ .ဒါမှစားတဲ့အခါ အာမပူအောင်လို့ပါ..ငရုတ်သီးစိမ်း ကိုပါးပါးလှီးပေး ထား..အနည်ထိုင်ပီးအပေါ်က မန်ကျည်းရည် အကြည်ရယ် ဂျင်းပါးပါးလှီးထားတာရယ် ငရုတ်သီးစိမ်း.ဆားသကြား (သို့)အရသာမူန့် အနည်းငယ်ရယ်ကိုရောမွှေပေး..အပေါ်ကနေနှမ်းလှော်နဲ့နံနံပင်ဖြူးပေးရင်ရပီ…။

(၂) အသားကင်နဲ့ တွဲဖက်စားရတဲ့ဆောစ့်တစ်မျိုး..

ရှမ်းပြည်ဖက်မှာပိုအစားများတယ်..ဥပမာ ဝက်သားကင်..ငါးကင်…ဝက်ဂုတ်သားကင်.သုံးထပ်သားကင်.တို့နဲ့ တွဲစားရင်ပိုလိုက်ဖက်တယ်..မန်ကျည်းရည်ပျစ်ပျစ်ဖျော်ထား… ကြက်ဖြူ နှစ်မွှာ ဂျင်းလက်တစ်ဆစ် ငရုတ်သီးစိမ်း ထောင်းထား..သကြား.(သို့)ထန်းလျှက် လည်းထည့်ထောင်း.မြေပဲလှော်ကို ညက်ညက်လေးထောင်းပြီးထည့်မယ် နှမ်းလှော်ထည့်မယ် ဆား အရသာမူန့် အနည်းငယ် စီထည့် နံနံပင်ပါးပါးလှီးထား တာထည့်အားလုံးရောသမမွှေလိုက် . အရသာက ချိုချဉ်စိမ့်မွှေးစပ်လေးပါ…ပျစ်ပျစ်နှစ်နှစ် လေးဖြစ်နေရပါမယ် အရည်ကျဲကြီးမဖြစ်ရပါ…။

(၃) ထိုင်းဆောစ့်….

အခု အိမ်ရှင်မတွေက ထိုင်းဟင်းလျှာတွေကိုစိတ်ဝင်စားလာတော့ ကိုယ်လည်းလေ့လာမိသလောက်ပေါ့… ကြက်သွန်ဖြူ ငရုတ်သီး စိမ်းအရင်ညက်အောင်ထောင်း..နံနံပင်အမြစ်လေးသုံးပင်လောက်ထည့် ထန်းလျှက်ထည့် အားလုံးရောထောင်း. ညက်ပီဆို.သံပုရာသီး တစ်ခြမ်းညစ်ထည့်ဆား သကြား. ယိုးဒယား ငံပြာရည် ပဲငံပြာရည် အကျဲ အနည်းငယ်စီ ဆန်လှော်မုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထည့်ပြီးသမအောင်မွှေပေးကြက်သွန်နီ ဥသေးတစ်လုံး ပါးပါးလှီးထည့် နံနံပင်ပါးပါးလှီး ထည့်ရင်ရပီ… ဒီဆော့စ့်က.. ထိုင်းစတိုင် အသုပ်တွေနဲ့ .အကင်တွေနဲ့ တွဲဖက်စားကြတာများပါတယ်…။

(၄) အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ….

ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့်ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင် ထန်းလျှက်တစ်လုံးလောက် ထည့်ထောင်း..အားလုံးညက်ပီဆို စောစောကဖျော်ထားတဲ့ မန်ကျည်းရည်ထည့် ဆား အရသာမူန့်ထည့် နံနံပင်ပါးပါးလှီးထားတာထည့် ငရုတ်သီး အကျက်မူန့်ထည့်ပြီးအားလုံးကိုရောသမမွှေပေးရင်ရပီ…။

(၅) ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .

ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ.. ပထမဆုံး ငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာ ညက်အောင်ထောင်း…မန်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော်ထား. ဆား သကြား အရသာမူန့် အနည်းငယ်ထည့်ပြီး ရောသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ်…။

(၆) ဘိတ်ချဉ်….

ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်… ပြုလုပ်ပုံ….ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး.. သံပုရာသီး နှစ်စိတ်လောက် ညစ်ထည့် .ဆား သကြား.. အနည်းငယ်စီထည့်. ပဲငံပြာရည် အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလိုက်ရင်ရပီ…။

Credit : Ma May Moe Phyu

About the author

Aung Lay

Leave a Comment