Cele News

ဝါရင့်ရုပ်ရှင်ဂီတ အနုပညာရှင်ကြီး ရန်ပိုင်စိုး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားရှာပြီ

Written by Aung Lay

ဝါရင့္ ႐ုပ္ရွင္၊ ဂီတအႏုပညာရွင္ႀကီး ဦးရန္ပိုင္စိုး ယေန႔ နံနက္ ၁၁ နာရီ ၁၀ မိနစ္က ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သြားေၾကာင္း သိရပါတယ္။ အႏုပညာရွင္ႀကီး ရန္ပိုင္စိုးရဲ႕ ျမန္မာသံစဥ္ ေပၚထားရွိတဲ့ ရည္မွန္းခ်က္တခုကို ျပန္လည္ ေဖာ္ ျပလိုက္ပါတယ္- ဂီတသံစဥ္ အမ်ိဳးအစားမ်ားစြာရွိတဲ့ထဲကမွ ျမန္မာသံစဥ္ဂီတဟာ လူငယ္မ်ားၾကား တျဖည္းျဖည္း ေမွးမွိန္ ေပ်ာက္ကြယ္လုျဖစ္ေနတဲ့အေပၚမွာ ေတးသံရွင္ ရန္ပိုင္စိုးက အခုလိုပဲ ေျပာပါတယ္။

“စိတ္မေကာင္းဘူးဗ်ာ။ က်ေနာ္တို႔ေရွ႕က ဆရာေတြရဲ႕ အသံေတြၾကားၿပီး က်ေနာ္တို႔က ၾကားဆရာအေနနဲ႔ ေတာကေန ႐ူးသြပ္ၿပီး ရန္ကုန္တက္လာတာ။ ျမန္မာသံပဲေလ။ နားယဥ္တာေရာ၊ က်ေနာ္တို႔ ဆိုႏိုင္တာေရာက ျမန္မာသံပဲ။ ေခတ္ေပၚ ေတးဂီတေတြက ေပၚေပၚလာတယ္။ ဒါကေတာ့ ေခတ္အဆက္ဆက္မွာ ရွိတယ္။ ဒါေပမဲ့လည္း အခုေခတ္က်မွ လႈိင္းတံပိုးက ျမင့္ၿပီး က်ေနာ္တို႔က တျဖည္းျဖည္းနဲ႔ ေမွးမွိန္လာတယ္။ ဒါကေတာ့ အမ်ားသိၿပီးသားပါ။ ကိုယ့္ေပါင္ကိုယ္ လွန္ေထာင္း ေျပာရတာ”လို႔ ရန္ပိုင္စိုးက ေျပာပါတယ္။

ကိုယ္တိုင္ေမြးထားတဲ့ သားသမီးမ်ားကအစ ဖခင္ျဖစ္သူ ဘာသီခ်င္းေတြ ဆိုေနမွန္း မသိတဲ့အထိ အေျခအေနမ်ိဳးျဖစ္ရတာ ဝမ္းနည္းစရာေကာင္းတယ္လို႔ ဆိုပါတယ္။ “က်ေနာ့္အိမ္က က်ေနာ့္ သားသမီးေတြကအစ အေဖႀကီးက ဘာသီခ်င္းေတြဆိုမွန္း မသိဘူး ဆိုတဲ့အေျခအေနမ်ိဳး ဝမ္းနည္းစရာသိပ္ေကာင္းတယ္” လို႔ ရန္ပိုင္စိုးက ေျပာပါတယ္။

ျမန္မာသံစဥ္ သီခ်င္းဆိုၿပိဳင္ပြဲမ်ား လုပ္ေပးမွသာ ယခင္ကဆိုခဲ့တဲ့ အဆိုေတာ္ႀကီးမ်ားရဲ႕ သီခ်င္းကို သိရွိၾကမွာျဖစ္ၿပီး ကိုယ္တိုင္လည္း မလုပ္ျဖစ္ေသးတဲ့ အေျခအေနျဖစ္ေနတယ္လို႔ သိရပါတယ္။ “ျမန္မာအသံကို ေျပာတယ္ဆိုတာ တျခားအသံေတြက တိုက္တြန္းဖို႔ မလိုေအာင္ကို ေအာင္ျမင္ျဖစ္ထြန္းေနတယ္။ လုပ္လိုက္တာနဲ႔ လႈပ္သြားတယ္။ တကယ့္ကိုအားလုံးက စိတ္ဝင္စားၾကတယ္။ က်ေနာ္တို႔ျမန္မာသံက ျမန္မာျပည္မွာ ေနၿပီးေတာ့ အေတာ္နည္းတယ္။ ဒီၿပိဳင္ပြဲေတြလုပ္မွ ေနာက္ကေလးေတြက ဒီသီခ်င္းေတြပါလား၊ ငါတို႔ဆိုမွ အဆိုေတာ္ျဖစ္မွာပါလား ဒီလို စိတ္ဝင္စားမႈက အခုအခ်ိန္မွာ မလုပ္ျဖစ္ၾကေတာ့တာ ကိုယ္လည္း မလုပ္ႏိုင္ဘူး” လို႔ ရန္ပိုင္စိုးက ေျပာပါတယ္။

ဆက္လက္ၿပီး “ဂီတပညာရွင္ႀကီးေတြပဲ ေျပာရဲတယ္။ သူတို႔ကအခ်ိန္မေ႐ြး ဒီတာဝန္ေပးလုပ္မွာ။ ေနာက္ကေလးေတြ မ်ိဳးဆက္သစ္ေတြ ေပၚေပါက္လာရင္ သူတို႔ေသတဲ့အထိ လုပ္ေပးခ်င္တဲ့သူေတြႀကီးပဲ။ လုပ္ႏိုင္တဲ့ အာဏာေငြေၾကး ပူးေပါင္းႏိုင္တဲ့ ပုဂၢိဳလ္ရွိမွလည္းျဖစ္မွာ။ ဘယ္သူ႔ေျပာရမွန္းလည္းမသိဘူး။ အမ်ားႀကီး ေမွ်ာ္လင့္မိတယ္။ အားကိုးမိတယ္”လို႔ ရန္ပိုင္စိုးက ေျပာပါတယ္။

ျမန္မာ့ဂီတေနရာကို မေပ်ာက္ပ်က္ေစရန္အတြက္ အသက္ဆက္ေပးမယ့္ ကယ္တင္ရွင္မ်ား လိုအပ္ၿပီး ျမန္မာအသံကို ဆက္လက္ သီဆိုေပးၾကရန္ တိုက္တြန္းခဲ့ပါတယ္။ “လူငယ္ေတြ ျမန္မာ့ဂီတေနရာႀကီးကို ဆက္လက္ၿပီးေတာ့ အသက္ရွင္ႏိုင္ေရး အတြက္ အသက္ဆက္မယ့္ ကယ္တင္ရွင္ေတြ အမ်ားႀကီး လိုပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ သားအ႐ြယ္၊ သမီးအ႐ြယ္ ေျမးအ႐ြယ္၊ ျမစ္အ႐ြယ္ေတြကို ျမန္မာသံကို ဆက္လက္ၿပီးဆိုေပးၾကပါဦးလို႔ တိုက္တြန္းခ်င္ပါတယ္” လို႔ ရန္ပိုင္စိုးက ေျပာပါတယ္။ ေတးသံရွင္ ရန္ပိုင္စိုးကေတာ့ ျမန္မာ့အသံမွ ျပဳလုပ္တဲ့ “ဆိုၾကမယ္ ေပ်ာ္ၾကမယ္” သီခ်င္းဆိုၿပိဳင္မွာ အစီအစဥ္ တင္ဆက္သူအျဖစ္ ၁၈ ႏွစ္တာ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Unicode

ဝါရင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်ကြီး ဦးရန်ပိုင်စိုး ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။ အနုပညာရှင်ကြီး ရန်ပိုင်စိုးရဲ့ မြန်မာသံစဉ် ပေါ်ထားရှိတဲ့ ရည်မှန်းချက်တခုကို ပြန်လည် ဖော် ပြလိုက်ပါတယ်- ဂီတသံစဉ် အမျိုးအစားများစွာရှိတဲ့ထဲကမှ မြန်မာသံစဉ်ဂီတဟာ လူငယ်များကြား တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လုဖြစ်နေတဲ့အပေါ်မှာ တေးသံရှင် ရန်ပိုင်စိုးက အခုလိုပဲ ပြောပါတယ်။

“စိတ်မကောင်းဘူးဗျာ။ ကျနော်တို့ရှေ့က ဆရာတွေရဲ့ အသံတွေကြားပြီး ကျနော်တို့က ကြားဆရာအနေနဲ့ တောကနေ ရူးသွပ်ပြီး ရန်ကုန်တက်လာတာ။ မြန်မာသံပဲလေ။ နားယဉ်တာရော၊ ကျနော်တို့ ဆိုနိုင်တာရောက မြန်မာသံပဲ။ ခေတ်ပေါ် တေးဂီတတွေက ပေါ်ပေါ်လာတယ်။ ဒါကတော့ ခေတ်အဆက်ဆက်မှာ ရှိတယ်။ ဒါပေမဲ့လည်း အခုခေတ်ကျမှ လှိုင်းတံပိုးက မြင့်ပြီး ကျနော်တို့က တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်။ ဒါကတော့ အများသိပြီးသားပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်း ပြောရတာ”လို့ ရန်ပိုင်စိုးက ပြောပါတယ်။

ကိုယ်တိုင်မွေးထားတဲ့ သားသမီးများကအစ ဖခင်ဖြစ်သူ ဘာသီချင်းတွေ ဆိုနေမှန်း မသိတဲ့အထိ အခြေအနေမျိုးဖြစ်ရတာ ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။ “ကျနော့်အိမ်က ကျနော့် သားသမီးတွေကအစ အဖေကြီးက ဘာသီချင်းတွေဆိုမှန်း မသိဘူး ဆိုတဲ့အခြေအနေမျိုး ဝမ်းနည်းစရာသိပ်ကောင်းတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။

မြန်မာသံစဉ် သီချင်းဆိုပြိုင်ပွဲများ လုပ်ပေးမှသာ ယခင်ကဆိုခဲ့တဲ့ အဆိုတော်ကြီးများရဲ့ သီချင်းကို သိရှိကြမှာဖြစ်ပြီး ကိုယ်တိုင်လည်း မလုပ်ဖြစ်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ “မြန်မာအသံကို ပြောတယ်ဆိုတာ တခြားအသံတွေက တိုက်တွန်းဖို့ မလိုအောင်ကို အောင်မြင်ဖြစ်ထွန်းနေတယ်။ လုပ်လိုက်တာနဲ့ လှုပ်သွားတယ်။ တကယ့်ကိုအားလုံးက စိတ်ဝင်စားကြတယ်။ ကျနော်တို့မြန်မာသံက မြန်မာပြည်မှာ နေပြီးတော့ အတော်နည်းတယ်။ ဒီပြိုင်ပွဲတွေလုပ်မှ နောက်ကလေးတွေက ဒီသီချင်းတွေပါလား၊ ငါတို့ဆိုမှ အဆိုတော်ဖြစ်မှာပါလား ဒီလို စိတ်ဝင်စားမှုက အခုအချိန်မှာ မလုပ်ဖြစ်ကြတော့တာ ကိုယ်လည်း မလုပ်နိုင်ဘူး” လို့ ရန်ပိုင်စိုးက ပြောပါတယ်။

ဆက်လက်ပြီး “ဂီတပညာရှင်ကြီးတွေပဲ ပြောရဲတယ်။ သူတို့ကအချိန်မရွေး ဒီတာဝန်ပေးလုပ်မှာ။ နောက်ကလေးတွေ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရင် သူတို့သေတဲ့အထိ လုပ်ပေးချင်တဲ့သူတွေကြီးပဲ။ လုပ်နိုင်တဲ့ အာဏာငွေကြေး ပူးပေါင်းနိုင်တဲ့ ပုဂ္ဂိုလ်ရှိမှလည်းဖြစ်မှာ။ ဘယ်သူ့ပြောရမှန်းလည်းမသိဘူး။ အများကြီး မျှော်လင့်မိတယ်။ အားကိုးမိတယ်”လို့ ရန်ပိုင်စိုးက ပြောပါတယ်။

မြန်မာ့ဂီတနေရာကို မပျောက်ပျက်စေရန်အတွက် အသက်ဆက်ပေးမယ့် ကယ်တင်ရှင်များ လိုအပ်ပြီး မြန်မာအသံကို ဆက်လက် သီဆိုပေးကြရန် တိုက်တွန်းခဲ့ပါတယ်။ “လူငယ်တွေ မြန်မာ့ဂီတနေရာကြီးကို ဆက်လက်ပြီးတော့ အသက်ရှင်နိုင်ရေး အတွက် အသက်ဆက်မယ့် ကယ်တင်ရှင်တွေ အများကြီး လိုပါတယ်။ ဒါကြောင့် ကျနော်တို့ သားအရွယ်၊ သမီးအရွယ် မြေးအရွယ်၊ မြစ်အရွယ်တွေကို မြန်မာသံကို ဆက်လက်ပြီးဆိုပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။ တေးသံရှင် ရန်ပိုင်စိုးကတော့ မြန်မာ့အသံမှ ပြုလုပ်တဲ့ “ဆိုကြမယ် ပျော်ကြမယ်” သီချင်းဆိုပြိုင်မှာ အစီအစဉ် တင်ဆက်သူအဖြစ် ၁၈ နှစ်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Credit

About the author

Aung Lay

Leave a Comment