ၾကားသိရသမ်ွ

လူကြီးသူမတွေရဲ့အလစ်မှာ ကလေးကို မကောင်းကြံပြီး ပိုက်ဆံခိုးတဲ့ အိမ်ဖော် ကလေးလေးသာ တခုခုဖြစ်သွားခဲ့ရင်ဗျာ

Written by Aung Lay











Ÿâmíñ Thü

Unicode

လူကြီးသူမတွေရဲ့အလစ်မှာ ကလေးကို မကောင်းကြံပြီး ပိုက်ဆံခိုးတဲ့ အိမ်ဖော် ကလေးလေးသာ တခုခုဖြစ်သွားခဲ့ရင်ဗျာ

၁၆-၁၀-၂၀၁၆ သောကြာနေ့ နေ့လယ် ၁ နာရီခွဲမှာ ကျွန်မ ဆေးထွက်ဝယ်နေပါတယ် အိမ်မှာ ကျွန်မ ကလေး ၂ ယောက် ရယ် ကျွန်မ အဖေ နဲ့ အကို ရယ် မချိုစန်း(ယုတ်မာတဲ့သူခိုးမ)ကျန်နေခဲ့ပါတယ်

ကျွန်မ အ ကို လည်းမကြာဘူး အပြင်ခဏထွက်သွားပါတယ် အဲ့အချိန်မှာ ကျွန်မအဖေက ခြံထဲမှာ ဆံပင်ညှပ်နေပါတယ် အိမ်ရှေ့တံခါးပိတ်ပြီး အိမ်ထဲမှာ ကလေး ၂ ယောက်နဲ့ သူက မီးပူတိုက်နေပါတယ်

ပထမတစ်ခေါက် သူတစ်ယောက်တည်း အခန်းထဲကို ဝင်ရှာပါတယ် နောက်တစ်ခေါက်ကျတော့ ကျွန်မ သားလေးကိုခေါ်သွားပြီး ပိုက်ဆံခိုးပါတယ် အဝင်အထွက် ကို ကျွန်မအဖေထားခဲ့တဲ့အတိုင်း မီးအဖွင့်အပိတ်လုပ်သွားပါတယ် (CCTV မှာပေါ်မှာကြောက်လို့လည်းဖြစ်နိုင်ပါတယ်)

အဲ့ဒါကို ကျွန်မတို့ခွင့်လွှတ်ပါတယ် နောက်ပိုင်းအရှေ့မှာ CCTV ကို ဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားပါတယ် TV က ကျင်တဲ့အတွက် သူ့လက်တွန့်သွားတာကိုလည်း မြင်ရမှာပါ ဒါကို သူလုပ်တာမအောင်မြင်လို့ ၁နှစ်ခွဲ ကလေးကို ဓာတ်လိုက်ရင်လိုက်ပါစေဆိုပြီး သူကိုယ်တိုင် ခံထားတဲ့ ခုံကိုဖယ်ပြီး လုပ်ခိုင်းပြီး ထိုင်ကြည့်နေပါတယ်

ပိုက်ဆံအစီးကို ထဘီခြားထဲထည့်ပြီး CCTV မှာပေါ်မှာဆိုးလို့ လုံးဝမထုတ်ဘဲ လက်တစ်ဖက် နဲ့ သမီးဆည်းလည်းလေးကိုဆွဲချပါတယ် ကလေးက လက်တစ်ဖက် ဆွဲရက်တန်းလန်းကြီးနဲ့ အောက်ကိုကျလာတာပါ။

ဒါကို ကျွန်မတို့မိသားစု က ရောဂါတွေကြောင့် အမကိုအလုပ်နားလိုက်ပြီးနော် လို့ သူ့အရှက်ကွဲမှာကြောင့်ရယ် အေးဆေးပြီးသွားချင်တာကြောင့်ရယ် ပြောပြီးအလုပ်နားလိုက်တာကိုး သူ့အမှားသူသိရင် အေးဆေးမနေဘဲ တမျိုးပြီးတမျိုး စော်ကားတယ် အဲ့ကတည်းက ဒါတွေတင်မဲ့လုပ်တာ အကုန်လုံးဝိုင်းတားလို့ သူ့ယောက်ျားကိုခေါ်ပြီး သတိပေးတယ် (သူ့မျက်နှာကိုမမြင်ချင်တော့လို့)

သူ့ယောက်ျားကို ခေါ်ပြီး CCTV အစအဆုံး ပြတယ် လတဝက်အလုပ်ဆင်းခဲ့လို့ လစာတဝက်ထုတ်ပေးတယ် ယူသွားတဲ့ပိုက်ဆံကိုမနှမြောဘူး ကလေးကိုကွယ်ရာမှာ အခုလိုမျိုးတွေယုတ်မာလို့ စိတ်အရမ်းဆိုးတယ်ဆိုတဲ့အကြောင်း ပြောပြတယ် အရှက်မကွဲချင်ရင် အေးဆေးနေ ထပ်မစော်ကားနဲ့ ဖုန်းထပ်မဆက်နဲ့ပြောထားတယ် ဒါကို ဒီမနက်ကြားလိုက်ရတဲ့ သတင်းကြောင့် အခုလိုတင်လာဖို့ဖြစ်လာတာတော့ သူတို့အတွက်စိတ်မကောင်းဘူး။

ဒါကို သူ့ယောက်ျားက ပြောသွားသေးတယ် TV က ကျင်တယ် ဓာတ်လိုက်တတ်တယ်ဆိုတာ အက်ဝင်နေလို့နေမှာတဲ့ အံ့ဩစရာကောင်းလိုက်တာနော် တောင်းပန်ရမဲ့အစား သူ့မိန်းမဘက်ကနေ ကာကွယ်သွားသေးတယ်။ သူ့ယောက်ျားက ကျိုက်အင်းရွာထိပ်မှာ ကယ်ရီသမား ကိုဖိုးကျော်လေးပါတဲ့

ကဲ အခုသတိထပ်ပေးပြီးနော် ရပ်ကွက်လူကြီးတွေကို သက်သေတွေ အကုန်ပြပြီ းအကုန်ပြောဆိုပြီးပါပြီ။ ကလေးကို အသက်အန္တရာယ်ဖြစ်စေမှု_ခိုးမှုနဲ့ ရဲစခန်းမရောက်ချင်ရင် လင်ရောမယားရော ကျွန်မတို့ကိုတောင်းပန်ပါ။ မဟုတ်ရင် ယောက်ျားကိုပါကျန်ရာပါမှုနဲ့ မိန်းမပါ ထောင်ထဲထည့်ပစ်မှာပါ။ အဲ့တော့ ကျိုက်အင်းရွာမှာ နေတဲ့သူများ သူတို့သိအောင်ပြောပေးကြပါ။

Ÿâmíñ Thü

About the author

Aung Lay

Leave a Comment