ၾကားသိရသမ်ွ
မြန်မာပြည်က မရှိမဖြစ်လိုအပ်နေပြီဆိုရင် ကျန်းမာရေးကိစ္စတောင် ဂျင်းထည့်ကြတဲ့ သာကောတို့
Written by Aung Lay
Htet Phyo Aung
Unicode
မြန်မာပြည်က မရှိမဖြစ်လိုအပ်နေပြီဆိုရင် ကျန်းမာရေးကိစ္စတောင် ဂျင်းထည့်ကြတဲ့ သာကောတို့
အခု ကျန်းမာရေးပစ္စည်းတွေ အဝယ် လိုက်လာတော့ အရောင်းအဝယ် နည်းနည်းပါးပါးတတ်တဲ့သူတွေ ကျန်းမာရေးပစ္စည်းတွေ ရောင်းလာကြတယ်။ အခြားပစ္စည်းတွေ အရည်အသွေး မမှီတာ ပြသနာမရှိပေမယ့်. ကျန်းမာရေး ပစ္စည်း အရည်အသွေး မမှီတာတွေ ရောင်းမိရင် အဲ့ပစ္စည်းက လူတွေရဲ့ အသက်တွေကို စတေးသွားခဲ့ရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲဗျာ
ရန်ကုန်က လက်ကား ဒိုင်ကြီး အချို့ ကိုယ်တိုင် ပတ်ဝန်းကျင် တိုင်းပြည်က agent တွေ… ထည့်သမျှ ဂျင်း အဟုတ်ထင်ပြီး ရောင်းမှား ဝယ်မှားတာတွေ ရှိနေတ် (အချို့က မသိလို့ မှားတယ် အချို့က အမှားမှန်း သိသိကြီးနဲ့ လုပ်တယ်)
သူတို့စကား ယုံပြီး လက်ဝေခံ ရောင်းတဲ့ သူတွေ ကလည်း အဲ့စကားအတိုင်း တစ်သွေ မတိမ်း ထွက်တယ် ပစ္စည်း တွေက ရှေ့တန်းက ဆေးရုံဆေးခန်းတွေရောက် လူတွေ ဒုက္ခ ရောက်ကြရတယ် ဟိုဘက်က agent တွေ ဘယ်လို လိမ်လဲ ဆိုတာ ကျနော် အချက်အလက်တွေနဲ့ အားတဲ့အခါ ရေးပေးပါ့မယ်
လောလောဆယ် ပြောချင်တာက အွန်လိုင်းရှော့ပင်း လုပ်နေတဲ့ ပေ့တွေ ရောင်းသူတွေ အလွယ်တကူ ကျန်းမာရေး ပစ္စည်းတွေ ယူမရောင်းကြပါနဲ့ အခြား ပစ္စည်းတွေ ရောင်းကြပါ။ မသိနားမလည် တဲ့ပစ္စည်းတွေကို ယူမရောင်းကြပါနဲ့ ပစ္စည်း တွေ အများကြီး ယူရောင်းတဲ့ သူတွေကို တစ်ဖက်တိုင်းပြည်က အေးဂျင့် တွေ ဘယ်လို လိမ်လဲ ဆိုတာ ကျနော် တစ်ချိန်မှာရေးပြပါ့မယ်
လက်ကြီး သမားတွေ လည်း ကိုယ်ဝယ်တဲ့ အေးဂျင့် တွေကို အများကြီး စွတ် မယူံ ကြပါနဲ့ ပစ္စည်း Quality ကောင်းတာကို တတ်နိုင်သမျှ ရှာဖွေပြီး ရောင်းချပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ် ဘာမှ နားမလည် တဲ့ သူတွေ ကတော့ ဘာကျန်းမာရေးပစ္စည်းမှ ယူမရောင်းကြပါနဲ့ တောင်းပန်ပါတယ် ခမျာ အောက် မှာ pulse oximeter အချို့ကို ပြထားပေးပါတယ်
မှတ်ချက် ကျနော် ကျန်းမာရေးပစ္စည်း ရောင်းသူ မဟုတ်ပါ ကျနော့်ရေးသားချက်ကြောင့် လူအချို့ စီးပွားရေးအရ ထိခိုက်တယ်ဆိူရင် ကြိုတောင်းပန် ထားပါရစေ ကျနော် မရည်ရွယ်ပါ။ မြန်မာပြည်က လူနာတွေ အန္တရာယ်ကင်းစေချင်သော ဆန္ဒ သာကျနော့်မှာ ရှိပါတယ် ခမျာ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
Htet Phyo Aung
About the author
Aung Lay
Leave a Comment