မိုးလေဝသ

၄၈နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းဖြစ်လာမယ့် ဘင်္ဂလားပင်လယ်‌အော်ထဲက လေဖိအားနည်းရပ်ဝန်း

Written by Aung Lay

ေလဖိအား နည္းရပ္ဝန္းအေျခအေန (၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္) (ျမန္မာစံေတာ္ခ်ိန္(၁၄:၀၀)နာရီ အခ်ိန္ထုတ္ျပန္ခ်က္)

ယေန႔ျမန္မာစံေတာ္ ခ်ိန္(၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း တို႔တြင္ ျဖစ္ေပၚေနေသာေလဖိအားနည္းရပ္ဝန္းသည္ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ ပိုင္းတြင္ ဆက္လက္တည္ရွိေနပါသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ေနာက္(၂၄)နာရီ အတြင္း အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားကာ၊ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ အား ေကာင္းလာၿပီး၊ ေနာက္(၄၈)နာရီအတြင္း ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ျပန္ေကြ႕၍ အိႏၵိယ နိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံကမ္းရိုးတန္းအနီးတို႔တြင္ အားေကာင္း ေသာမုန္တိုင္းငယ္ (Deep Depression) အျဖစ္သို႔ ေရာက္ရွိနိုင္သည္ဟု ခန႔္မွန္းရပါသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ (၂၂.၁၀.၂၀၂၀)ရက္ေန႔မွ (၂၄.၁၀.၂၀၂၀)ရက္ေန႔ အတြင္း စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီး တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ကာ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး၊ လွိုင္းအသင့္အတင့္မွ လွိုင္းႀကီးနိုင္ပါသည္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။ လွိုင္းအျမင့္မွာ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၁၀)ေပ ခန႔္ရွိနိုင္ပါသည္။

သို႔ျဖစ္ပါ၍ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ မိုးသည္းထန္စြာ ထစ္ခ်ဳန္းရြာသြန္းျခင္းႏွင့္ အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လၽွပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚနိုင္ပါသျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမွုအႏၲရာယ္ကိုလည္းေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ လၽွပ္တစ္ျပက္ေရႀကီး၊ ေရလၽွံမွုမ်ားျဖစ္ေပၚ နိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ အႀကံျပဳအပ္ပါသည္

Unicode

လေဖိအား နည်းရပ်ဝန်းအခြေအနေ (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော် ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီ အတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အား ကောင်းလာပြီး၊ နောက်(၄၈)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့၍ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအနီးတို့တွင် အားကောင်း သောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် (၂၂.၁၀.၂၀၂၀)ရက်နေ့မှ (၂၄.၁၀.၂၀၂၀)ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေ ခန့်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်

Credit

About the author

Aung Lay

Leave a Comment