Cele News

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိ

Written by Aung Lay

နာေရးကူညီမႈအသင္းဥကၠဌ ဦးေက်ာ္သူမွာ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိ

နာေရးကူညီမႈအသင္းရဲ႕ ျပန္ၾကားေရး ႐ုံးအဖြဲ႕က ဝန္ထမ္းတစ္ဦးမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့တာေၾကာင့္ ထိုဝန္ထမ္းနဲ႔ ထိေတြ႕ခဲ့သူ ဦးေက်ာ္သူကိုလည္း ေရာဂါပိုးရွိမရွိ ဒီေန႔မွာ စစ္ေဆးခဲ့ရာ ကိုဗစ္ – ၁၉ ေရာဂါပိုး ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

” ေတြ႕ၿပီ P တဲ့။အမ်ားအတြက္ မ်ိဳးဆက္သစ္ေတြကို ဦးေဆာင္ ေပးဆပ္ရင္းျဖင့္ က်ဆုံးခဲ့ရမႈကို ေက်နပ္ ပီတိျဖစ္စြာ လက္ခံလိုက္မိပါသည္။ “ငါမရွိရင္ ငါ့ထက္ ရဲရဲႀကီး ေပးဆပ္ရဲသူ ေရာက္လာလိမ့္မယ္” “ငါမရွိရင္ ငါ့ထက္သီလလုံၿခဳံ သစၥာဆိုရဲသူ ေရာက္လာလိမ့္မယ္” ” ငါမရွိရင္ ငါတို႔ခ်မွတ္ခဲ့တဲ့ပရဟိတအုတ္ျမစ္ အေဆာက္အဦးက ဒီထက္ပိုၿပီး ခိုင္မာ၊ျမင့္မား၊တိုးတက္ လာလိမ့္ မယ္” အားလုံးကို ႀကိဳတင္ျပင္ဆင္ ထားမႈက ေခါင္းေဆာင္ေတြ ရဲ႕ အလုပ္။ေအး မင္းတို႔ဖက္က ညီၫြတ္ၾက ဖို႔ပဲလိုတယ္။ ဒါပဲ ေက်ာ္သူ” ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၁ ရက္ေန႔ ေန႔လယ္ (၁၁ ) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

အြန္လိုင္းစာမ်က္ႏွာေတြေပၚမွာေတာ့ နာေရးကူညီမႈ အသင္းသားတစ္ေယာက္မွာ ကိုဗစ္ပိုး ေတြ႕တယ္ဆိုတဲ့ သတင္းေတြ ျပန႔္ေန႔ခဲ့တာ ျဖစ္ၿပီး တကယ္တမ္းမွာေတာ့ ေျမျပင္မွာ သြားေနတဲ့ အသင္းသားေတြမွာ ကိုဗစ္ေတြ႕တာမဟုတ္ဘဲ ႐ုံးပိုင္း တာဝန္ယူထားတဲ့ ဝန္ထမ္းမွာကိုဗစ္ေတြ႕ခဲ့တာ ျဖစ္တယ္လို႔ နာေရးကူညီမႈအသင္းရန္ကုန္ရဲ႕ တာဝန္ရွိသူက ေျပာျပခဲ့ပါတယ္။

ဦးေက်ာ္သူ အေနနဲ႔ ႏွလုံး ခြဲစိတ္ထားသူျဖစ္ၿပီး ဆီးခ်ိဳေရာဂါ ရွိတဲ့အတြက္ သူ႔ကို ခ်စ္တဲ့ နာေရးကူညီမႈ အသင္းသားေတြ၊ ပရိသတ္ေတြကလည္း စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ ဦးေက်ာ္သူပါဝင္တဲ့ နာေရးကူညီမႈအသင္းဟာ COVID-19 ကာလမွာ ဈာပနပို႔ေဆာင္ျခင္း၊ ေရာဂါပိုးကာကြယ္ေရးအတြက္ ေဆးျဖန္းျခင္း၊ မီးေဘးအႏၲရာယ္ တားဆီးေရး အတြက္ ေရသယ္ကားမ်ားနဲ႔ ကူညီေပးျခင္း၊ ေရရွားပါးတဲ့ ေက်း႐ြာေတြမွာ ေရအလႉျပဳျခင္း စတဲ့ ကုသိုလ္ေရးေတြ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ ဦးေက်ာ္သူ အေနနဲ႔ နာေရးကူညီမႈအသင္း(ရန္ကုန္) ကို ၂၀၀၀ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီအသင္းႀကီးဟာ ႏွစ္ေပါင္း(၂၀) ေက်ာ္လာခဲ့ပါၿပီ။ ဦးေက်ာ္သူဟာ တစ္ခ်ိန္က အကယ္ဒမီဆုေတြ ရရွိခဲ့ဖူးတဲ့ ႏိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။

Unicode

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိ

နာရေးကူညီမှုအသင်းရဲ့ ပြန်ကြားရေး ရုံးအဖွဲ့က ဝန်ထမ်းတစ်ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် ထိုဝန်ထမ်းနဲ့ ထိတွေ့ခဲ့သူ ဦးကျော်သူကိုလည်း ရောဂါပိုးရှိမရှိ ဒီနေ့မှာ စစ်ဆေးခဲ့ရာ ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

” တွေ့ပြီ P တဲ့။အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။ “ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့်မယ်” “ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်” ” ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ပရဟိတအုတ်မြစ် အဆောက်အဦးက ဒီထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်” အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။အေး မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်။ ဒါပဲ ကျော်သူ” ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် (၁၁ ) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ နာရေးကူညီမှု အသင်းသားတစ်ယောက်မှာ ကိုဗစ်ပိုး တွေ့တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ့ခဲ့တာ ဖြစ်ပြီး တကယ်တမ်းမှာတော့ မြေပြင်မှာ သွားနေတဲ့ အသင်းသားတွေမှာ ကိုဗစ်တွေ့တာမဟုတ်ဘဲ ရုံးပိုင်း တာဝန်ယူထားတဲ့ ဝန်ထမ်းမှာကိုဗစ်တွေ့ခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။

ဦးကျော်သူ အနေနဲ့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ ရှိတဲ့အတွက် သူ့ကို ချစ်တဲ့ နာရေးကူညီမှု အသင်းသားတွေ၊ ပရိသတ်တွေကလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment