ၾကားသိရသမ်ွ

နိုင်ငံတော်က ကိုဗစ်ကာလထောက်ပံ့ငွေများပေးလို့မကုန်သေးပါဘူး၊ ခုတခါလည်းလာပြန်ပါပြီ

Written by Aung Lay

ကိုဗစ္ကာလ ေထာက္ပံ့ေငြမ်ား ေပးလို႔မ ကုန္ေသးပါဘူး၊ ခုတခါလည္း လာျပန္ပါၿပီ… ကိုဗစ္ ေရာဂါကာလ ျပန္လည္ထူေထာင္ေရးအတြက္ မေကြးတိုင္း အတြင္းက ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈ အဆင့္(၂) ရွိသည့္ အနာႀကီးေရာဂါသည္ (၃၅၀၀)ေက်ာ္ကို အစိုးရက ေထာက္ပံ့ေငြေပးအပ္ခဲ့ေၾကာင္း မေကြးတိုင္းအနာႀကီးေရာဂါတိုက္ဖ်က္ေရးဌာနထံမွ သိရသည္။

အနာႀကီးေရာဂါသည္မ်ား၌ အဆင့္ (၃) ဆင့္ျဖင့္ခြဲျခားထားၿပီး ပထမအဆင့္(ဝ)မွာ ပကတိအတိုင္းရွိေနသည့္ ကိုယ္အဂၤါမခ်ိဳ႕ယြင္း သည့္ အနာႀကီး ေရာဂါသည္၊ ဒုတိယအဆင့္ (၁)မွာ ကိုယ္အဂၤါခ်ိဳ႕ယြင္းစ အနာႀကီးေရာဂါသည္ ႏွင့္ တတိယအဆင့္(၂)မွာ ကိုယ္အဂၤါခ်ိဳ႕ယြင္းသည့္ အနာႀကီးေရာဂါသည္ျဖစ္ေၾကာင္း သိရသည္။ “ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈ တတိယအဆင့္ (၂) ရွိတဲ့ အနာႀကီး ေရာဂါသည္မ်ားကို အစိုးရက တစ္ဦးလွ်င္ က်ပ္ ၅ေသာင္းႏႈန္းနဲ႔ေထာက္ပံ့တာျဖစ္ပါတယ္။ ေထာက္ပံ့မႈကို စက္တင္ဘာလက တိုင္းအေျခခံက်န္းမာ ေရးဝန္ထမ္းေတြကေန အိမ္အေရာက္ ေထာက္ပံ့ေပးခဲ့တာျဖစ္ၿပီး အားလုံးနီးပါးကိုေထာက္ပံ့ေပးၿပီး ျဖစ္ပါတယ္”လို႔ မေကြးတိုင္းျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ အနာႀကီးေရာဂါ တိုက္ဖ်က္ေရးဌာနစိတ္ တာဝန္ခံဦးညီညီလြင္ က ေျပာသည္။

မေကြးတိုင္း၌ အနာႀကီးေရာဂါသည္ လူနာမ်ားမွာ ဝန္ထုပ္ဝန္ပိုးျဖစ္ရေလာက္သည္ အထိအေျခအေန မရွိေသာ္လည္း ရွိေနသည့္ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈ အဆင့္(၂) ရွိသူအနာႀကီးေရာဂါသည္မ်ားကို အခါအားေလွ်ာ္စြာေထာက္ပံ့ေပးေစခ်င္ေၾကာင္း တာဝန္ခံဦးညီညီလြင္က ဆိုသည္။ မေကြးတိုင္းအတြင္းရွိ အနာႀကီးေရာဂါသည္ (၀)အဆင့္ (၁)အဆင့္ (၂)အဆင့္ ရွိသူ စုစုေပါင္း (၁)ေသာင္းခန္႔ရွိၿပီး လက္ရွိတြင္ မေကြးတိုင္းအနာႀကီးေရာဂါ ျဖစ္ပြားမႈအဆင့္ (ဝ.၅၄) အဆင့္ရွိေၾကာင္း သိရသည္။

Unicode

ကိုဗစ်ကာလ ထောက်ပံ့ငွေများ ပေးလို့မ ကုန်သေးပါဘူး၊ ခုတခါလည်း လာပြန်ပါပြီ… ကိုဗစ် ရောဂါကာလ ပြန်လည်ထူထောင်ရေးအတွက် မကွေးတိုင်း အတွင်းက ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသည့် အနာကြီးရောဂါသည် (၃၅၀၀)ကျော်ကို အစိုးရက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မကွေးတိုင်းအနာကြီးရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။

အနာကြီးရောဂါသည်များ၌ အဆင့် (၃) ဆင့်ဖြင့်ခွဲခြားထားပြီး ပထမအဆင့်(ဝ)မှာ ပကတိအတိုင်းရှိနေသည့် ကိုယ်အင်္ဂါမချို့ယွင်း သည့် အနာကြီး ရောဂါသည်၊ ဒုတိယအဆင့် (၁)မှာ ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည် နှင့် တတိယအဆင့်(၂)မှာ ကိုယ်အင်္ဂါချို့ယွင်းသည့် အနာကြီးရောဂါသည်ဖြစ်ကြောင်း သိရသည်။ “ကိုယ်အင်္ဂါချို့ယွင်းမှု တတိယအဆင့် (၂) ရှိတဲ့ အနာကြီး ရောဂါသည်များကို အစိုးရက တစ်ဦးလျှင် ကျပ် ၅သောင်းနှုန်းနဲ့ထောက်ပံ့တာဖြစ်ပါတယ်။ ထောက်ပံ့မှုကို စက်တင်ဘာလက တိုင်းအခြေခံကျန်းမာ ရေးဝန်ထမ်းတွေကနေ အိမ်အရောက် ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အားလုံးနီးပါးကိုထောက်ပံ့ပေးပြီး ဖြစ်ပါတယ်”လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ် တာဝန်ခံဦးညီညီလွင် က ပြောသည်။

မကွေးတိုင်း၌ အနာကြီးရောဂါသည် လူနာများမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ရလောက်သည် အထိအခြေအနေ မရှိသော်လည်း ရှိနေသည့်ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသူအနာကြီးရောဂါသည်များကို အခါအားလျှော်စွာထောက်ပံ့ပေးစေချင်ကြောင်း တာဝန်ခံဦးညီညီလွင်က ဆိုသည်။ မကွေးတိုင်းအတွင်းရှိ အနာကြီးရောဂါသည် (၀)အဆင့် (၁)အဆင့် (၂)အဆင့် ရှိသူ စုစုပေါင်း (၁)သောင်းခန့်ရှိပြီး လက်ရှိတွင် မကွေးတိုင်းအနာကြီးရောဂါ ဖြစ်ပွားမှုအဆင့် (ဝ.၅၄) အဆင့်ရှိကြောင်း သိရသည်။

Credit

About the author

Aung Lay

Leave a Comment