22.10.2020 မွ 28.10.2020 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
#တနဂၤေနြ
ယခုကာလအတြင္း သင္သည္ စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ကိုယ္ပိုင္လုပ္ငန္းမ်ားျဖင့္ အက်ိဳး ေပးမည္။ မိတ္ေကာင္း၊ ေဆြေကာင္း တိုးပြားျခင္းမ်ားရွိမည္။ လုပ္ငန္းႀကီးမ်ား လုပ္ကိုင္ႏိုင္ရန္ အခြင့္အလမ္းေကာင္း မ်ား ေပၚထြက္လာမည္။ အိမ္နီးနားခ်င္းမ်ားႏွင့္ ပတ္သက္၍ စကားမ်ားရျခင္း၊ အမႈအခင္းျဖစ္ရျခင္း၊ စိတ္ညစ္ရျခင္း မ်ားရွိမည္။ အတတ္ႏိုင္ဆုံး မိမိစိတ္ကို ေအးေအးေဆးေဆး ထားပါ။ စိတ္ျမန္မႈ၊ ေဒါသႀကီးမႈမ်ားေၾကာင့္ အမွားမ်ား ႀကဳံေတြ႕ရတတ္ၿပီး က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ပါသည္။ ဝန္ထမ္းမ်ား ျဖစ္ပါက ဌာနအတြင္း အဆင္ေျပမည္။ ဝင္ေငြလည္း အထူးေကာင္းလိမ့္မည္။ထို႔အျပင္ အဂၤါသားသမီး တစ္ဦးဦးထံတြင္ ေငြေၾကးရင္းႏွီးျမႇပ္ႏွံထားျခင္း၊ အပ္ႏွံထားျခင္းမ်ား ရွိပါကလည္း ဆုံးရႈံးတတ္သည္ကို အထူးသတိျပဳရသင့္ပါသည္။ မိမိအတြက္ အေရးႀကီးကိစၥ မ်ားရွိပါက တနဂၤေႏြသား မိဘ၊ အႀကီးအကဲ၊ ဆရာသမား၊ ပုဂၢိဳလ္မ်ားႏွင့္ တိုင္ပင္ျခင္း၊ ၎တို႔ထံမွ အႀကံဉာဏ္၊ အကူအညီ ေတာင္ခံျခင္းမ်ား ျပဳလုပ္သင့္ပါသည္။ အိမ္ေထာင္ရွင္ျဖစ္ပါက သားသမီးမ်ားအတြက္ေၾကာင့္ မိမိ အိမ္ေထာင္ဖက္ ႏွင့္ မၾကာခဏ စကားမ်ား ရန္ျဖစ္ေနရလိမ့္မည္။ ပညာေရးလိုက္စားသူျဖစ္ပါက ပညာေရးတြင္ အခ်စ္ေရးကိစၥမ်ား ဝင္ေရာက္ေႏွာက္ယွက္မႈမ်ား ႀကဳံေတြ႕ရတတ္သည္ကို အထူးသတိျပဳသင့္ ပါသည္။အခ်စ္ေရး သီးသန႔္ကေတာ့ စန္းပြင့္ေနမည္။ ခ်စ္သူခင္သူမ်ားလာမည္။
အက်ိဳးေပးဂဏန္း ၂/၄/၈
အထူးေဟာ စုတ္၊လာဘ္ဝင္မည္။
ယၾတာ ေကာ္ရည္ေခါက္ဆြဲဘုရားကပ္လႉပါ။
#တနလၤာ
ဒီတစ္ပတ္အတြင္း စီးပြားေရးတြင္ ျပည္ပႏွင့္ ဆက္သြယ္လုပ္ကိုင္ရေသာ လုပ္ငန္းမ်ား ေႏွာင့္ေႏွး ၾကန႔္ၾကာ မႈရွိၿပီး အဆင္ေျပမႈ နည္းပါးေနတတ္သည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ လူမ်ိဳးကြဲမ်ားႏွင့္ စပ္တူတြဲဖက္ လုပ္ကိုင္ျခင္း မ်ား အထူးေရွာင္ၾကဥ္သင့္ပါသည္။ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းမ်ားျဖင့္သာ အက်ိဳးေပး ထက္သန္ လိမ့္မည္။ သတိ ထားေစခ်င္တာက အေပ်ာ္အပါးႏွင့္ ေလာင္းကစား ကိစၥမ်ားေၾကာင့္ သင္၏စီးပြားေရးလုပ္ငန္း မ်ားတြင္ ဆိုးက်ိဳးမ်ား အလြန္သက္ေရာက္တတ္သည္ကို အထူးသတိထားပါ။ ဝန္ထမ္းျဖစ္ပါက စကားေျပာဆိုဆက္ဆံရာတြင္ ခ်င့္ခ်ိန္ စဥ္းစား ေျပာဆိုဆက္ဆံသင့္သည္။ မထင္မွတ္ပဲ ေျပာဆို လိုက္ေသာမိမိ စကားတစ္ခြန္းေၾကာင့္ ျပႆနာမ်ား ေျဖ ရွင္းရသည္အထိ ျဖစ္သြားတတ္ပါသည္။ အိမ္ေထာင္ရွင္ မ်ား မိသားစုႏွင့္ အတူတကြ ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ေနထိုင္လိုေသာစိတ္မ်ား ျပင္းျပေနတတ္ပါ သည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ အခ်စ္ႀကီးၿပီး အမ်က္ႀကီး ေသာ သူမ်ိဳးႏွင့္ ေတြ႕ရတတ္ပါသည္။ ပညာေရးႏွင့္ ပတ္သက္၍ ကံအထူးေကာင္းမည္။ ပညာအေမြေပး မည့္သူမ်ား ႏွင့္လည္း ေတြ႕ရတတ္သည္။ က်န္းမာေရးတြင္ အစာအိမ္ႏွင့္ ပတ္သက္ေသာ ေရာဂါေဝဒနာမ်ား ျဖစ္ေပၚ ခံစားရတတ္ သည္။ ပူပူေႏြးေႏြး အစားအစာမ်ားကိုသာ စားသုံးပါ။
အက်ိဳးေပးဂဏန္း ၃/၅/၉
အထူးေဟာ ကံအညံ့ေလးေတြေရာပါေနတတ္ပါတယ္။
ယၾတာ စံပယ္ပန္းေလးမ်ားဘုရားမွာလႉဒါန္းေပးပါ။
#အဂၤါ
ယခုကာလအတြင္း သင္၏စီးပြားေရးလုပ္ငန္းမ်ားတြင္ ပုံမွန္လုပ္ေနေသာ လုပ္ငန္းမ်ား အေျပာင္းအလဲ ျပဳရ ျခင္း၊ လုပ္ငန္းမွ ပုံမွန္ဝင္ေငြမ်ားမွာ အတတ္အက်ျဖစ္ေနျခင္း မ်ားရွိေနမည္။ ေမြးျမဴေရးလုပ္ငန္း၊ ေရထြက္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္း၊သိုေလွာင္ေရာင္းခ်ျခင္းလုပ္ငန္း၊အလွအပႏွင့္ဖက္ရွင္အလုပ္ေတြ လုပ္ကိုင္ေနသူမ်ား ဝင္ေငြ မ်ားစြာရ၍ အက်ိဳးရွိအဆင္ေျပေနမည္။ ဤကာလမ်ားအတြင္း အေရးႀကီးလုပ္ငန္းကိစၥမ်ားအတြက္ စေနသားသမီး၊ အႀကီးအကဲ၊ မိတ္ေဆြ၊ ဆရာသမားမ်ားႏွင့္ တိုင္ပင္ျခင္း၊ ၎တို႔ထံမွ အႀကံဉာဏ္၊ အကူအညီေတာင္းခံျခင္းမ်ား ျပဳလုပ္ေဆာင္႐ြက္သင့္ပါသည္။ ဝန္ထမ္းျဖစ္ပါက လက္ရွိလုပ္ငန္းႏွင့္ အဆင္မေျပဘဲ အခက္အခဲအေႏွာက္အယွက္ မ်ားရွိေနမည္။ မိမိအိမ္ေထာင္ေရးသည္ စီးပြားေရးႏွင့္ တိုက္႐ိုက္ပတ္သက္ေနသျဖင့္ စီးပြားေရးအဆင္ေျပလွ်င္ အိမ္တြင္းေရး ေအးခ်မ္းသာယာမႈရွိမည္။ စီးပြားေရးက်ဆင္းလွ်င္ အိမ္တြင္းေရး အဆင္မေျပမႈမ်ားရွိေနမည္။ ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ မေရရာ၊ မေသခ်ာေသာ အျဖစ္မ်ိဳးႏွင့္ ႀကဳံေတြ႕ရတတ္ျခင္း၊ မိဘေဆြမ်ိဳးသားခ်င္း မ်ားႏွင့္ ေခတၱခြဲခြာ ေနရတတ္ျခင္းမ်ား ရွိမည္။ က်န္းမာေရးႏွင့္ ပတ္သက္၍ အနာမ်ားေပါက္ျခင္း၊ အဖု၊ အက်ိတ္မ်ား ထြက္ျခင္းမ်ား ရွိမည္။ လက္နဲ႔ညႇစ္တာမ်ိဳးေတြမလုပ္ပါနဲ႔။ပိုဆိုးသြားတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၄/၆/၃
အထူးေဟာ ကံအေကာင္းအဆိုးမွ်တဲ့ကာလပါ။
ယၾတာ သမၺဳေဒၶဂါထာကို ေန႔စဥ္ ၃၇ေခါက္႐ြတ္ပြားပူေဇာ္ပါ။
#ဗုဒၶဟူး/ရာဟု
ယခုကာလအတြင္း အၿပိဳင္အဆိုင္၊ အတိုက္အခံႏွင့္ အေႏွာင့္အယွက္မ်ား အလြန္ေပါမ်ားျခင္းႏွင့္ မနာလိုျဖစ္ ေန သူမ်ား အလြန္ေပါမ်ားေနမည္။ မိမိအား ၿပိဳင္ဆိုင္ေနသူ မ်ားသည္ သူ႔အလိုလို ေျပေပ်ာက္သြားမည္ျဖစ္၍ စိုးရိမ္ စရာ ႀကီးႀကီးမားမား မရွိပါ။ ဝန္ထမ္းမ်ား ျဖစ္ပါက ေျပာသင့္သည့္စကားမ်ားကို မေျပာမိျခင္း၊ လုပ္သင့္သည္ အလုပ္ မ်ားကို မလုပ္မိျခင္းတို႔ေၾကာင့္ မိမိတို႔ ရရွိႏိုင္ေသာ အခြင့္အေရးေကာင္းမ်ား လက္လႊတ္ဆုံးရႈံးရတတ္သည္ ကို အထူး သတိျပဳဆင္ျခင္သင့္ပါသည္။ ယခုကာလအတြင္း စီးပြားေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕လုပ္ကိုင္မည္ဆိုပါက အေကာင္ အထည္ေဖၚ၍ အထူးႀကိဳးစားလုပ္ကိုင္သင့္ပါသည္။ ဖက္စပ္လုပ္ငန္းမ်ား ရွယ္ယာလုပ္ငန္းမ်ားျဖင့္လည္း အထူး အက်ိဳးေပး ေအာင္ျမင္မည္။ အခြင့္အလမ္းေကာင္းမ်ားစြာလည္း ရရွိပိုင္ဆိုင္ႏိုင္ပါသည္။ လူအမ်ား၏ ေလး စား ခ်စ္ခင္၊ ယုံၾကည္ခံရျခင္းမ်ား ရွိေနမည္။ ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ မိမိခ်စ္သူအေပၚ စိတ္မခ် ျဖစ္ေနျခင္း၊ သဝန္တိုေနျခင္းမ်ားရွိမည္။ပညာေရး ေလ့လာလိုက္စားသူမ်ား ျဖစ္ပါကပညာေရးတြင္ ႀကိဳးစားသေလာက္အရာ မထင္ ျဖစ္ေနရတတ္သည္။ က်န္းမာေရးတြင္ မ်က္စိႏွင့္ အာ႐ုံေၾကာဆိုင္ရာ ေရာဂါေဝဒနာမ်ား ျဖစ္ေပၚခံစားတတ္ ပါ ၍ အထူးဂ႐ုစိုက္သင့္ပါသည္။ ဤကာလမ်ားအတြင္း မည္သည့္ေရာဂါ ေဝဒနာမ်ား ရသည္ျဖစ္ေစ၊ ေဆးထိုး၊ ေဆးေသာက္ မပ်င္းပါႏွင့္။
အက်ိဳးေပးဂဏန္း ၅/ဝ/၄
အထူးေဟာ လုပ္ငန္းစီးပြားတိုးတတ္ျမင့္မားမည္။
ယၾတာ ေပါင္မုန႔္ေထာပတ္သုပ္ ဘုရားကပ္လႉေပးပါ။
#ၾကာသပေတး
ယခုကာလအတြင္း တစ္ႀကိမ္၊ တစ္ခါမွ မေရာက္ဖူး ေသးေသာ အရပ္ေဒသမ်ားသို႔ ခရီးထြက္ေနရမည္။ ဝန္ထမ္းအႀကီးအကဲျဖစ္ပါက မိမိလက္ေအာက္ဝန္ထမ္းမ်ား အတြက္ စိုးရိမ္ပူပန္ရျခင္း၊ အနစ္နာခံ လုပ္ကိုင္ေပးရ ျခင္းမ်ားရွိမည္။ ထို႔အျပင္ အေရးႀကီးေသာ စာ႐ြက္စာတမ္း မ်ား ေမ့က်န္ရစ္တတ္ျခင္း၊ ေငြေၾကးေသာ္လည္ေကာင္း၊ ပစၥည္းေသာ္လည္းေကာင္း၊ ဆုံးရႈံးရျခင္းမ်ားရွိမည္။ သင္၏စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေ႐ႊ၊ ေငြ၊ ေက်ာက္ျမတ္ရတနာ အေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူျဖစ္ပါက မိမိေမွ်ာ္လင့္ထားသေလာက္ အက်ိဳးအျမတ္ မ်ားမ်ား စားစား ရရွိႏိုင္ လိမ့္မည္မဟုတ္ပါ။ မိမိ၏ အေရးႀကီးကိစၥႏွင့္ပတ္သက္၍ တနလၤာ၊ ဗုဒၶဟူးသားသမီးမ်ားႏွင့္ ေျပာဆိုတိုင္ပင္ျခင္း ျပဳပါ။ အိမ္ေထာင္ရွင္ျဖစ္ပါက မိသားစုအလႉအတန္းကိစၥမ်ား ျပဳလုပ္ရႏိုင္မည္။ ပညာေရးမွာ အေကာင္းႏွင့္အဆိုး ဒြန္တြဲေနခ်ိန္ျဖစ္၍ ယခင္အခ်ိန္မ်ားထက္ပို၍ အာ႐ုံစိုက္ေပးပါ။ ငယ္႐ြယ္သူ မ်ား၏ အခ်စ္ ေရးမွာ ေကာင္းတစ္ခါ၊ ဆိုးတစ္လွည့္ ေပ်ာ္႐ႊင္စရာမ်ားရွိသလို စိတ္ညစ္စရာမ်ားလည္း ရွိမည္။ က်န္းမာ ေရးတြင္ ေရာဂါေဟာင္းမ်ား၊အနာေဟာင္းမ်ားျပန္ျဖစ္တတ္ၿပီး ျပင္းျပင္းထန္ထန္ ခံစားရတတ္ပါ သည္။
အက်ိဳးေပးဂဏန္း ၁/၆/၅
အထူးေဟာ စိတ္ပူပန္စရာမ်ားေနတတ္ပါသည္။
ယၾတာ အုန္းသီး၊အုန္းရည္ဘုရားကပ္လႉေပးပါ။
#ေသာၾကာ
ယခုကာလအတြင္း သင္၏ကံၾကမၼာတြင္ စီးပြားေရး၊ လူမႈေရးအတိုက္အခံမ်ားသည္ ယခင္ကာလမ်ားထက္ ပို၍ ေလ်ာ့နည္းသြားတတ္ပါသည္။ အလုပ္အကိုင္ ရွာေဖြေနသူမ်ား ျဖစ္ပါက မိမိကိုယ္တိုင္ ဝါသနာပါေသာ မိမိဆႏၵ ရွိေသာအလုပ္ကို ခက္ခက္ခဲခဲျဖင့္ ရရွိႏိုင္ပါသည္။ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ အစုစပ္လုပ္ကိုင္ျခင္းျဖင့္ အက်ိဳးျဖစ္ ထြန္းႏိုင္မည္။ ေငြေၾကးစုေဆာင္းႏိုင္ျခင္း မရွိပဲ၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေငြကုန္ေပါက္မ်ား ေပၚေပါက္ လာ တတ္သည္။ သို႔ေသာ္လည္း ယခုကာလအတြင္း ထီေပါက္ျခင္း ၊ေငြေၾကး အလုံးအရင္းႏွင့္ဝင္ျခင္း၊ဆုေၾကးမ်ား ရျခင္း စသည္ျဖင့္ တစ္နည္းနည္းျဖင့္ ေငြဝင္တတ္မည္ျဖစ္၍ ထီထိုးျခင္း၊ ကံစမ္းျခင္းမ်ားကို ျပဳေပးသင့္သည္။ အိမ္ေထာင္ရွင္ ျဖစ္ပါက အိမ္ေထာင္ေရး အဆင္ေျပမည္။မိသားစုအတြင္းစိတ္ခ်မ္းသာစရာသတင္းစကား ၾကားရ တတ္ပါသည္။ ပညာေရး လိုက္စားသူျဖစ္ပါက ဘာသာရပ္ဆိုင္ရာ သင္တန္း၊ အဆင့္ျမင့္နည္းပညာ သင္တန္းမ်ား တတ္ေရာက္ ရျခင္းမ်ားလည္း ရွိမည္။ ငယ္႐ြယ္သူမ်ား အသြားအလာ၊ အေနအထိုင္ အထူးဂ႐ုစိုက္သင့္ပါသည္။ သို႔မဟုတ္ပါက အလည္လြန္ရာမွလည္း အိမ္ေထာင္က်တတ္ရပါသည္။ က်န္းမာေရးတြင္ ေရာဂါအခံမရွိသူမ်ား အညံ့မရွိေပမယ့္ ေရာဂါအခံရွိသူမ်ားဆီး၊ ေက်ာက္ကပ္ ဒုကၡ ေပးတတ္ျခင္းမ်ားရွိေနမည္။
အက်ိဳးေပးဂဏန္း ၂/ဝ/၇
အထူးေဟာ အေလာတႀကီးလုပ္ကိုင္ေဆာင္႐ြက္ျခင္းမ်ိဳးေရွာင္ရွားပါ။
ယၾတာ သၾကားလုံးေလးမ်ားဝယ္ၿပီး နီးစပ္တဲ့ကေလးေတြကိုေဝေကြၽးလိုက္ပါ။
#စေန
ယခုကာလအတြင္း မ်ားေသာအားျဖင့္ သင္၏ကံဇာတာမွာ အထူးေကာင္းမြန္ေနပါ၍ အလိုဆႏၵရွိသည္မ်ားကို ႀကိဳးစားလုပ္ကိုင္သင့္ပါသည္။ သတိထားဖို႔ကစီးပြားေရးလုပ္ငန္းမ်ားတြင္ အေရးႀကီးကိစၥမ်ား ေဆာင္႐ြက္လွ်င္ ၊ ခရီးသြားလွ်င္ အနက္ေရာင္၊ အနီရဲရဲ၊ အညိဳရင့္ရင့္၊ ခရမ္းပုတ္ပုတ္အေရာင္ အဝတ္အစားမ်ား ဝတ္ဆင္ျခင္းကို အထူးေရွာင္ၾကဥ္ပါ။ အလႉအတန္း ကုသိုလ္မ်ား ထူးထူးျခားျခား ျပဳလုပ္ျဖစ္မည္။ မိမိေဆြမ်ိဳး၊ လူႀကီးမိဘ၊ ဆရာ သမား မ်ားကိုလည္း တတ္ႏိုင္သေလာက္ေလးလႉဒါန္းကန္ေတာ့ႏိုင္ပါလိမ့္မယ္။ ျပည္တြင္း (သို႔မဟုတ္) ျပည္ပခရီး မ်ားသြားရန္ အခြင့္အလမ္းေကာင္းမ်ား ေပၚေပါက္လာႏိုင္ပါသည္။ အိမ္ေထာင္ရွင္မ်ား ျဖစ္ပါက အိမ္တြင္း စီးပြားေရး ဝင္ေငြေကာင္းေနပါေသာ္လည္း မိမိအိမ္ ေထာင္ဖက္ႏွင့္ အဆင္မေျပမႈမ်ား မ်ားစြာရွိေနမည္။ အေၾကာင္းတစ္ခုခု ေၾကာင့္ ခြဲခြာေနရတတ္သည္။ ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးကိစၥမွာ စဥ္းစားႏိုင္မွ ေတာ္႐ုံ က်ေနမည္။ က်န္းမာေရး တြင္ မတည့္စာမ်ား ေရာစာမိျခင္း၊ မိမိႏွင့္ဓါတ္မတည့္သည့္ အစားအစာမ်ားကို စားမိျခင္းမ်ားေၾကာင့္ က်န္းမာေရး ကို အထူးထိခိုက္ေစတတ္ပါတယ္။ ထို႔ေၾကာင့္ အစားအေသာက္၊ အေနအထိုင္၊ အသြားအလာ ဆင္ျခင္ထိန္းသိမ္းႏိုင္ ကာမွ အထူးေကာင္းပါလိမ့္မည္။ ပညာေရးတြင္ ႀကိဳးစားထားသမွ်အရာထင္ေပါက္ေျမာက္မည္။
အက်ိဳးေပးဂဏန္း ၁/၃/ဝ
အထူးေဟာ ကံျမင့္မားေနမည္။
ယၾတာ ဩဇာသီးေလးမ်ားဝယ္ၿပီး ဘုန္းႀကီးေက်ာင္းႏွင့္ဘုရားေစတီေတြမွာလႉဒါန္းေပးပါ။
၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)
09 77 5555 695 09 44 5555 695
Unicode
22.10.2020 မှ 28.10.2020 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ယခုကာလအတွင်း သင်သည် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကိုယ်ပိုင်လုပ်ငန်းများဖြင့် အကျိုး ပေးမည်။ မိတ်ကောင်း၊ ဆွေကောင်း တိုးပွားခြင်းများရှိမည်။ လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်း များ ပေါ်ထွက်လာမည်။ အိမ်နီးနားချင်းများနှင့် ပတ်သက်၍ စကားများရခြင်း၊ အမှုအခင်းဖြစ်ရခြင်း၊ စိတ်ညစ်ရခြင်း များရှိမည်။ အတတ်နိုင်ဆုံး မိမိစိတ်ကို အေးအေးဆေးဆေး ထားပါ။ စိတ်မြန်မှု၊ ဒေါသကြီးမှုများကြောင့် အမှားများ ကြုံတွေ့ရတတ်ပြီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ဝန်ထမ်းများ ဖြစ်ပါက ဌာနအတွင်း အဆင်ပြေမည်။ ဝင်ငွေလည်း အထူးကောင်းလိမ့်မည်။ထို့အပြင် အင်္ဂါသားသမီး တစ်ဦးဦးထံတွင် ငွေကြေးရင်းနှီးမြှပ်နှံထားခြင်း၊ အပ်နှံထားခြင်းများ ရှိပါကလည်း ဆုံးရှုံးတတ်သည်ကို အထူးသတိပြုရသင့်ပါသည်။ မိမိအတွက် အရေးကြီးကိစ္စ များရှိပါက တနင်္ဂနွေသား မိဘ၊ အကြီးအကဲ၊ ဆရာသမား၊ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ခြင်း၊ ၎င်းတို့ထံမှ အကြံဉာဏ်၊ အကူအညီ တောင်ခံခြင်းများ ပြုလုပ်သင့်ပါသည်။ အိမ်ထောင်ရှင်ဖြစ်ပါက သားသမီးများအတွက်ကြောင့် မိမိ အိမ်ထောင်ဖက် နှင့် မကြာခဏ စကားများ ရန်ဖြစ်နေရလိမ့်မည်။ ပညာရေးလိုက်စားသူဖြစ်ပါက ပညာရေးတွင် အချစ်ရေးကိစ္စများ ဝင်ရောက်နှောက်ယှက်မှုများ ကြုံတွေ့ရတတ်သည်ကို အထူးသတိပြုသင့် ပါသည်။အချစ်ရေး သီးသန့်ကတော့ စန်းပွင့်နေမည်။ ချစ်သူခင်သူများလာမည်။
အကျိုးပေးဂဏန်း ၂/၄/၈
အထူးဟော စုတ်၊လာဘ်ဝင်မည်။
ယတြာ ကော်ရည်ခေါက်ဆွဲဘုရားကပ်လှူပါ။
#တနင်္လာ
ဒီတစ်ပတ်အတွင်း စီးပွားရေးတွင် ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ရသော လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာ မှုရှိပြီး အဆင်ပြေမှု နည်းပါးနေတတ်သည်။ စီးပွားရေးလုပ်ငန်းများတွင် လူမျိုးကွဲများနှင့် စပ်တူတွဲဖက် လုပ်ကိုင်ခြင်း များ အထူးရှောင်ကြဉ်သင့်ပါသည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများဖြင့်သာ အကျိုးပေး ထက်သန် လိမ့်မည်။ သတိ ထားစေချင်တာက အပျော်အပါးနှင့် လောင်းကစား ကိစ္စများကြောင့် သင်၏စီးပွားရေးလုပ်ငန်း များတွင် ဆိုးကျိုးများ အလွန်သက်ရောက်တတ်သည်ကို အထူးသတိထားပါ။ ဝန်ထမ်းဖြစ်ပါက စကားပြောဆိုဆက်ဆံရာတွင် ချင့်ချိန် စဉ်းစား ပြောဆိုဆက်ဆံသင့်သည်။ မထင်မှတ်ပဲ ပြောဆို လိုက်သောမိမိ စကားတစ်ခွန်းကြောင့် ပြဿနာများ ဖြေ ရှင်းရသည်အထိ ဖြစ်သွားတတ်ပါသည်။ အိမ်ထောင်ရှင် များ မိသားစုနှင့် အတူတကွ အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် နေထိုင်လိုသောစိတ်များ ပြင်းပြနေတတ်ပါ သည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် အချစ်ကြီးပြီး အမျက်ကြီး သော သူမျိုးနှင့် တွေ့ရတတ်ပါသည်။ ပညာရေးနှင့် ပတ်သက်၍ ကံအထူးကောင်းမည်။ ပညာအမွေပေး မည့်သူများ နှင့်လည်း တွေ့ရတတ်သည်။ ကျန်းမာရေးတွင် အစာအိမ်နှင့် ပတ်သက်သော ရောဂါဝေဒနာများ ဖြစ်ပေါ် ခံစားရတတ် သည်။ ပူပူနွေးနွေး အစားအစာများကိုသာ စားသုံးပါ။
အကျိုးပေးဂဏန်း ၃/၅/၉
အထူးဟော ကံအညံ့လေးတွေရောပါနေတတ်ပါတယ်။
ယတြာ စံပယ်ပန်းလေးများဘုရားမှာလှူဒါန်းပေးပါ။
#အင်္ဂါ
ယခုကာလအတွင်း သင်၏စီးပွားရေးလုပ်ငန်းများတွင် ပုံမှန်လုပ်နေသော လုပ်ငန်းများ အပြောင်းအလဲ ပြုရ ခြင်း၊ လုပ်ငန်းမှ ပုံမှန်ဝင်ငွေများမှာ အတတ်အကျဖြစ်နေခြင်း များရှိနေမည်။ မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊သိုလှောင်ရောင်းချခြင်းလုပ်ငန်း၊အလှအပနှင့်ဖက်ရှင်အလုပ်တွေ လုပ်ကိုင်နေသူများ ဝင်ငွေ များစွာရ၍ အကျိုးရှိအဆင်ပြေနေမည်။ ဤကာလများအတွင်း အရေးကြီးလုပ်ငန်းကိစ္စများအတွက် စနေသားသမီး၊ အကြီးအကဲ၊ မိတ်ဆွေ၊ ဆရာသမားများနှင့် တိုင်ပင်ခြင်း၊ ၎င်းတို့ထံမှ အကြံဉာဏ်၊ အကူအညီတောင်းခံခြင်းများ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက လက်ရှိလုပ်ငန်းနှင့် အဆင်မပြေဘဲ အခက်အခဲအနှောက်အယှက် များရှိနေမည်။ မိမိအိမ်ထောင်ရေးသည် စီးပွားရေးနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် စီးပွားရေးအဆင်ပြေလျှင် အိမ်တွင်းရေး အေးချမ်းသာယာမှုရှိမည်။ စီးပွားရေးကျဆင်းလျှင် အိမ်တွင်းရေး အဆင်မပြေမှုများရှိနေမည်။ ငယ်ရွယ်သူများ၏ အချစ်ရေးမှာ မရေရာ၊ မသေချာသော အဖြစ်မျိုးနှင့် ကြုံတွေ့ရတတ်ခြင်း၊ မိဘဆွေမျိုးသားချင်း များနှင့် ခေတ္တခွဲခွာ နေရတတ်ခြင်းများ ရှိမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အနာများပေါက်ခြင်း၊ အဖု၊ အကျိတ်များ ထွက်ခြင်းများ ရှိမည်။ လက်နဲ့ညှစ်တာမျိုးတွေမလုပ်ပါနဲ့။ပိုဆိုးသွားတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၆/၃
အထူးဟော ကံအကောင်းအဆိုးမျှတဲ့ကာလပါ။
ယတြာ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ် ၃၇ခေါက်ရွတ်ပွားပူဇော်ပါ။
#ဗုဒ္ဓဟူး/ရာဟု
ယခုကာလအတွင်း အပြိုင်အဆိုင်၊ အတိုက်အခံနှင့် အနှောင့်အယှက်များ အလွန်ပေါများခြင်းနှင့် မနာလိုဖြစ် နေ သူများ အလွန်ပေါများနေမည်။ မိမိအား ပြိုင်ဆိုင်နေသူ များသည် သူ့အလိုလို ပြေပျောက်သွားမည်ဖြစ်၍ စိုးရိမ် စရာ ကြီးကြီးမားမား မရှိပါ။ ဝန်ထမ်းများ ဖြစ်ပါက ပြောသင့်သည့်စကားများကို မပြောမိခြင်း၊ လုပ်သင့်သည် အလုပ် များကို မလုပ်မိခြင်းတို့ကြောင့် မိမိတို့ ရရှိနိုင်သော အခွင့်အရေးကောင်းများ လက်လွှတ်ဆုံးရှုံးရတတ်သည် ကို အထူး သတိပြုဆင်ခြင်သင့်ပါသည်။ ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်မည်ဆိုပါက အကောင် အထည်ဖေါ်၍ အထူးကြိုးစားလုပ်ကိုင်သင့်ပါသည်။ ဖက်စပ်လုပ်ငန်းများ ရှယ်ယာလုပ်ငန်းများဖြင့်လည်း အထူး အကျိုးပေး အောင်မြင်မည်။ အခွင့်အလမ်းကောင်းများစွာလည်း ရရှိပိုင်ဆိုင်နိုင်ပါသည်။ လူအများ၏ လေး စား ချစ်ခင်၊ ယုံကြည်ခံရခြင်းများ ရှိနေမည်။ ငယ်ရွယ်သူများ၏ အချစ်ရေးမှာ မိမိချစ်သူအပေါ် စိတ်မချ ဖြစ်နေခြင်း၊ သဝန်တိုနေခြင်းများရှိမည်။ပညာရေး လေ့လာလိုက်စားသူများ ဖြစ်ပါကပညာရေးတွင် ကြိုးစားသလောက်အရာ မထင် ဖြစ်နေရတတ်သည်။ ကျန်းမာရေးတွင် မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာများ ဖြစ်ပေါ်ခံစားတတ် ပါ ၍ အထူးဂရုစိုက်သင့်ပါသည်။ ဤကာလများအတွင်း မည်သည့်ရောဂါ ဝေဒနာများ ရသည်ဖြစ်စေ၊ ဆေးထိုး၊ ဆေးသောက် မပျင်းပါနှင့်။
အကျိုးပေးဂဏန်း ၅/ဝ/၄
အထူးဟော လုပ်ငန်းစီးပွားတိုးတတ်မြင့်မားမည်။
ယတြာ ပေါင်မုန့်ထောပတ်သုပ် ဘုရားကပ်လှူပေးပါ။
#ကြာသပတေး
ယခုကာလအတွင်း တစ်ကြိမ်၊ တစ်ခါမှ မရောက်ဖူး သေးသော အရပ်ဒေသများသို့ ခရီးထွက်နေရမည်။ ဝန်ထမ်းအကြီးအကဲဖြစ်ပါက မိမိလက်အောက်ဝန်ထမ်းများ အတွက် စိုးရိမ်ပူပန်ရခြင်း၊ အနစ်နာခံ လုပ်ကိုင်ပေးရ ခြင်းများရှိမည်။ ထို့အပြင် အရေးကြီးသော စာရွက်စာတမ်း များ မေ့ကျန်ရစ်တတ်ခြင်း၊ ငွေကြေးသော်လည်ကောင်း၊ ပစ္စည်းသော်လည်းကောင်း၊ ဆုံးရှုံးရခြင်းများရှိမည်။ သင်၏စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရွှေ၊ ငွေ၊ ကျောက်မြတ်ရတနာ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါက မိမိမျှော်လင့်ထားသလောက် အကျိုးအမြတ် များများ စားစား ရရှိနိုင် လိမ့်မည်မဟုတ်ပါ။ မိမိ၏ အရေးကြီးကိစ္စနှင့်ပတ်သက်၍ တနင်္လာ၊ ဗုဒ္ဓဟူးသားသမီးများနှင့် ပြောဆိုတိုင်ပင်ခြင်း ပြုပါ။ အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုအလှူအတန်းကိစ္စများ ပြုလုပ်ရနိုင်မည်။ ပညာရေးမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေချိန်ဖြစ်၍ ယခင်အချိန်များထက်ပို၍ အာရုံစိုက်ပေးပါ။ ငယ်ရွယ်သူ များ၏ အချစ် ရေးမှာ ကောင်းတစ်ခါ၊ ဆိုးတစ်လှည့် ပျော်ရွှင်စရာများရှိသလို စိတ်ညစ်စရာများလည်း ရှိမည်။ ကျန်းမာ ရေးတွင် ရောဂါဟောင်းများ၊အနာဟောင်းများပြန်ဖြစ်တတ်ပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါ သည်။
အကျိုးပေးဂဏန်း ၁/၆/၅
အထူးဟော စိတ်ပူပန်စရာများနေတတ်ပါသည်။
ယတြာ အုန်းသီး၊အုန်းရည်ဘုရားကပ်လှူပေးပါ။
#သောကြာ
ယခုကာလအတွင်း သင်၏ကံကြမ္မာတွင် စီးပွားရေး၊ လူမှုရေးအတိုက်အခံများသည် ယခင်ကာလများထက် ပို၍ လျော့နည်းသွားတတ်ပါသည်။ အလုပ်အကိုင် ရှာဖွေနေသူများ ဖြစ်ပါက မိမိကိုယ်တိုင် ဝါသနာပါသော မိမိဆန္ဒ ရှိသောအလုပ်ကို ခက်ခက်ခဲခဲဖြင့် ရရှိနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစုစပ်လုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ် ထွန်းနိုင်မည်။ ငွေကြေးစုဆောင်းနိုင်ခြင်း မရှိပဲ၊ အကြောင်းအမျိုးမျိုးဖြင့် ငွေကုန်ပေါက်များ ပေါ်ပေါက် လာ တတ်သည်။ သို့သော်လည်း ယခုကာလအတွင်း ထီပေါက်ခြင်း ၊ငွေကြေး အလုံးအရင်းနှင့်ဝင်ခြင်း၊ဆုကြေးများ ရခြင်း စသည်ဖြင့် တစ်နည်းနည်းဖြင့် ငွေဝင်တတ်မည်ဖြစ်၍ ထီထိုးခြင်း၊ ကံစမ်းခြင်းများကို ပြုပေးသင့်သည်။ အိမ်ထောင်ရှင် ဖြစ်ပါက အိမ်ထောင်ရေး အဆင်ပြေမည်။မိသားစုအတွင်းစိတ်ချမ်းသာစရာသတင်းစကား ကြားရ တတ်ပါသည်။ ပညာရေး လိုက်စားသူဖြစ်ပါက ဘာသာရပ်ဆိုင်ရာ သင်တန်း၊ အဆင့်မြင့်နည်းပညာ သင်တန်းများ တတ်ရောက် ရခြင်းများလည်း ရှိမည်။ ငယ်ရွယ်သူများ အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက်သင့်ပါသည်။ သို့မဟုတ်ပါက အလည်လွန်ရာမှလည်း အိမ်ထောင်ကျတတ်ရပါသည်။ ကျန်းမာရေးတွင် ရောဂါအခံမရှိသူများ အညံ့မရှိပေမယ့် ရောဂါအခံရှိသူများဆီး၊ ကျောက်ကပ် ဒုက္ခ ပေးတတ်ခြင်းများရှိနေမည်။
အကျိုးပေးဂဏန်း ၂/ဝ/၇
အထူးဟော အလောတကြီးလုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးရှောင်ရှားပါ။
ယတြာ သကြားလုံးလေးများဝယ်ပြီး နီးစပ်တဲ့ကလေးတွေကိုဝေကျွေးလိုက်ပါ။
#စနေ
ယခုကာလအတွင်း များသောအားဖြင့် သင်၏ကံဇာတာမှာ အထူးကောင်းမွန်နေပါ၍ အလိုဆန္ဒရှိသည်များကို ကြိုးစားလုပ်ကိုင်သင့်ပါသည်။ သတိထားဖို့ကစီးပွားရေးလုပ်ငန်းများတွင် အရေးကြီးကိစ္စများ ဆောင်ရွက်လျှင် ၊ ခရီးသွားလျှင် အနက်ရောင်၊ အနီရဲရဲ၊ အညိုရင့်ရင့်၊ ခရမ်းပုတ်ပုတ်အရောင် အဝတ်အစားများ ဝတ်ဆင်ခြင်းကို အထူးရှောင်ကြဉ်ပါ။ အလှူအတန်း ကုသိုလ်များ ထူးထူးခြားခြား ပြုလုပ်ဖြစ်မည်။ မိမိဆွေမျိုး၊ လူကြီးမိဘ၊ ဆရာ သမား များကိုလည်း တတ်နိုင်သလောက်လေးလှူဒါန်းကန်တော့နိုင်ပါလိမ့်မယ်။ ပြည်တွင်း (သို့မဟုတ်) ပြည်ပခရီး များသွားရန် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာနိုင်ပါသည်။ အိမ်ထောင်ရှင်များ ဖြစ်ပါက အိမ်တွင်း စီးပွားရေး ဝင်ငွေကောင်းနေပါသော်လည်း မိမိအိမ် ထောင်ဖက်နှင့် အဆင်မပြေမှုများ များစွာရှိနေမည်။ အကြောင်းတစ်ခုခု ကြောင့် ခွဲခွာနေရတတ်သည်။ ငယ်ရွယ်သူများ၏ အချစ်ရေးကိစ္စမှာ စဉ်းစားနိုင်မှ တော်ရုံ ကျနေမည်။ ကျန်းမာရေး တွင် မတည့်စာများ ရောစာမိခြင်း၊ မိမိနှင့်ဓါတ်မတည့်သည့် အစားအစာများကို စားမိခြင်းများကြောင့် ကျန်းမာရေး ကို အထူးထိခိုက်စေတတ်ပါတယ်။ ထို့ကြောင့် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ ဆင်ခြင်ထိန်းသိမ်းနိုင် ကာမှ အထူးကောင်းပါလိမ့်မည်။ ပညာရေးတွင် ကြိုးစားထားသမျှအရာထင်ပေါက်မြောက်မည်။
အကျိုးပေးဂဏန်း ၁/၃/ဝ
အထူးဟော ကံမြင့်မားနေမည်။
ယတြာ ဩဇာသီးလေးများဝယ်ပြီး ဘုန်းကြီးကျောင်းနှင့်ဘုရားစေတီတွေမှာလှူဒါန်းပေးပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695 09 44 5555 695