Knowledge ၾကားသိရသမ်ွ

တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်တွေဟာ မျိူးစိတ်အသစ်ပေါင်း ၃၀ အထိ သန္ဓေပြောင်းသွား

Written by Aung Lay







Unicode

ကမ္ဘာတစ်လွှားမှာ ဆိုးရွားစွာ ပြန့်ပွားလျှက်ရှိတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကတော့ ခုမှ ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်ဖြစ်တာနဲ့ အညီ ဗိုင်းရပ်စ်ရဲ့ အားသာချက်အားနည်းချက်တွေကို သိရှိနိုင်ဖို့ ခက်ခဲနေဆဲပဲဖြစ်ပါတယ်

ဆေးသိပ္ပံပညာရှင် များက ကာကွယ် ကုသဆေးများ ဖော်ထုတ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြပေမယ့် တရုတ်ပြည်၊ ဟန်ကျိုးပြည်နယ်၊ Zhejiang University မှ ပါမောက္ခ Li Lanjuan နဲ့အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ် မျိုးကွဲပေါင်း ၃၀ အထိရှိနေနိုင်တာကြောင့် ကုသကာကွယ်ဆေး တစ်မျိုးတည်းနဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်

လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂၆၄ ဦး ၊ ဟန်ကျိုးမြို့ရှိ ကျပန်းရွေးချယ်ထားသော ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၁ ဦးထံမှ မျိုးဗီဇများကို စမ်းစစ်ချက်အရ ထုတ်ပြန်ခဲ့တာပါ

အဆိုပါ သုတေသနအဖွဲ့ရဲ့ ထပ်မံတွေ့ရှိချက်အရအားအကောင်းဆုံးဗိုင်းရပ်စ်တို့သည် အဆ ၂၇၀ ခန့် ထုတ်လုပ်နိုင်ပြီး ထိုသို့ ထုတ်လုပ်မှုများမှာမူ အားနည်းသော မျိုးဗီဇများဖြစ်ပြီး အားကောင်းသောမျိုးဗီဇတို့သည် လူ့ဆဲလ်များကို အလျင်မြန်ဆုံးသတ်ဖြတ်နိုင်စွမ်းရှိကြတာကိုတွေ့ရှိခဲ့ရတာပါ

လက်ရှိ ကမ္ဘာပေါ်တွင် လူပေါင်း ၂.၇ သန်းကျော် ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ၁၉၀၀၀၀ ကျော် သေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။

Credit : နေ့စဉ်သတင်းနှင့် သုတရသအဖြာဖြာ

About the author

Aung Lay

Leave a Comment