Cele News

“ငါတို့ အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD ” ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ သူမအိမ်လေးအကြောင်းပြောပြလာခဲ့တဲ့ ငွေဇင်လှိုင်း

Written by Aung Lay

NLD ဓာတ္ပုံၿပိဳင္ပြဲ ပထမဆုရ တဲ့ သူမရဲ႕အိမ္ေလးအေၾကာင္းေျပာျပလာတဲ့ ေငြဇင္လႈိင္း

“ငါတို႔ အိမ္ေလး ရဲရဲနီ ျပည္သူခ်စ္တဲ့ NLD ” ၿပိဳင္ပြဲမွာ ပထမဆုရခဲ့တာပါ။

ေငြဇင္လႈိင္းကေတာ့ တမူးၿမိဳ႕မွာရွိတဲ့ သူမရဲ႕ အိမ္ေလးကို ဓာတ္ပုံ႐ိုက္ၿပီး “ငါတို႔အိမ္ေလး ရဲရဲနီ ျပည္သူခ်စ္တဲ့ NLD ” ဆိုတဲ့ ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာက ပထမဆုရရွိခဲ့တာျဖစ္ပါတယ္။

အဆိုေတာ္ ေငြဇင္လႈိင္းကေတာ့ “ငါတို႔အိမ္ေလး ရဲရဲနီ ျပည္သူခ်စ္တဲ့ NLD ” ဆိုတဲ့ ၿပိဳင္ပြဲမွာ တမူးၿမိဳ႕က သူမရဲ႕ ေနအိမ္ေလးကို ဓာတ္ပုံ႐ိုက္ရင္းၿပိဳင္ပြဲဝင္ခဲ့တာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ သူမက ပထမဆု ရရွိခဲ့တာပါ။ ဒီဆုရတဲ့ အေပၚမွာလည္း သူမရဲ႕ ခံစားခ်က္ကို ေျပာျပလာပါတယ္။

” ဆုရသြားတဲ့ အခ်ိန္မွာ ကိုယ္လည္း တစ္ဖက္တစ္လမ္းက အုတ္တစ္ခ်ပ္၊ သဲတပြင့္ အေနနဲ႔ ပါဝင္ျဖစ္တဲ့ အခ်ိန္မွာ အကုန္လုံးက ဝိုင္းဝန္းၿပီးေတာ့ ခ်စ္ခင္လို႔ အသိအမွတ္ျပဳၾကတဲ့ အတြက္ ဒီဆုကို ရတယ္လို႔ ထင္ပါတယ္။ ကိုယ္ၿပိဳင္တဲ့ အခ်ိန္မွာ အသိအမွတ္ျပဳၾကလို႔ ပထမဆုရတယ္လို႔ ျမင္တယ္။ ဒါေၾကာင့္ ေငြဇင့္ အေနနဲ႔ေရာ မိသားစု အေနနဲ႔ေရာ ဂုဏ္ယူစရာေကာင္းတဲ့ အမွတ္တရေလးပါပဲ”လို႔ သူကဆိုပါတယ္။

ေငြဇင္လႈိင္းကေတာ့ သူမရဲ႕ ေနအိမ္ေလးကို ၿပိဳင္ပြဲရွိလို႔ အခုလို အလွဆင္ခဲ့တာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ၿပိဳင္ပြဲ မလုပ္ခင္ အခ်ိန္ကတည္းက မိသားစုရဲ႕ သေဘာဆႏၵအရ စတစ္ကာေလးေတြ ကပ္ထားၾကတာလို႔ ဆက္လက္ ေျပာျပလာပါတယ္။

“ ဒီၿပိဳင္ပြဲေလးကို ေငြဇင္က အခြင့္ႀကဳံလို႔ ၿပိဳင္ျဖစ္သြားတာပါ။ ေငြဇင္တို႔ အိမ္က ေအာင္ႏိုင္ေရးလွည့္ဖို႔အတြက္ ကားေလးမွာ စတစ္ကာကပ္တယ္။ အဲဒီတုန္းက ၿပိဳင္ပြဲမလာေသးဘူး။ ေငြဇင္တို႔ မိသားစုကလည္း ဝန္းရံခ်င္တဲ့ သေဘာေၾကာင့္ အစ္မေတြ အစ္ကိုေတြရဲ႕ စိတ္ကူးနဲ႔ အိမ္မွာ စတစ္ကာေလးေတြ ကပ္ထားတာပါ။ ၿပီးေတာ့မွ ဒီအိမ္ၿပိဳင္ပြဲေလးက ေရာက္လာေတာ့ အခါအခြင့္သင့္သြားတာေပါ့။ ကိုယ္ကလည္း ၿပိဳင္ပြဲအတြက္ ရည္႐ြယ္ၿပီးမွာ ကပ္တာ မဟုတ္တဲ့အတြက္ Ready ျဖစ္သြားေတာ့ အေပ်ာ္သေဘာေလး ဝင္ၿပိဳင္ခဲ့တာပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ေငြဇင္လႈိင္းကိုေတာ့ ပရိသတ္ေတြက Myanmar idol (Season 3) သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့တာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲႀကီးၿပီးတဲ့ေနာက္မွာေတာ့ သူမဟာ ဂီတေဖ်ာ္ေျဖပြဲေတြမွာ ပါဝင္သီဆိုလာရတဲ့ အဆိုေတာ္တစ္ဦးျဖစ္လို႔ေနပါၿပီ။ မၾကာခဏဆိုသလို Single Song ေလးေတြလည္း ထြက္ရွိတတ္သူ တစ္ေယာက္ပါ။ အခုဆိုရင္ေတာ့ သူမရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ သီခ်င္းသည္ ဆိုတဲ့ အေခြကို ၂၀၂၀ ခုႏွစ္ မတ္လ ၇ ရက္ေန႔က ထြက္ရွိခဲ့ပါတယ္။ သူမဟာ (Top -4+1) Result Show အထိ ပါဝင္လာခဲ့သူလည္း ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကေနတဆင့္ ပရိသတ္အခိုင္အမာ ရရွိခဲ့တဲ့ တက္သစ္စ အဆိုေတာ္ တစ္ဦးဆိုရင္လည္း မမွားပါဘူး။ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ကိုယ္တိုင္ကလည္း ေငြဇင္လႈိင္းရဲ႕ သီခ်င္းေတြကို အၿမဲအားေပးတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။

Unicode

NLD ဓာတ်ပုံပြိုင်ပွဲ ပထမဆုရ တဲ့ သူမရဲ့အိမ်လေးအကြောင်းပြောပြလာတဲ့ ငွေဇင်လှိုင်း

“ငါတို့ အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD ” ပြိုင်ပွဲမှာ ပထမဆုရခဲ့တာပါ။

ငွေဇင်လှိုင်းကတော့ တမူးမြို့မှာရှိတဲ့ သူမရဲ့ အိမ်လေးကို ဓာတ်ပုံရိုက်ပြီး “ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD ” ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။

အဆိုတော် ငွေဇင်လှိုင်းကတော့ “ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD ” ဆိုတဲ့ ပြိုင်ပွဲမှာ တမူးမြို့က သူမရဲ့ နေအိမ်လေးကို ဓာတ်ပုံရိုက်ရင်းပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သူမက ပထမဆု ရရှိခဲ့တာပါ။ ဒီဆုရတဲ့ အပေါ်မှာလည်း သူမရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

” ဆုရသွားတဲ့ အချိန်မှာ ကိုယ်လည်း တစ်ဖက်တစ်လမ်းက အုတ်တစ်ချပ်၊ သဲတပွင့် အနေနဲ့ ပါဝင်ဖြစ်တဲ့ အချိန်မှာ အကုန်လုံးက ဝိုင်းဝန်းပြီးတော့ ချစ်ခင်လို့ အသိအမှတ်ပြုကြတဲ့ အတွက် ဒီဆုကို ရတယ်လို့ ထင်ပါတယ်။ ကိုယ်ပြိုင်တဲ့ အချိန်မှာ အသိအမှတ်ပြုကြလို့ ပထမဆုရတယ်လို့ မြင်တယ်။ ဒါကြောင့် ငွေဇင့် အနေနဲ့ရော မိသားစု အနေနဲ့ရော ဂုဏ်ယူစရာကောင်းတဲ့ အမှတ်တရလေးပါပဲ”လို့ သူကဆိုပါတယ်။

ငွေဇင်လှိုင်းကတော့ သူမရဲ့ နေအိမ်လေးကို ပြိုင်ပွဲရှိလို့ အခုလို အလှဆင်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြိုင်ပွဲ မလုပ်ခင် အချိန်ကတည်းက မိသားစုရဲ့ သဘောဆန္ဒအရ စတစ်ကာလေးတွေ ကပ်ထားကြတာလို့ ဆက်လက် ပြောပြလာပါတယ်။

“ ဒီပြိုင်ပွဲလေးကို ငွေဇင်က အခွင့်ကြုံလို့ ပြိုင်ဖြစ်သွားတာပါ။ ငွေဇင်တို့ အိမ်က အောင်နိုင်ရေးလှည့်ဖို့အတွက် ကားလေးမှာ စတစ်ကာကပ်တယ်။ အဲဒီတုန်းက ပြိုင်ပွဲမလာသေးဘူး။ ငွေဇင်တို့ မိသားစုကလည်း ဝန်းရံချင်တဲ့ သဘောကြောင့် အစ်မတွေ အစ်ကိုတွေရဲ့ စိတ်ကူးနဲ့ အိမ်မှာ စတစ်ကာလေးတွေ ကပ်ထားတာပါ။ ပြီးတော့မှ ဒီအိမ်ပြိုင်ပွဲလေးက ရောက်လာတော့ အခါအခွင့်သင့်သွားတာပေါ့။ ကိုယ်ကလည်း ပြိုင်ပွဲအတွက် ရည်ရွယ်ပြီးမှာ ကပ်တာ မဟုတ်တဲ့အတွက် Ready ဖြစ်သွားတော့ အပျော်သဘောလေး ဝင်ပြိုင်ခဲ့တာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သီချင်းသည် ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Credit

 

About the author

Aung Lay

Leave a Comment