ယခင်က ကျောင်းတွေ ကို မူလတန်း အဆင့်ကစတင်ဖွင့် လှစ်ဖို့ စီစဉ်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန် ချက် နဲ့ အထက် တန်းအဆင့်ကနေ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ (၁)ရက်နေ့မှာ ကျောင်းတွေဖွင့်ဖို့ အခြေခံပညာ ကျောင်းတွေမှာ တော့ စာသင် ခုံတွေကို သတ်မှတ် အကွာ အဝေးတိုင်းပြင်ဆင်ခြင်း၊ ကျောင်းအဝင် နဲ့ စာသင်ခန်းအဝင်ေတွေ မှာ လက်ဆေး ဖို့အတွက် ဆောင်ရွက်ခြင်းတွေအပါအဝင် ရောဂါထိန်းချုပ်ရေးမှာ အခြေခံကျတဲ့ အချက်တွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ သိရ ပါတယ်။
ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့က စီမံချက်တွေထုတ်ထားပြီဖြစ်ပြီး COVID 19ရောဂါထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါ တယ်။ ဇူလိုင်လ(၂၁)ရက်နေ့ မှာ အခြေခံပညာကျောင်းတွေ အထက်တန်းအဆင့်ကစဖွင့်တော့မှာပါ။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့် တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာပါ။
လိုက်နာမှုမရှိတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ရောဂါ ထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဇူလိုင်လ(၂၁)ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေကို အထက်တန်းအဆင့်က စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး လိုက်နာရမယ့် စည်းကမ်းချက်များကို အသေးစိတ်ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီစည်းကမ်းချက်တွေက အခြေခံပညာကျောင်း တွေသာမက ပုဂ္ဂလိကကျောင်းတွေအပါအဝင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေပါ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်တာတွေ အကုန်လုံးပြီးသွားတဲ့အတွက် ဇူလိုင်(၂၁)ရက်မှာ အထက်တန်းအဆင့်တွေကိုဖွင့်တာပါ။ ပုံစံ (၄)မျိုးလောက်နဲ့ ကျောင်းအလိုက်သူ့ အစီအစဉ်နဲ့သူသွားမယ်။ အထက်တန်းအဆင့်တွေဖွင့်ပြီး (၂)ပတ်ပြည့်လို့ (၃)ပတ်မြောက်မှာ အလယ်တန်း အဆင့် တွေကိုဖွင့်မယ်။ ပြီးမှာ မူလတန်းအဆင့်ကိုဖွင့်မှာဆိုတော့ (၃)သုတ်ခွဲပြီးဖွင့်မှာပါ။ အဲဒီလိုကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာလည်း ချမှတ်ထား တဲ့ စည်းကမ်းတွေက ပုဂ္ဂလိကကျောင်းတွေရော၊ ဘကကျောင်းတွေရော လိုက်နာရမှာဖြစ်ပြီး စည်းကမ်းပျက်ကွက်မှုတွေ ရှိရင်တော့ အရေး ယူမှုတွေလည်းရှိပါတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။
Credit : Duwun
Zawgyi
ယခင္က ေက်ာင္းေတြ ကို မူလတန္း အဆင့္ကစတင္ဖြင့္ လွစ္ဖို႔ စီစဥ္ထားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ရဲ႕ လမ္းၫႊန္ ခ်က္ နဲ႔ အထက္ တန္းအဆင့္ကေန စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ဇူလိုင္လ (၁)ရက္ေန႔မွာ ေက်ာင္းေတြဖြင့္ဖို႔ အေျခခံပညာ ေက်ာင္းေတြမွာ ေတာ့ စာသင္ ခုံေတြကို သတ္မွတ္ အကြာ အေဝးတိုင္းျပင္ဆင္ျခင္း၊ ေက်ာင္းအဝင္ နဲ႔ စာသင္ခန္းအဝင္ေေတြ မွာ လက္ေဆး ဖို႔အတြက္ ေဆာင္႐ြက္ျခင္းေတြအပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရးမွာ အေျခခံက်တဲ့ အခ်က္ေတြကို ျပင္ဆင္ေဆာင္႐ြက္သြားမယ္လို႔ သိရ ပါတယ္။
ေက်ာင္းေတြျပန္ဖြင့္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးတို႔က စီမံခ်က္ေတြထုတ္ထားၿပီျဖစ္ၿပီး COVID 19ေရာဂါထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးကို တင္ျပၿပီး ဆက္လက္ေဆာင္႐ြက္ သြားမွာျဖစ္ပါ တယ္။ ဇူလိုင္လ(၂၁)ရက္ေန႔ မွာ အေျခခံပညာေက်ာင္းေတြ အထက္တန္းအဆင့္ကစဖြင့္ေတာ့မွာပါ။ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ တဲ့အခါမွာ ပညာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာရမွာပါ။
လိုက္နာမႈမရွိတဲ့ ပုဂၢလိကေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြကို ေရာဂါ ထိန္းခ်ဳပ္ေရး ဥပေဒနဲ႔ အေရးယူမယ္လို႔ ပညာေရးဝန္ႀကီးဌာနမွ သိရပါတယ္။ ဇူလိုင္လ(၂၁)ရက္ေန႔ကစၿပီး အေျခခံပညာေက်ာင္းေတြကို အထက္တန္းအဆင့္က စတင္ဖြင့္လွစ္မွာ ျဖစ္ၿပီး လိုက္နာရမယ့္ စည္းကမ္းခ်က္မ်ားကို အေသးစိတ္ထုတ္ျပန္မယ္လို႔ သိရပါတယ္။ ဒီစည္းကမ္းခ်က္ေတြက အေျခခံပညာေက်ာင္း ေတြသာမက ပုဂၢလိကေက်ာင္းေတြအပါအဝင္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြပါ လိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။
ႀကိဳတင္ျပင္ဆင္တာေတြ အကုန္လုံးၿပီးသြားတဲ့အတြက္ ဇူလိုင္(၂၁)ရက္မွာ အထက္တန္းအဆင့္ေတြကိုဖြင့္တာပါ။ ပုံစံ (၄)မ်ိဳးေလာက္နဲ႔ ေက်ာင္းအလိုက္သူ႔ အစီအစဥ္နဲ႔သူသြားမယ္။ အထက္တန္းအဆင့္ေတြဖြင့္ၿပီး (၂)ပတ္ျပည့္လို႔ (၃)ပတ္ေျမာက္မွာ အလယ္တန္း အဆင့္ ေတြကိုဖြင့္မယ္။ ၿပီးမွာ မူလတန္းအဆင့္ကိုဖြင့္မွာဆိုေတာ့ (၃)သုတ္ခြဲၿပီးဖြင့္မွာပါ။ အဲဒီလိုေက်ာင္းေတြျပန္ဖြင့္တဲ့ အခါမွာလည္း ခ်မွတ္ထား တဲ့ စည္းကမ္းေတြက ပုဂၢလိကေက်ာင္းေတြေရာ၊ ဘကေက်ာင္းေတြေရာ လိုက္နာရမွာျဖစ္ၿပီး စည္းကမ္းပ်က္ကြက္မႈေတြ ရွိရင္ေတာ့ အေရး ယူမႈေတြလည္းရွိပါတယ္” လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။
Credit : Duwun