ၾကားသိရသမ်ွ

စိတ်ဓာတ်ကျနေတဲ့ COVID-19 လူနာတွေပျော်ရွှင်စေဖို့အတွက် အားရပါးရ ကပြရင်း နာမည်ကြီး သွားခဲ့တဲ့ ဆရာဝန် (ရုပ်သံ)

Written by Aung Lay

COVID-19 လူနာမ်ားအတြက္ ကခုန္ေဖ်ာ္ေျဖေပးခဲ့တဲ့ အိႏၵိယဆရာဝန္တစ္ဦးရဲ႕ ဗြီဒီယိုဖိုင္ဟာ Twitter မွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံရွိ Silchar Medical College မွ မ်က္လုံး၊ႏွာေခါင္းႏွင့္လည္ေခ်ာင္း (ENT) ခြဲစိတ္ ဆရာဝန္ေဒါက္တာ Arup Senapati ဟာ ပုဂၢိဳလ္ေရး အကာအကြယ္ပစၥည္းကိရိယာမ်ား (PPE) ကိုဝတ္ဆင္ၿပီး ကကြက္မ်ားကိုအခက္အခဲမရွိဘဲ ကျပခဲ့ပါတယ္။

Arup ရဲ႕ဗြီဒီယိုကိုမွ်ေဝခဲ့တဲ့ေဒါက္တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာမ်ား ေရွ႕မွာကခုန္ေဖ်ာ္ေျဖေပးျခင္းအားျဖင့္ သူတို႔အားေပ်ာ္႐ႊင္မႈကိုခံစားေစတယ္” ဟုေျပာၾကားခဲ့ပါတယ္။

ဗြီဒီယိုမွာေတာ့ Arup ဟာ ၂၀၁၉ခုႏွစ္ေဘာလီးဝုဒ္မွာhitျဖစ္ခဲ့တဲ့”War”႐ုပ္ရွင္ဇာတ္ကားရဲ႕ ဇာတ္ဝင္ဝင္ေတးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့”Ghungroo”သီခ်င္းကို ဟန္ခ်က္ညီစြာ ကခုန္ေနတာကိုေတြ႕ရမွာပါ။

အဆိုပါဗြီဒီယိုဟာ မွ်ေဝၿပီး တစ္ပတ္အၾကာမွာေတာ့ ၾကည့္ရႉသူေပါင္း ၅.၃ သန္းရရွိထားၿပီးျဖစ္ပါတယ္။ မ်ားစြာတဲ့လူေတြဟာ Arup ရဲ႕အကစြမ္းရည္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

အေရးႀကီးဆုံးက အခုလိုခက္ခဲတဲ့အခ်ိန္ေတြမွာ သူ႔ရဲတာဝန္ကိုခ်စ္ျမတ္ႏိုးျခင္းေၾကာင့္လည္းျဖစ္ပါတယ္။ အင္တာနက္အသုံးျပဳသူေတြက”သူဟာအရမ္းေကာင္းတယ္။ဒီစမ္းသပ္မႈကာလမွာ သူႏွင့္ ေရွ႕တန္းစစ္သည္မ်ားအားလုံးကိုဂုဏ္ျပဳပါတယ္။

ကြၽန္ေတာ္တို႔အားလုံး ေက်းဇူးတင္ပါတယ္။”၊”ဒီလူကိုေလးစားတယ္၊ေလးလံတဲ့ အဝတ္အစားကိုဝတ္ၿပီးအက ကျပခဲ့တယ္၊ေအးခ်မ္းေနတဲ့ရာသီဥတုနဲ႔ေဆး႐ုံမွာလုပ္ေနရတယ္၊အရမ္းေလးစားတယ္။”စတဲ့ ဂုဏ္ျပဳစကားမ်ားစြာကိုေရးသားေပးခဲ့ၾကပါတယ္။

အခုလိုေရာဂါကာလမွာ ေရွ႕တန္းကေနကာကြယ္ေပးေနၾကတဲ့ေရွ႕တန္းစစ္သည္ေတြ လည္း ေဒါက္တာ Arupလို စိတ္လြတ္ကိုယ္လြတ္ကခုန္ရင္း စိတ္၊ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္မႈေတြနည္းနည္းေလးဘဲျဖစ္ျဖစ္ ေျပေပ်ာက္သြားႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္မိသလို ေရာဂါေဝသနာခံစားေနၾကရတဲ့ လူနာေတြလည္း စိတ္ဓါတ္ႀကံခိုင္စြာ အားတင္းထားႏိုင္ပါေစလို႔လည္း ဆုေတာင္းေနမိပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

COVID-19 လူနာများအတွက် ကခုန်ဖျော်ဖြေပေးခဲ့တဲ့ အိန္ဒိယဆရာဝန်တစ်ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ Twitter မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရှိ Silchar Medical College မှ မျက်လုံး၊နှာခေါင်းနှင့်လည်ချောင်း (ENT) ခွဲစိတ် ဆရာဝန်ဒေါက်တာ Arup Senapati ဟာ ပုဂ္ဂိုလ်ရေး အကာအကွယ်ပစ္စည်းကိရိယာများ (PPE) ကိုဝတ်ဆင်ပြီး ကကွက်များကိုအခက်အခဲမရှိဘဲ ကပြခဲ့ပါတယ်။

Arup ရဲ့ဗွီဒီယိုကိုမျှဝေခဲ့တဲ့ဒေါက်တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာများ ရှေ့မှာကခုန်ဖျော်ဖြေပေးခြင်းအားဖြင့် သူတို့အားပျော်ရွှင်မှုကိုခံစားစေတယ်” ဟုပြောကြားခဲ့ပါတယ်။

ဗွီဒီယိုမှာတော့ Arup ဟာ ၂၀၁၉ခုနှစ်ဘောလီးဝုဒ်မှာhitဖြစ်ခဲ့တဲ့”War”ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့”Ghungroo”သီချင်းကို ဟန်ချက်ညီစွာ ကခုန်နေတာကိုတွေ့ရမှာပါ။

အဆိုပါဗွီဒီယိုဟာ မျှဝေပြီး တစ်ပတ်အကြာမှာတော့ ကြည့်ရှူသူပေါင်း ၅.၃ သန်းရရှိထားပြီးဖြစ်ပါတယ်။ များစွာတဲ့လူတွေဟာ Arup ရဲ့အကစွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။

အရေးကြီးဆုံးက အခုလိုခက်ခဲတဲ့အချိန်တွေမှာ သူ့ရဲတာဝန်ကိုချစ်မြတ်နိုးခြင်းကြောင့်လည်းဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတွေက”သူဟာအရမ်းကောင်းတယ်။ဒီစမ်းသပ်မှုကာလမှာ သူနှင့် ရှေ့တန်းစစ်သည်များအားလုံးကိုဂုဏ်ပြုပါတယ်။

ကျွန်တော်တို့အားလုံး ကျေးဇူးတင်ပါတယ်။”၊”ဒီလူကိုလေးစားတယ်၊လေးလံတဲ့ အဝတ်အစားကိုဝတ်ပြီးအက ကပြခဲ့တယ်၊အေးချမ်းနေတဲ့ရာသီဥတုနဲ့ဆေးရုံမှာလုပ်နေရတယ်၊အရမ်းလေးစားတယ်။”စတဲ့ ဂုဏ်ပြုစကားများစွာကိုရေးသားပေးခဲ့ကြပါတယ်။

အခုလိုရောဂါကာလမှာ ရှေ့တန်းကနေကာကွယ်ပေးနေကြတဲ့ရှေ့တန်းစစ်သည်တွေ လည်း ဒေါက်တာ Arupလို စိတ်လွတ်ကိုယ်လွတ်ကခုန်ရင်း စိတ်၊ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုတွေနည်းနည်းလေးဘဲဖြစ်ဖြစ် ပြေပျောက်သွားနိုင်မယ်လို့လည်း မျှော်လင့်မိသလို ရောဂါဝေသနာခံစားနေကြရတဲ့ လူနာတွေလည်း စိတ်ဓါတ်ကြံခိုင်စွာ အားတင်းထားနိုင်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

Jasmine (Mckzone Daily)

Source: nextshark

About the author

Aung Lay

Leave a Comment