ၾကားသိရသမ်ွ

သန်းတွေ့ ကတုံးတုံး ဆိုသလို မဟုတ်ဘဲ သန်းမရှိဘဲ ဆံပင်ရှိတဲ့ နည်းကို ရှာရတော့မယ့် မြန်မာပြည်…

Written by Aung Lay

“အရက္သမားရဲ႕သား အရက္ေသာက္တာ မဆန္း ပါဘူး ေဖေဖ အႏုပညာ သည္သား အႏုပညာျပခြင့္မရတာဆန္းတာပါ” ဆိုတဲ့ သၾကၤန္မိုးထဲက ဇာတ္ဝင္ခန္းေလးမွာ ေနေအာင္နဲ႔ ဇင္ဝိုင္းေျပာၾကာတာေလး သတိရမိတယ္။ လက္ရွိ အေနအထားမွာေတာ့ မုန္႔ဟင္းခါးသည္လည္း မုံဟင္းခါးမေရာင္းရတာ၊ ဆံပင္ညႇပ္ဆရာ ေတြက ဆံပင္ညႇပ္ခြင့္မရတာေတြ ကိုဗစ္ေၾကာင့္ျဖစ္ေနခ်ိန္ေပါ့ေလ။ လူသားေတြ ေက်ာက္ေခတ္ဂူေအာင္း အမဲလိုက္ကတည္းက စခဲ့ တဲ့ အလုပ္ခြဲျခားလုပ္ကိုင္ၾကတာေတြ၊ ပစၥည္းလဲလွယ္ၾကရာကေန ၾကားခံေငြစကၠဴေတြ ေပၚလာတာေတြကေန တဆင့္ ေျပာင္းလဲလာတဲ့ ယဥ္ေက်းမႈ႕ civilization ေတြ ရွိခဲ့တယ္။ အဲလိုေတြ အရ လူသားေတြက အလုပ္လုပ္ၾကရၿပီး ထြက္ကုန္ေတြ ခ်ိတ္ဆက္ လဲလွယ္ ၿပီး လူသားေတြ ဖြံ႕ၿဖိဳးလာၾကတာဆိုေတာ့၊ လူေတြ သူတို႔ အလုပ္လုပ္ခြင့္မရတာဟာ လည္ပတ္ေနတဲ့ လူေဘာင္ေလာကကို ထိုးရပ္ဖို႔ ျဖစ္လာသလို ျဖစ္တာလည္း ဆန္းေတာ့မဆန္းပါဘူး။

ေဘာဂေဗဒမွာ အလုပ္လက္မဲ့ဆိုတာ အလြန္ကို အေရးႀကီးတဲ့ ဦးစြာကိုင္တြယ္ ေျဖရွင္းရမည့္ အရာဆိုတာ ပညာရွင္ အားလုံးက လက္ခံထားၾကၿပီးသားပါ။ ႏိုင္ငံႀကီးျဖစ္တဲ့ ႐ုရွားမွာ ဇာဘုရင္ကို ျဖဳတ္ခ်ၿပီး နယ္ခ်ဲ႕ အရင္းရွင္ေခတ္ႀကီးစိုးေနခ်ိန္က အလုပ္သမား လယ္သမား ကိုယ္စားျပဳ အေရွ႕အုပ္စုေခါင္းေဆာင္ ဆိုဗီယက္ႀကီးရဲ႕ သမိုင္းမွာေတာင္ သူတို႔ တန္ဘိုးထားအေရးေပးတဲ့ အလုပ္သမားလယ္သမားေတြရွိလ်က္နဲ႔ လယ္ယာထြက္ ဂ်ဳံမေလာက္တာ၊ စက္႐ုံအလုပ္႐ုံေတြ ရွိလ်က္နဲ႔ ဂ်ဳံမဝယ္ႏိုင္တာ၊ ေရနံေဈးထိုးက်တာေတြကေန စနစ္တစ္ခု လႈပ္ခါၿပိဳလဲခဲ့ရဘူးသလို၊ ျမန္မာႏိုင္ငံမွာလည္း ၁၃၀၀ ျပည့္အေရးေတာ္ပုံလိုကာလဟာ အဲဒီေခတ္ စီးပြားပ်က္ကပ္ေၾကာင့္ ဆိုတာေတြ ဆက္စပ္ေနၾကပါတယ္။

မ်ားေသာအားျဖင့္ ကမာၻမွာျဖစ္ခဲ့တဲ့ ေတာ္လွန္ေရးေတြ အေျပာင္းအလဲ ေတြဟာ တိုင္းျပည္ စီးပြားပ်က္တာေတြနဲ႔ ဆက္စပ္ေနတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံ ေတြ က အလုပ္လက္မဲ့ ဆိုတာကို အေတာ္ ေစာင့္ၾကည့္ အေလးထားၾကတာ။ တကယ္ေတာ့လည္း တိုင္းျပည္ဝင္ေငြဆိုတာ တိုင္းျပည္ထဲကသူေတြ လုပ္ကိုင္စားေသာက္လို႔ ရတဲ့ ေငြေတြဆိုေတာ့ သူတို႔ ဝင္ေငြရမွ တိုင္းျပည္ေခ်ာင္လည္တာ၊ သူတို႔ ဝင္ေငြေကာင္းမွ တိုင္းျပည္ခ်မ္းသာတာ ျဖစ္တာေၾကာင့္ အလုပ္အကိုင္အခြင့္အလန္းဆိုတာ ဟာလည္း ေနရာတိုင္းမွာ အေရးပါတဲ့ အရာျဖစ္ေနရတာပါ။ တိုင္းသူျပည္သားအမ်ားစု ဝင္ေငြရေအာင္ လုပ္ကိုင္စားေသာက္ဖို႔ နဲ႔ မွ်တဖို႔ ေတြကိုလုပ္ေပးဖို႔ တာဝန္ရွိသူေတြက အစိုးရေတြပါ။ အခ်ိဳ႕ေခတ္ေတြမွာ အစိုးရေတြက သူတို႔ကိုယ္တိုင္ စက္႐ုံအလုပ္႐ုံေတြ ပိုင္ၿပီး အလုပ္ေပးတာရွိသလို ကိုယ္တိုင္မပါဘဲ လုပ္သာကိုင္သာဝန္းက်င္ေတြကို ဖန္တီးေပးတာ၊ လိုအပ္တဲ့ အေျခခံအေဆာက္အဦေတြကို ရေအာင္ စီမံေပးတာ ေတြေတြလည္း လုပ္ၾကပါတယ္။ ကိုယ့္ဆီကသူေတြ လုပ္စရာ အလုပ္ေတြရေစဖို႔ နဲ႔ အစိုးရ အခြန္အခေတြရဖို႔ ရင္းႏွီးျမဳတ္ႏွံမႈ႕ေတြလာေအာင္၊ နည္းပညာေတြရေအာင္၊ ေဈးကြက္မွာ ေနရာရေအာင္၊ ကိုယ္လူေတြဝင္ပါႏိုင္ေအာင္ အစိုးရေတြ ၿပိဳင္ဆိုင္ၿပီး ႀကိဳးစားၾကရတယ္။

သို႔ေသာ္ အခုလို ကိုဗစ္ေတြျဖစ္တဲ့ အခါမ်ိဳးမွာ လူေတြရဲ႕ အသက္ေတြက ပို အေရးႀကီးေတာ့ လူ႔အသက္ေတြမေသဖို႔ ေရာဂါေတြမပ်ံ႕ဖို႔ လုပ္ငန္းေတြရပ္ရတာ ေလေၾကာင္းလိုင္းေတြရပ္ကုန္တာ စတဲ့ ကန္႔သတ္မႈ႕ေတြ ေလာ့ေဒါင္းဆိုတာေတြ ျဖစ္လာတယ္။ အခိုက္အတန္႔ အားျဖင့္ လုပ္ငန္းေတြ လုပ္ခြင့္မရခ်ိန္မွာ၊ အိမ္ေတြမွာေနၾကခ်ိန္မွာ၊ ေရာဂါကိုကာကြယ္ႏိုင္သလိုရွိေပမဲ့၊ ၾကာရွည္ျဖစ္လာတဲ့အခါ ခက္ခဲလာၾကတယ္။ အလုပ္ကဝင္ေငြမရွိလို႔ လုပ္ခမေပးႏိုင္တာ၊ လုပ္ခြင့္မရွိလို႔ အလုပ္လုပ္မေပးႏိုင္တာ၊ ေရာင္းဝယ္ခြင့္မရွိလို႔ ဆိုင္ခန္းခ မေပးႏိုင္တာ၊ ဆိုင္ခန္းယူထားၿပီး အခမရလို႔ ရင္းထားတာေတြကေန သတ္မွတ္ဝင္ေငြရဖို႔ အခက္အခဲျဖစ္တာ။ ေက်ာင္းစာမသင္လို႔ ေက်ာင္းလခမေပးႏိုင္တာ၊ ေက်ာင္းလခ မရလို႔ ဆရာေတြ ၾကာၾကာဆက္မခန္႔ႏိုင္တာ၊ လခမရလို႔ အလုပ္မွာမေနႏိုင္တာ စတဲ့ ဇာတ္လမ္းေပါင္းစုံျဖစ္လာၾကားလာၾကရတယ္။ ပတ္လည္ရႈပ္ကုန္တတ္တယ္။

အေရးပါတဲ့ လုပ္ငန္းေတြဘဲ ခြင့္ျပဳတယ္ဆိုတာေတြရဲ႕ေနာက္မွာလည္း ဒီေခတ္မွာက အစုံ ခ်ိတ္ဆက္ေနေတာ့ အစားအေသာက္အတြက္ လည္း ေနာက္မွာ သယ္ယူပို႔ေဆာင္ေရး နဲ႔ခ်ိတ္ဆက္ ဆက္သြယ္ေရးေတြနဲ႔ ဝပ္ေရွာ့ေတြနဲ႔ ခ်ိတ္ဆက္ စတဲ့ လုပ္ငန္းစုံ က ေရာေနေတာ့ သီးျခားမတည္ႏိုင္ၾကေတာ့ Value chain , Supply chain နဲ႔ Globalization ဆိုတဲ့ ေခတ္မွာ ခ်ိတ္ဆက္လုပ္ငန္းေတြ ကို ဖယ္ ကန္႔ၿပီး အခ်ိဳ႕ဘဲ အေရးႀကီး ေပးဖို႔ဆိုတာလည္း စိန္ေခၚမႈ႕ႀကီးေတြျဖစ္လာတယ္။ တစ္ခါ ေသခ်ာေအာင္ ကန္႔သတ္ဖို႔ ထိမ္းခ်ဳပ္ဖို႔ဆိုတာလည္းကုန္က်စရိတ္ ရွိတယ္၊ စနစ္လိုတယ္၊ အရင္းအျမစ္ေတြ လိုၾကေသးတယ္။ ဘယ္ေလာက္ျဖစ္ရင္ ဘယ္လို ဧရိယာထိမ္းမယ္၊ ရပ္ကြက္ထိမ္းမယ္၊ ၿမိဳ႕နယ္ ေရွလေျမာ အကုန္ ထိမ္းမယ္ဆိုတာေတြ ကလည္း စည္းေတြ ေဘာင္ေတြဆိုေတာ့ကာ နီးတဲ့ အရပ္က လြတ္ေနၿပီး ေဝးတဲ့ အရပ္ စာရင္းဝင္တာမ်ိဳးေတြလည္းျဖစ္တယ္။ ထြက္ခြင့္ဆိုတာေတြ ဘာညာ ကိုင္တြယ္ဖို႔ဆိုတာကလည္း စိန္ေခၚမႈ႕ေတြအမ်ားႀကီးဆိုေတာ့ လက္ရွိက ကားအက္ဆိဒင့္ျဖစ္လာတဲ့ လူနာေဆးကုရသလို မေသဖို႔အေရးပါတဲ့ေနရာ ကုဖို႔ ႀကိဳးစားတိုင္း က်န္တဲ့ ေဝဒနာကို ဂ႐ုမစိုက္ဘူးေျပာတဲ့ လူမႈ႕ကြန္ယက္ေခတ္ဆိုျပန္ေတာ့လည္း လုပ္သူေတြ မလြယ္ၾကဘူးဆိုတာေတာ့ ေသျခာပါတယ္ တကယ္ကိုခက္ခဲပါတယ္။

သို႔ေသာ္ အဲလို ၿပိဳင္လုပ္ေနၾကရတဲ့ ႏိုင္ငံေတြကေတာ့ အမ်ားႀကီးဘဲ၊ အခ်ိဳ႕ကလည္း ပ႐ြက္ဆိပ္နဲ႔ ႏွံေကာင္ပုံျပင္ထဲကလို ႀကိဳတင္အစာေဖြစုေဆာင္းထားေတာ့ ပ႐ြက္ဆိတ္ေတြ ေဆာင္းခိုရလြယ္သလို၊ အခ်က္အလက္ေတြ စုံတာ စနစ္ေတြေဆာက္ထားႏိုင္တာ ေတြကေန သူတို႔တေတြက အိမ္ကေန အလုပ္လုပ္ႏိုင္တာ၊ တစ္ခါ သူတို႔က ေရာဂါ ျဖစ္တဲ့သူနဲ႔ ထိသူဘဲ ထိမ္းၿပီး က်န္တဲ့ အလုပ္ေတြ စနစ္တက် မကူးေအာင္ ဆက္လုပ္ႏိုင္စြမ္းရွိသူေတြကေတာ့ရထားမပိတ္၊ ကားမပိတ္၊ ေက်ာင္းမပိတ္ဘဲ၊ ရင္ဆိုင္ေနၾကတာရွိတယ္။ ဂ်ပန္ဆိုေလေၾကာင္းလိုင္းေတြဖြင့္ၿပီး အိုလံပစ္ ကိုေမွ်ာ္ခ်င္ေနၾကၿပီ၊ တ႐ုပ္ဆို ပစၥည္းေတြျပန္ထုတ္စက္႐ုံေတြျပန္လည္ေနၿပီ၊ expo အခ်ိဳ ျပန္စေနၿပီ၊ သူတို႔ လုပ္ငန္းေတြ ၿပိဳလဲမသြားဖို႔ အစိုးရက ကယ္တင္တာေတြ၊ လိုက္ဝယ္တာေတြ၊ လုပ္ကုန္ၿပီ၊ အေမရိကားလည္း စေတာ့ေတြထိုးမက်ဖို႔ စီမံေနၾကၿပီ။

တကယ္ေတာ့ လူေတြရဲ႕ လုပ္အားေတြ မရပ္ဖို႔၊ ကာယ ဉာဏ စြမ္းအားေတြ အသုံးဆက္ခ်ႏိုင္ဖို႔၊ ဝန္ေဆာင္မႈ႕ေတြ ဆက္ေရာင္းေနရဖို႔၊ လိုသလို ဝယ္လိုအားေတြလည္း ေပ်ာက္မသြားေအာင္ ပညာရွင္ေတြ ေလ့လာဖန္တီးေနၾကတာ ေတြ႕ေနရတယ္။ အဲလို ဖန္တီးၾကရမွာ ေျပာင္းလဲသြားတာကေတာ့ ေပးထားခ်က္မွာ ကိုဗစ္ေရာဂါမကူးေရး ဆိုတာႀကီးက ေရွ႕ဆုံးေရာက္လာတယ္။ ခက္တာက အဲဒီေရာဂါအေၾကာင္းက ေသခ်ာ ဂဃနဏ မသိၾကေသးဘူး၊ သိသေလာက္ သူကလည္း ေျပာင္းေနတာေတြလည္း ရွိေနေသးတယ္။ ကာကြယ္ေဆးက မေသခ်ာေသးဘူး။ ေဆးေတြ႕ရင္ေတာင္ ကြန္ပ်ဴတာဗိုင္းရပ္ေတြနဲ႔ ကာကြယ္တဲ့ စနစ္ေတြလို တစ္လွည့္စီ သူတစ္ျပန္ ကိုယ္တစ္ျပန္ ေပၚေနႏိုင္ၾကေသတယ္။ ထြက္ထားတဲ့ ေဆးမႏိုင္တဲ့ ကိုဗစ္ ဗားရွင္း ၂ တို႔ ၃ တို႔ျဖစ္မလားေတာ့မသိဘူး။

ဒီေတာ့ ေန႔တဒူဝမွာ အလုပ္ေတြ မလုပ္လို႔မရေတာ့၊ လုပ္ၾကရတာနဲ႔ လူခ်င္းနီးလို႔မရဆိုတဲ့ ကပ္ေတြ႕လို႔မရတဲ့ ေပးထားခ်က္ၾကားမွာ Work from Home ေတြ Online စနစ္ေတြ နည္းပညာေတြ နဲ႔လုပ္တာေတြ ရွိႏိုင္သလို စည္းနဲ႔ကမ္းနဲ႔ လက္ေဆးတာ Mask စနစ္တက် အမွန္အကန္တပ္တာ ခပ္ခြာခြာေနတာ စတဲ့ ဥပေဒသအသစ္ေတြကို လိုက္နာၿပီး ဗိုင္းရပ္ မဝင္ေအာင္ ေနျခင္းဆိုတာကို အလုပ္လုပ္ျခင္းနဲ႔ ၿပိဳင္တူ ျဖစ္ေစႏိုင္တဲ့ New Normal ဆိုတာႀကီးကို တီထြင္ဖန္တီး လိုက္နာက်င့္သုံးႏိုင္ဖို႔ က ေခတ္သစ္ရဲ႕ စိန္ေခၚမႈ႕အသစ္ျဖစ္လာတယ္။

ဘာလို႔လည္းဆိုေတာ့ First Wave , Second Wave စတာေတြက ဘယ္ေလာက္ထိလာမွာ ဆိုတာမသိႏိုင္ဘူး၊ မုန္းတိုင္းလို မီးေလာင္သလို ငလ်င္လို ဝုန္းဒိုင္းပ်က္ၿပီး ျပန္တည္ေဆာက္ၾကရတာမဟုတ္ေတာ့ အဲဒီအဖ်က္ေတြလို တစ္ေနရာထဲ ကြက္ျဖစ္တာမဟုတ္ဘဲ တစ္ကမာၻလုံးၿပိဳင္တူျဖစ္တာဆိုေတာ့ အရင္တြက္ဘူးတဲ့ ပုစာၦေတြနဲ႔ မတူတာေသခ်ာၿပီး အေျဖအတြက္ တြက္နည္းသစ္ေတာ့ ရွာၾကရမွာဘဲ။ ႏိုင္ငံေတြအေနနဲ႔ သူတို႔ ရဲ႕ အားနဲ အားသာခ်က္ေတြအရ ရင္ဆိုင္ရတာေတြမွာ တူၾကမွာမဟုတ္ေပမဲ့ ေအာင္ျမင္ျခင္း ဆုံးရႈံးျခင္းက ေနာက္ ရည္ရွည္တိုက္ပြဲျဖစ္လို႔ အင္အား ပုံမေအာမိဖို႔ကလည္း အေရးႀကီးေသးတယ္။ တာေဝးေျပးရမွာ သိမ္ေမြ႕တယ္ဆိုတာ သတိျပဳေနဖို႔လည္းလိုတယ္၊ ဇြဲလည္းေလ်ာ့မရသလို တစ္ဦးေကာင္းတစ္ေယာက္ေကာင္း မရသလို သူရဲေကာင္းလိုက္ကယ္လို႔လည္းမရဘူး။

ေလာေလာဆယ္ေတာ့ လက္ရွိေပးထားခ်က္ေတြျဖစ္တဲ့ ေရာဂါအေနအထားနဲ႔ ပိတ္ပင္တာ ထုတ္တဲ့ ဥပေဒေတြ စည္းကမ္းေတြ ကိုင္တြယ္တာေတြကေန ျပန္ သုံးသပ္ၿပီး ေရာဂါကို ေဆးေပးသလို ေပးတဲ့ေဆးက ထိေရာက္သလား သုံးသပ္ၾကည့္ဖိုလိုၿပီ၊ တစ္ခါ ေဆးေၾကာင့္ျဖစ္တဲ့ ေဘးထြက္ဆိုးက်ိဳးရွိမရွိသုံးသပ္ၿပီး တြက္ခ်က္ႏိုင္ဖို႔လိုၿပီ၊ မထိေရာက္တာေတြအတြက္ ထပ္ေဆာင္းေဆးေတြ ထပ္ေပးရတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္။ အလားတူဘဲ ေရာဂါ အသက္ေတြက အေရးႀကီးလို႔ က်န္တာအေရးမႀကီးရဘူးဆိုတဲ့ စနစ္ကိုလည္း ျပန္သုံးသပ္သင့္တယ္။ တစ္ခါ လုပ္ငန္းေတြမပ်က္ဖို႔ ကယ္ခ်င္ရင္ သီလရွင္ဆန္ေဝသလို မွ်တသင့္သလား၊ ထိေရာက္ေအာင္သုံးဖို႔ မၿပိဳပ်က္ေစေအာင္ ႏိုင္ငံေပါင္းစုံက နည္းလမ္းေတြ နည္းနာယူၿပီး လြာသုံးသင့္လားဆိုတာလည္း ျပန္သုံးသပ္ၾကည့္သင့္ၿပီလို႔ထင္တယ္။

တကယ္တြက္ရမွာက က်မ္းမာေရး ေစာင့္ေရွာက္မႈ႕အေနအထား ကိုင္တြယ္ထိမ္းသိမ္းႏိုင္စြမ္း ရွိတဲ့ အရင္းအျမစ္ နဲ႔ သူတို႔ရဲ႕ သက္လုံေတြ အေနအထားေတြလည္း ေလ်ာ့မတြက္ေစခ်င္သလို လႉတယ္ေကြၽးတယ္ဆိုတာေတြရဲ႕ ရည္ရွည္တည္တန္႔ႏိုင္စြမ္းနဲ႔ ေတာင့္ခံႏိုင္စြမ္းေတြကိုလည္း ေသခ်ာတြက္ထားသင့္တယ္။ စီမံခန္႔ခြဲမႈ႕မွာ သန္းေတြ႕ကတုံးတုံးဆိုသလို အျပတ္ရွင္းသင့္လား သန္းမရွိဘဲ ဆံပင္ရွိတဲ့နည္းေရာမရွိဘူးလားဆိုတာေတာ့ အေျဖရွာသင့္ပါတယ္။ တကယ္ေတာ့ ကပ္ေရာဂါဟာ အေရးႀကီးပါတယ္။ ေၾကာက္စရာေကာင္းပါတယ္။ သို႔ေသာ္ တစ္ဖက္မွာလည္း ႏိုင္ငံေတြ တိုင္းျပည္ေတြ ၿမိဳ႕ျပေတြ လူသားေတြ အလုပ္မလုပ္ဘဲအၾကာႀကီး သူတို႔ ရပ္တည္ဖို႔ တည္မွီဖို႔ ရွင္သန္ဖို႔ ဆိုတာ ခက္ခဲပါတယ္။ အလုပ္လက္မဲ့ေတြကေန လုပ္ငန္းေတြထိေပ်ာက္သြားတာ ဝင္ေငြအားလုံးေပ်ာက္သြားတာ အနာတ္ေတြေပ်ာက္သြားတာ ျဖစ္လို႔မရသလို ေရာဂါကိုဂ႐ုမစိုက္လို႔ အေလးမထားလို႔မရပါဘူး။

ဒီေတာ့ New Normal မွာ ရွင္သန္ဖို႔ ေရာဂါနဲ႔ ရည္ရည္အတူေနၿပီး လူသားတို႔လုပ္စရာရွိတာေတြ ဆက္လုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္းအသစ္ေတြကို ဖန္တီးတီထြင္ၾက၊ စနစ္ေတြ ဖန္တီးတီထြင္လိုက္နာၾက၊ ဝန္ေဆာင္မႈ႕ အသစ္ေတြ ထုတ္ကုန္အသစ္ေတြ နဲ႔ ေျပာင္းလဲအသက္ေမြးၾကေစဖို႔ အတြက္ ကမာၻ႔ႏိုင္ငံေတြက သူေတြကို ဥပေဒသအသစ္ စံႏႈံးအသစ္ ေဘာင္အသစ္မွာ ထပ္ၿပိဳင္ခိုင္းတာျဖစ္လို႔ ပုန္းေရွာင္မေနဘဲ ရင္ဆိုင္ဖို႔ လိုပါတယ္။ လာမဲ့ေဘးေျပးေတြ႕ရင္ဆိုင္လို႔ မရႏိုင္ပါဘူး။ ပညာကိုသုံး ဉာဏ္ကို သုံးၿပီး နည္းလမ္းရွာ စနစ္ထြင့္ စုစည္းညီၫြတ္ၿပီး ရင္ဆိုင္ၾကရမယ္လို႔ ျမင္မိပါတယ္။ အားလုံး ေရာဂါဘယရန္က ကင္းေဝးၾကပါေစ၊ အရာရာ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ၾကပါေစခင္ဗ်ာ။

Ye Myat Thu (Zaw Gyi Font တီထြင္သူ)

Unicode

“အရက်သမားရဲ့သား အရက်သောက်တာ မဆန်း ပါဘူး ဖေဖေ အနုပညာ သည်သား အနုပညာပြခွင့်မရတာဆန်းတာပါ” ဆိုတဲ့ သင်္ကြန်မိုးထဲက ဇာတ်ဝင်ခန်းလေးမှာ နေအောင်နဲ့ ဇင်ဝိုင်းပြောကြာတာလေး သတိရမိတယ်။ လက်ရှိ အနေအထားမှာတော့ မုန့်ဟင်းခါးသည်လည်း မုံဟင်းခါးမရောင်းရတာ၊ ဆံပင်ညှပ်ဆရာ တွေက ဆံပင်ညှပ်ခွင့်မရတာတွေ ကိုဗစ်ကြောင့်ဖြစ်နေချိန်ပေါ့လေ။ လူသားတွေ ကျောက်ခေတ်ဂူအောင်း အမဲလိုက်ကတည်းက စခဲ့ တဲ့ အလုပ်ခွဲခြားလုပ်ကိုင်ကြတာတွေ၊ ပစ္စည်းလဲလှယ်ကြရာကနေ ကြားခံငွေစက္ကူတွေ ပေါ်လာတာတွေကနေ တဆင့် ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု့ civilization တွေ ရှိခဲ့တယ်။ အဲလိုတွေ အရ လူသားတွေက အလုပ်လုပ်ကြရပြီး ထွက်ကုန်တွေ ချိတ်ဆက် လဲလှယ် ပြီး လူသားတွေ ဖွံ့ဖြိုးလာကြတာဆိုတော့၊ လူတွေ သူတို့ အလုပ်လုပ်ခွင့်မရတာဟာ လည်ပတ်နေတဲ့ လူဘောင်လောကကို ထိုးရပ်ဖို့ ဖြစ်လာသလို ဖြစ်တာလည်း ဆန်းတော့မဆန်းပါဘူး။

ဘောဂဗေဒမှာ အလုပ်လက်မဲ့ဆိုတာ အလွန်ကို အရေးကြီးတဲ့ ဦးစွာကိုင်တွယ် ဖြေရှင်းရမည့် အရာဆိုတာ ပညာရှင် အားလုံးက လက်ခံထားကြပြီးသားပါ။ နိုင်ငံကြီးဖြစ်တဲ့ ရုရှားမှာ ဇာဘုရင်ကို ဖြုတ်ချပြီး နယ်ချဲ့ အရင်းရှင်ခေတ်ကြီးစိုးနေချိန်က အလုပ်သမား လယ်သမား ကိုယ်စားပြု အရှေ့အုပ်စုခေါင်းဆောင် ဆိုဗီယက်ကြီးရဲ့ သမိုင်းမှာတောင် သူတို့ တန်ဘိုးထားအရေးပေးတဲ့ အလုပ်သမားလယ်သမားတွေရှိလျက်နဲ့ လယ်ယာထွက် ဂျုံမလောက်တာ၊ စက်ရုံအလုပ်ရုံတွေ ရှိလျက်နဲ့ ဂျုံမဝယ်နိုင်တာ၊ ရေနံဈေးထိုးကျတာတွေကနေ စနစ်တစ်ခု လှုပ်ခါပြိုလဲခဲ့ရဘူးသလို၊ မြန်မာနိုင်ငံမှာလည်း ၁၃၀၀ ပြည့်အရေးတော်ပုံလိုကာလဟာ အဲဒီခေတ် စီးပွားပျက်ကပ်ကြောင့် ဆိုတာတွေ ဆက်စပ်နေကြပါတယ်။

များသောအားဖြင့် ကမ္ဘာမှာဖြစ်ခဲ့တဲ့ တော်လှန်ရေးတွေ အပြောင်းအလဲ တွေဟာ တိုင်းပြည် စီးပွားပျက်တာတွေနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်လည်း နိုင်ငံ တွေ က အလုပ်လက်မဲ့ ဆိုတာကို အတော် စောင့်ကြည့် အလေးထားကြတာ။ တကယ်တော့လည်း တိုင်းပြည်ဝင်ငွေဆိုတာ တိုင်းပြည်ထဲကသူတွေ လုပ်ကိုင်စားသောက်လို့ ရတဲ့ ငွေတွေဆိုတော့ သူတို့ ဝင်ငွေရမှ တိုင်းပြည်ချောင်လည်တာ၊ သူတို့ ဝင်ငွေကောင်းမှ တိုင်းပြည်ချမ်းသာတာ ဖြစ်တာကြောင့် အလုပ်အကိုင်အခွင့်အလန်းဆိုတာ ဟာလည်း နေရာတိုင်းမှာ အရေးပါတဲ့ အရာဖြစ်နေရတာပါ။ တိုင်းသူပြည်သားအများစု ဝင်ငွေရအောင် လုပ်ကိုင်စားသောက်ဖို့ နဲ့ မျှတဖို့ တွေကိုလုပ်ပေးဖို့ တာဝန်ရှိသူတွေက အစိုးရတွေပါ။ အချို့ခေတ်တွေမှာ အစိုးရတွေက သူတို့ကိုယ်တိုင် စက်ရုံအလုပ်ရုံတွေ ပိုင်ပြီး အလုပ်ပေးတာရှိသလို ကိုယ်တိုင်မပါဘဲ လုပ်သာကိုင်သာဝန်းကျင်တွေကို ဖန်တီးပေးတာ၊ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ရအောင် စီမံပေးတာ တွေတွေလည်း လုပ်ကြပါတယ်။ ကိုယ့်ဆီကသူတွေ လုပ်စရာ အလုပ်တွေရစေဖို့ နဲ့ အစိုးရ အခွန်အခတွေရဖို့ ရင်းနှီးမြုတ်နှံမှု့တွေလာအောင်၊ နည်းပညာတွေရအောင်၊ ဈေးကွက်မှာ နေရာရအောင်၊ ကိုယ်လူတွေဝင်ပါနိုင်အောင် အစိုးရတွေ ပြိုင်ဆိုင်ပြီး ကြိုးစားကြရတယ်။

သို့သော် အခုလို ကိုဗစ်တွေဖြစ်တဲ့ အခါမျိုးမှာ လူတွေရဲ့ အသက်တွေက ပို အရေးကြီးတော့ လူ့အသက်တွေမသေဖို့ ရောဂါတွေမပျံ့ဖို့ လုပ်ငန်းတွေရပ်ရတာ လေကြောင်းလိုင်းတွေရပ်ကုန်တာ စတဲ့ ကန့်သတ်မှု့တွေ လော့ဒေါင်းဆိုတာတွေ ဖြစ်လာတယ်။ အခိုက်အတန့် အားဖြင့် လုပ်ငန်းတွေ လုပ်ခွင့်မရချိန်မှာ၊ အိမ်တွေမှာနေကြချိန်မှာ၊ ရောဂါကိုကာကွယ်နိုင်သလိုရှိပေမဲ့၊ ကြာရှည်ဖြစ်လာတဲ့အခါ ခက်ခဲလာကြတယ်။ အလုပ်ကဝင်ငွေမရှိလို့ လုပ်ခမပေးနိုင်တာ၊ လုပ်ခွင့်မရှိလို့ အလုပ်လုပ်မပေးနိုင်တာ၊ ရောင်းဝယ်ခွင့်မရှိလို့ ဆိုင်ခန်းခ မပေးနိုင်တာ၊ ဆိုင်ခန်းယူထားပြီး အခမရလို့ ရင်းထားတာတွေကနေ သတ်မှတ်ဝင်ငွေရဖို့ အခက်အခဲဖြစ်တာ။ ကျောင်းစာမသင်လို့ ကျောင်းလခမပေးနိုင်တာ၊ ကျောင်းလခ မရလို့ ဆရာတွေ ကြာကြာဆက်မခန့်နိုင်တာ၊ လခမရလို့ အလုပ်မှာမနေနိုင်တာ စတဲ့ ဇာတ်လမ်းပေါင်းစုံဖြစ်လာကြားလာကြရတယ်။ ပတ်လည်ရှုပ်ကုန်တတ်တယ်။

အရေးပါတဲ့ လုပ်ငန်းတွေဘဲ ခွင့်ပြုတယ်ဆိုတာတွေရဲ့နောက်မှာလည်း ဒီခေတ်မှာက အစုံ ချိတ်ဆက်နေတော့ အစားအသောက်အတွက် လည်း နောက်မှာ သယ်ယူပို့ဆောင်ရေး နဲ့ချိတ်ဆက် ဆက်သွယ်ရေးတွေနဲ့ ဝပ်ရှော့တွေနဲ့ ချိတ်ဆက် စတဲ့ လုပ်ငန်းစုံ က ရောနေတော့ သီးခြားမတည်နိုင်ကြတော့ Value chain , Supply chain နဲ့ Globalization ဆိုတဲ့ ခေတ်မှာ ချိတ်ဆက်လုပ်ငန်းတွေ ကို ဖယ် ကန့်ပြီး အချို့ဘဲ အရေးကြီး ပေးဖို့ဆိုတာလည်း စိန်ခေါ်မှု့ကြီးတွေဖြစ်လာတယ်။ တစ်ခါ သေချာအောင် ကန့်သတ်ဖို့ ထိမ်းချုပ်ဖို့ဆိုတာလည်းကုန်ကျစရိတ် ရှိတယ်၊ စနစ်လိုတယ်၊ အရင်းအမြစ်တွေ လိုကြသေးတယ်။ ဘယ်လောက်ဖြစ်ရင် ဘယ်လို ဧရိယာထိမ်းမယ်၊ ရပ်ကွက်ထိမ်းမယ်၊ မြို့နယ် ရှေလမြော အကုန် ထိမ်းမယ်ဆိုတာတွေ ကလည်း စည်းတွေ ဘောင်တွေဆိုတော့ကာ နီးတဲ့ အရပ်က လွတ်နေပြီး ဝေးတဲ့ အရပ် စာရင်းဝင်တာမျိုးတွေလည်းဖြစ်တယ်။ ထွက်ခွင့်ဆိုတာတွေ ဘာညာ ကိုင်တွယ်ဖို့ဆိုတာကလည်း စိန်ခေါ်မှု့တွေအများကြီးဆိုတော့ လက်ရှိက ကားအက်ဆိဒင့်ဖြစ်လာတဲ့ လူနာဆေးကုရသလို မသေဖို့အရေးပါတဲ့နေရာ ကုဖို့ ကြိုးစားတိုင်း ကျန်တဲ့ ဝေဒနာကို ဂရုမစိုက်ဘူးပြောတဲ့ လူမှု့ကွန်ယက်ခေတ်ဆိုပြန်တော့လည်း လုပ်သူတွေ မလွယ်ကြဘူးဆိုတာတော့ သေခြာပါတယ် တကယ်ကိုခက်ခဲပါတယ်။

သို့သော် အဲလို ပြိုင်လုပ်နေကြရတဲ့ နိုင်ငံတွေကတော့ အများကြီးဘဲ၊ အချို့ကလည်း ပရွက်ဆိပ်နဲ့ နှံကောင်ပုံပြင်ထဲကလို ကြိုတင်အစာဖွေစုဆောင်းထားတော့ ပရွက်ဆိတ်တွေ ဆောင်းခိုရလွယ်သလို၊ အချက်အလက်တွေ စုံတာ စနစ်တွေဆောက်ထားနိုင်တာ တွေကနေ သူတို့တတွေက အိမ်ကနေ အလုပ်လုပ်နိုင်တာ၊ တစ်ခါ သူတို့က ရောဂါ ဖြစ်တဲ့သူနဲ့ ထိသူဘဲ ထိမ်းပြီး ကျန်တဲ့ အလုပ်တွေ စနစ်တကျ မကူးအောင် ဆက်လုပ်နိုင်စွမ်းရှိသူတွေကတော့
ရထားမပိတ်၊ ကားမပိတ်၊ ကျောင်းမပိတ်ဘဲ၊ ရင်ဆိုင်နေကြတာရှိတယ်။ ဂျပန်ဆိုလေကြောင်းလိုင်းတွေဖွင့်ပြီး အိုလံပစ် ကိုမျှော်ချင်နေကြပြီ၊ တရုပ်ဆို ပစ္စည်းတွေပြန်ထုတ်စက်ရုံတွေပြန်လည်နေပြီ၊ expo အချို ပြန်စနေပြီ၊ သူတို့ လုပ်ငန်းတွေ ပြိုလဲမသွားဖို့ အစိုးရက ကယ်တင်တာတွေ၊ လိုက်ဝယ်တာတွေ၊ လုပ်ကုန်ပြီ၊ အမေရိကားလည်း စတော့တွေထိုးမကျဖို့ စီမံနေကြပြီ။

တကယ်တော့ လူတွေရဲ့ လုပ်အားတွေ မရပ်ဖို့၊ ကာယ ဉာဏ စွမ်းအားတွေ အသုံးဆက်ချနိုင်ဖို့၊ ဝန်ဆောင်မှု့တွေ ဆက်ရောင်းနေရဖို့၊ လိုသလို ဝယ်လိုအားတွေလည်း ပျောက်မသွားအောင် ပညာရှင်တွေ လေ့လာဖန်တီးနေကြတာ တွေ့နေရတယ်။ အဲလို ဖန်တီးကြရမှာ ပြောင်းလဲသွားတာကတော့ ပေးထားချက်မှာ ကိုဗစ်ရောဂါမကူးရေး ဆိုတာကြီးက ရှေ့ဆုံးရောက်လာတယ်။ ခက်တာက အဲဒီရောဂါအကြောင်းက သေချာ ဂဃနဏ မသိကြသေးဘူး၊ သိသလောက် သူကလည်း ပြောင်းနေတာတွေလည်း ရှိနေသေးတယ်။ ကာကွယ်ဆေးက မသေချာသေးဘူး။ ဆေးတွေ့ရင်တောင် ကွန်ပျူတာဗိုင်းရပ်တွေနဲ့ ကာကွယ်တဲ့ စနစ်တွေလို တစ်လှည့်စီ သူတစ်ပြန် ကိုယ်တစ်ပြန် ပေါ်နေနိုင်ကြသေတယ်။ ထွက်ထားတဲ့ ဆေးမနိုင်တဲ့ ကိုဗစ် ဗားရှင်း ၂ တို့ ၃ တို့ဖြစ်မလားတော့မသိဘူး။

ဒီတော့ နေ့တဒူဝမှာ အလုပ်တွေ မလုပ်လို့မရတော့၊ လုပ်ကြရတာနဲ့ လူချင်းနီးလို့မရဆိုတဲ့ ကပ်တွေ့လို့မရတဲ့ ပေးထားချက်ကြားမှာ Work from Home တွေ Online စနစ်တွေ နည်းပညာတွေ နဲ့လုပ်တာတွေ ရှိနိုင်သလို စည်းနဲ့ကမ်းနဲ့ လက်ဆေးတာ Mask စနစ်တကျ အမှန်အကန်တပ်တာ ခပ်ခွာခွာနေတာ စတဲ့ ဥပဒေသအသစ်တွေကို လိုက်နာပြီး ဗိုင်းရပ် မဝင်အောင် နေခြင်းဆိုတာကို အလုပ်လုပ်ခြင်းနဲ့ ပြိုင်တူ ဖြစ်စေနိုင်တဲ့ New Normal ဆိုတာကြီးကို တီထွင်ဖန်တီး လိုက်နာကျင့်သုံးနိုင်ဖို့ က ခေတ်သစ်ရဲ့ စိန်ခေါ်မှု့အသစ်ဖြစ်လာတယ်။

ဘာလို့လည်းဆိုတော့ First Wave , Second Wave စတာတွေက ဘယ်လောက်ထိလာမှာ ဆိုတာမသိနိုင်ဘူး၊ မုန်းတိုင်းလို မီးလောင်သလို ငလျင်လို ဝုန်းဒိုင်းပျက်ပြီး ပြန်တည်ဆောက်ကြရတာမဟုတ်တော့ အဲဒီအဖျက်တွေလို တစ်နေရာထဲ ကွက်ဖြစ်တာမဟုတ်ဘဲ တစ်ကမ္ဘာလုံးပြိုင်တူဖြစ်တာဆိုတော့ အရင်တွက်ဘူးတဲ့ ပုစ္ဆာတွေနဲ့ မတူတာသေချာပြီး အဖြေအတွက် တွက်နည်းသစ်တော့ ရှာကြရမှာဘဲ။ နိုင်ငံတွေအနေနဲ့ သူတို့ ရဲ့ အားနဲ အားသာချက်တွေအရ ရင်ဆိုင်ရတာတွေမှာ တူကြမှာမဟုတ်ပေမဲ့ အောင်မြင်ခြင်း ဆုံးရှုံးခြင်းက နောက် ရည်ရှည်တိုက်ပွဲဖြစ်လို့ အင်အား ပုံမအောမိဖို့ကလည်း အရေးကြီးသေးတယ်။ တာဝေးပြေးရမှာ သိမ်မွေ့တယ်ဆိုတာ သတိပြုနေဖို့လည်းလိုတယ်၊ ဇွဲလည်းလျော့မရသလို တစ်ဦးကောင်းတစ်ယောက်ကောင်း မရသလို သူရဲကောင်းလိုက်ကယ်လို့လည်းမရဘူး။

လောလောဆယ်တော့ လက်ရှိပေးထားချက်တွေဖြစ်တဲ့ ရောဂါအနေအထားနဲ့ ပိတ်ပင်တာ ထုတ်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ကိုင်တွယ်တာတွေကနေ ပြန် သုံးသပ်ပြီး ရောဂါကို ဆေးပေးသလို ပေးတဲ့ဆေးက ထိရောက်သလား သုံးသပ်ကြည့်ဖိုလိုပြီ၊ တစ်ခါ ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးရှိမရှိသုံးသပ်ပြီး တွက်ချက်နိုင်ဖို့လိုပြီ၊ မထိရောက်တာတွေအတွက် ထပ်ဆောင်းဆေးတွေ ထပ်ပေးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အလားတူဘဲ ရောဂါ အသက်တွေက အရေးကြီးလို့ ကျန်တာအရေးမကြီးရဘူးဆိုတဲ့ စနစ်ကိုလည်း ပြန်သုံးသပ်သင့်တယ်။ တစ်ခါ လုပ်ငန်းတွေမပျက်ဖို့ ကယ်ချင်ရင် သီလရှင်ဆန်ဝေသလို မျှတသင့်သလား၊ ထိရောက်အောင်သုံးဖို့ မပြိုပျက်စေအောင် နိုင်ငံပေါင်းစုံက နည်းလမ်းတွေ နည်းနာယူပြီး လွာသုံးသင့်လားဆိုတာလည်း ပြန်သုံးသပ်ကြည့်သင့်ပြီလို့ထင်တယ်။

တကယ်တွက်ရမှာက ကျမ်းမာရေး စောင့်ရှောက်မှု့အနေအထား ကိုင်တွယ်ထိမ်းသိမ်းနိုင်စွမ်း ရှိတဲ့ အရင်းအမြစ် နဲ့ သူတို့ရဲ့ သက်လုံတွေ အနေအထားတွေလည်း လျော့မတွက်စေချင်သလို လှူတယ်ကျွေးတယ်ဆိုတာတွေရဲ့ ရည်ရှည်တည်တန့်နိုင်စွမ်းနဲ့ တောင့်ခံနိုင်စွမ်းတွေကိုလည်း သေချာတွက်ထားသင့်တယ်။ စီမံခန့်ခွဲမှု့မှာ သန်းတွေ့ကတုံးတုံးဆိုသလို အပြတ်ရှင်းသင့်လား သန်းမရှိဘဲ ဆံပင်ရှိတဲ့နည်းရောမရှိဘူးလားဆိုတာတော့ အဖြေရှာသင့်ပါတယ်။ တကယ်တော့ ကပ်ရောဂါဟာ အရေးကြီးပါတယ်။ ကြောက်စရာကောင်းပါတယ်။ သို့သော် တစ်ဖက်မှာလည်း နိုင်ငံတွေ တိုင်းပြည်တွေ မြို့ပြတွေ လူသားတွေ အလုပ်မလုပ်ဘဲအကြာကြီး သူတို့ ရပ်တည်ဖို့ တည်မှီဖို့ ရှင်သန်ဖို့ ဆိုတာ ခက်ခဲပါတယ်။ အလုပ်လက်မဲ့တွေကနေ လုပ်ငန်းတွေထိပျောက်သွားတာ ဝင်ငွေအားလုံးပျောက်သွားတာ အနာတ်တွေပျောက်သွားတာ ဖြစ်လို့မရသလို ရောဂါကိုဂရုမစိုက်လို့ အလေးမထားလို့မရပါဘူး။

ဒီတော့ New Normal မှာ ရှင်သန်ဖို့ ရောဂါနဲ့ ရည်ရည်အတူနေပြီး လူသားတို့လုပ်စရာရှိတာတွေ ဆက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းအသစ်တွေကို ဖန်တီးတီထွင်ကြ၊ စနစ်တွေ ဖန်တီးတီထွင်လိုက်နာကြ၊ ဝန်ဆောင်မှု့ အသစ်တွေ ထုတ်ကုန်အသစ်တွေ နဲ့ ပြောင်းလဲအသက်မွေးကြစေဖို့ အတွက် ကမ္ဘာ့နိုင်ငံတွေက သူတွေကို ဥပဒေသအသစ် စံနှုံးအသစ် ဘောင်အသစ်မှာ ထပ်ပြိုင်ခိုင်းတာဖြစ်လို့ ပုန်းရှောင်မနေဘဲ ရင်ဆိုင်ဖို့ လိုပါတယ်။ လာမဲ့ဘေးပြေးတွေ့ရင်ဆိုင်လို့ မရနိုင်ပါဘူး။ ပညာကိုသုံး ဉာဏ်ကို သုံးပြီး နည်းလမ်းရှာ စနစ်ထွင့် စုစည်းညီညွတ်ပြီး ရင်ဆိုင်ကြရမယ်လို့ မြင်မိပါတယ်။ အားလုံး ရောဂါဘယရန်က ကင်းဝေးကြပါစေ၊ အရာရာ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေခင်ဗျာ။

Ye Myat Thu (Zaw Gyi Font တီထွင်သူ)

About the author

Aung Lay

Leave a Comment