Isabell က သူမရဲ့ အကြောင်းကို ပြန်လည်ပြောပြရာ မှာတော့ ” ကျွန်မ နဲ့ Bayram ဟာ Facebook မှာ စတင်တွေ့ဆုံခဲ့ကြ ပါတယ်။ ကျွန်မက Bayram ကို လူမှားပြီး စကားသွားပြောခဲ့ပေမယ့် Bayram ကလည်း လူမှားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုကြရင်း ခင်မင်ရင်းနှီး သွားခဲ့ပြီး နောက်ရက်တွေ မှာတော့ နေ့တိုင်း စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ တခါတလေ မနက် ၃ နာရီ ထိတောင် စကားတွေပြောဖြစ် ခဲ့ကြပါတယ်။
အသက် ကွာခြားမှုကြောင့် ကျွန်မ သူ့ကိုသံသယ ဖြစ်စရာတွေရှိပေမယ့် သူ့အနေနဲ့ ကျွန်မကိုပိုက်ဆံတောင်းတာမျိုးလည်း မရှိသလို ဘာမှတောင်း ဆိုတာတွေ မရှိခဲ့ဘူး။ သူက ကျွန်မသူ့ဆီသွားနေ မှာလား ဒါမှမဟုတ် သူက ကျွန်မ ဆီကိုလာနေရမှာလားဆိုတာ သူ့အတွက် အရေးကြီးမနေခဲ့ဘူး။ ကျွန်မက အင်္ဂလန်မှာရှိတဲ့ မိသားစုကိုမခွဲနိုင်တာကြောင့် အင်္ဂလန်မှာပဲ နေချင် ခဲ့ပါတယ် ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။
သူတို့ဟာ အင်္ဂလန် မှာနေထိုင်ဖို့ စီစဉ်ထား ခဲ့ကြပေမယ့် ကိုရိုနာ ဗိုင်းရပ်ကပ်ဘေးကြောင့် လေကြောင်း လိုင်းများ ကန့်သတ်ထားရာမှ လတ်တလော မှာတော့ တူနီးရှားမှာပဲ ဆက်လက် နေထိုင်နေကြပါတယ်။ အ မျိုးသမီး တစ်ဦးဟာ သူမ ထက် အသက် ၃၇ နှစ် ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ Facebook ပေါ်မှာ လူမှားပြီး စကားပြောခဲ့ ရာမှ အဆိုပါကောင်လေး နှင့် ခင်မင်ရင်းနှီး သွားခဲ့ပြီး ချစ်ကြိုက် သွားခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ Kent ဒေသမှ အဆိုပါအမျိုးသမီးရဲ့နာမည်ကေ တာ့ Isabell Dibble ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ Isabell ဟာ ပြီးခဲ့တဲ့ နှစ် မေလမှာ အသက် ၂၆ နှစ်အရွယ် Bayram Boussada ဆိုတဲ့ အမျိုးသား ကို Facebook မှာ စ add ခဲ့ပြီး သူငယ်ချင်း ဖြစ် သွားခဲ့ ကြပါတယ်။ အစပိုင်း မှာတော့ Isabell ဟာ Bayram ကို သူမ တူနီးရှား မှာ အားလပ်ရက် ခရီးသွားခဲ့စဉ် က လူတစ်ယောက်နဲ့ အထင်မှားပြီး စကားသွားပြောခဲ့ပါတယ်။
Bayram ကလည်း Isabell အနေနဲ့ လူမှားနေတာဖြစ်ကြောင်း စကားအပြန်အလှန် ပြော ဆိုကြရင်း နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် လူချင်းတွေ့ဆုံခဲ့ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Bayram ဟာ Isabell ကို လက်ထပ်ခွင့် တောင်း ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့ နှစ်ဦးဟာ Bayram နေထိုင်တဲ့ တူနီးရှား မှာ လက်ထပ်ခဲ့ ကြပါတယ်။
Credit: Beesportsnews
Zawgyi
Isabell က သူမရဲ႕ အေၾကာင္းကို ျပန္လည္ေျပာျပရာ မွာေတာ့ ” ကြၽန္မ နဲ႔ Bayram ဟာ Facebook မွာ စတင္ေတြ႕ဆုံခဲ့ၾက ပါတယ္။ ကြၽန္မက Bayram ကို လူမွားၿပီး စကားသြားေျပာခဲ့ေပမယ့္ Bayram ကလည္း လူမွားေနတာျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုၾကရင္း ခင္မင္ရင္းႏွီး သြားခဲ့ၿပီး ေနာက္ရက္ေတြ မွာေတာ့ ေန႔တိုင္း စကားေတြေျပာျဖစ္ခဲ့ၾကပါတယ္။ တခါတေလ မနက္ ၃ နာရီ ထိေတာင္ စကားေတြေျပာျဖစ္ ခဲ့ၾကပါတယ္။
အသက္ ကြာျခားမႈေၾကာင့္ ကြၽန္မ သူ႔ကိုသံသယ ျဖစ္စရာေတြရွိေပမယ့္ သူ႔အေနနဲ႔ ကြၽန္မကိုပိုက္ဆံေတာင္းတာမ်ိဳးလည္း မရွိသလို ဘာမွေတာင္း ဆိုတာေတြ မရွိခဲ့ဘူး။ သူက ကြၽန္မသူ႔ဆီသြားေန မွာလား ဒါမွမဟုတ္ သူက ကြၽန္မ ဆီကိုလာေနရမွာလားဆိုတာ သူ႔အတြက္ အေရးႀကီးမေနခဲ့ဘူး။ ကြၽန္မက အဂၤလန္မွာရွိတဲ့ မိသားစုကိုမခြဲႏိုင္တာေၾကာင့္ အဂၤလန္မွာပဲ ေနခ်င္ ခဲ့ပါတယ္ ” လို႔ သူမက ေျပာျပသြားခဲ့ပါတယ္။
သူတို႔ဟာ အဂၤလန္ မွာေနထိုင္ဖို႔ စီစဥ္ထား ခဲ့ၾကေပမယ့္ ကို႐ိုနာ ဗိုင္းရပ္ကပ္ေဘးေၾကာင့္ ေလေၾကာင္း လိုင္းမ်ား ကန႔္သတ္ထားရာမွ လတ္တေလာ မွာေတာ့ တူနီးရွားမွာပဲ ဆက္လက္ ေနထိုင္ေနၾကပါတယ္။ အ မ်ိဳးသမီး တစ္ဦးဟာ သူမ ထက္ အသက္ ၃၇ ႏွစ္ ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ Facebook ေပၚမွာ လူမွားၿပီး စကားေျပာခဲ့ ရာမွ အဆိုပါေကာင္ေလး ႏွင့္ ခင္မင္ရင္းႏွီး သြားခဲ့ၿပီး ခ်စ္ႀကိဳက္ သြားခဲ့ပါတယ္။
အဂၤလန္ႏိုင္ငံ Kent ေဒသမွ အဆိုပါအမ်ိဳးသမီးရဲ႕နာမည္ေက တာ့ Isabell Dibble ျဖစ္ၿပီး အသက္ ၆၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။ Isabell ဟာ ၿပီးခဲ့တဲ့ ႏွစ္ ေမလမွာ အသက္ ၂၆ ႏွစ္အ႐ြယ္ Bayram Boussada ဆိုတဲ့ အမ်ိဳးသား ကို Facebook မွာ စ add ခဲ့ၿပီး သူငယ္ခ်င္း ျဖစ္ သြားခဲ့ ၾကပါတယ္။ အစပိုင္း မွာေတာ့ Isabell ဟာ Bayram ကို သူမ တူနီးရွား မွာ အားလပ္ရက္ ခရီးသြားခဲ့စဥ္ က လူတစ္ေယာက္နဲ႔ အထင္မွားၿပီး စကားသြားေျပာခဲ့ပါတယ္။
Bayram ကလည္း Isabell အေနနဲ႔ လူမွားေနတာျဖစ္ေၾကာင္း စကားအျပန္အလွန္ ေျပာ ဆိုၾကရင္း ေနာက္ပိုင္းမွာေတာ့ တစ္ဦးနဲ႔တစ္ဦး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ လူခ်င္းေတြ႕ဆုံခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ Bayram ဟာ Isabell ကို လက္ထပ္ခြင့္ ေတာင္း ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ သူတို႔ ႏွစ္ဦးဟာ Bayram ေနထိုင္တဲ့ တူနီးရွား မွာ လက္ထပ္ခဲ့ ၾကပါတယ္။
Credit: Beesportsnews