Cele News

စေတနာ့ဝန်ထမ်း တစ်ယောက် ရဲ့ ရင်နင့်စရာ ကိုယ်တွေ့ မှတ်တမ်း

Written by Aung Lay

တစ္ေနကုန္ တက္တက္ႂကြႂကြ ေပါ့ပါးလန္းဆန္းေနခဲ့ၿပီး ျပန္ခါနီးခဏက်မွ ကိုယ့္စိတ္ေတြ ေလးသြားရတယ္။လိုအပ္တာေတြေဝၿပီးလို႔ ကုန္ၿပီ ျပန္ၾကမယ္ဆိုမွ ကားနားကိုေရာက္လာတဲ့ကေလး။ ပါလာတာေတြကုန္သြားေတာ့ ခပ္လွမ္းလွမ္းဘက္မွာရွိတဲ့သူတို႔ဘက္ကို မေရာက္ႏိုင္။ သူတို႔ဘက္ ကိုကားမေရာက္လာလို႔ထင္ပါရဲ႕ သူေရာက္လာတယ္။”ဦး ဘာေတြေပးေနတာလဲ က်န္ေသးလားတဲ့”ကားေပၚၾကည့္လိုက္ေတာ့ ဆန္အိတ္နည္းနည္းက်န္ေသးတယ္ ၆ ျပည္ဝင္အိတ္ေလးေတြေပါ့။ တျခား ဆီ၊ဆား၊ပဲ ဘာညာေတြပါတဲ့အထုတ္ေလးေတြကကုန္ၿပီ။အဲဒါ က်န္တဲ့အကိုေတြက သူ႔ပုံဝဝကစ္ကစ္ကိုၾကည့္ၿပီး ခ်စ္စႏိုးနဲ႔ “မင္းထမ္းႏိုင္လား ?ထမ္းႏိုင္ရင္ယူသြား”ဆိုေတာ့ ကိုယ့္ကိုၾကည့္ၿပီး ” ဦး ဆန္က တကယ္ေပးမွာလား”တဲ့၊ ငိုသံပါနဲ႔ လွမ္းေမးေတာ့ ရင္ထဲနင့္သြားတယ္။”တကယ္ေပးမွာေပါ့ သားရဲ႕ အိမ္ကဘယ္မွာလဲ ? ဦးလိုက္ပို႔မယ္ မင္းထမ္းစရာမလိုပါဘူး ” ဆိုေတာ့ ” ရတယ္ ဦး သားဖာသာပဲထမ္းမယ္ ႏိုင္ပါတယ္တဲ့”

ဘယ္လိုေျပာေျပာမရဘူး၊အဲ့ခ်ိန္ေကာင္မေလးတစ္ေယာက္ကလည္း သူ႔ကိုေပးဖို႔ေခါက္ဆြဲေျခာက္ထုတ္ေလးေတြအနီးနားက ဆိုင္မွာသြားဝယ္ေနတုန္း ” သား ဆန္ရရင္ ရၿပီ အဲ့ဒါေတြမယူေတာ့ဘူး “တဲ့၊ ရင္က ထပ္ဆို႔ရျပန္။ ေနပါအုံးသားရယ္ဆိုၿပီး ကိုယ္လည္းအနားက Nabati ေဝဖာထုတ္ေတြဝယ္ၿပီး ဆန္အိတ္နဲ႔အတူထည့္ေခါက္ဆြဲေျခာက္ထုတ္ေတြေရာကို ႀကိဳးခ်ည္ၿပီး လိုက္ပို႔မယ္ဆိုတာကို အသံေလးတုန္တုန္နဲ႔ သားဖာသာထမ္းျပန္မယ္၊ႏိုင္တယ္တဲ့ ကိုယ္လည္း ဘာမွထပ္မေျပာျဖစ္ေတာ့ ကေလးက သူကိုယ္တိုင္ထမ္းလာတဲ့ဆန္အိတ္ေလးကို မိဘက အသိအမွတ္ျပဳေစခ်င္ပုံရတယ္ထင္လို႔ ကိုယ္လည္းလက္ေလွ်ာ့လိုက္ၿပီး ေငးေနလိုက္တယ္။

အေတာ္ေတာ္လွမ္းလွမ္းေရာက္မွ ဒီကေလး ဖိနပ္ပါ မပါတာ သတိထားမိေတာ့တယ္။အေပၚကဝိတ္နဲ႔ ေအာက္ေျခဗလာ နာေနရွာေတာ့မယ္လို႔ စိတ္မေကာင္းျဖစ္ၿပီးရင္ထဲမေကာင္းျပန္။အနားမွာကလည္းဝယ္စရာမရွိ။ မနက္ျဖန္ထပ္သြားရအုံးမွာမို႔ ဖိနပ္တစ္ရံေတာ့ ဝယ္သြားျဖစ္မယ္။ျပန္ဆုံပါေစလို႔သာ ဆုေတာင္းရင္း …

လင္းအိမ္ေန

Unicode

တစ်နေကုန် တက်တက်ကြွကြွ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး ပြန်ခါနီးခဏကျမှ ကိုယ့်စိတ်တွေ လေးသွားရတယ်။လိုအပ်တာတွေဝေပြီးလို့ ကုန်ပြီ ပြန်ကြမယ်ဆိုမှ ကားနားကိုရောက်လာတဲ့ကလေး။ ပါလာတာတွေကုန်သွားတော့ ခပ်လှမ်းလှမ်းဘက်မှာရှိတဲ့သူတို့ဘက်ကို မရောက်နိုင်။ သူတို့ဘက် ကိုကားမရောက်လာလို့ထင်ပါရဲ့ သူရောက်လာတယ်။”ဦး ဘာတွေပေးနေတာလဲ ကျန်သေးလားတဲ့”

ကားပေါ်ကြည့်လိုက်တော့ ဆန်အိတ်နည်းနည်းကျန်သေးတယ် ၆ ပြည်ဝင်အိတ်လေးတွေပေါ့။ တခြား ဆီ၊ဆား၊ပဲ ဘာညာတွေပါတဲ့အထုတ်လေးတွေကကုန်ပြီ။အဲဒါ ကျန်တဲ့အကိုတွေက သူ့ပုံဝဝကစ်ကစ်ကိုကြည့်ပြီး ချစ်စနိုးနဲ့ “မင်းထမ်းနိုင်လား ?ထမ်းနိုင်ရင်ယူသွား”ဆိုတော့ ကိုယ့်ကိုကြည့်ပြီး ” ဦး ဆန်က တကယ်ပေးမှာလား”တဲ့၊ ငိုသံပါနဲ့ လှမ်းမေးတော့ ရင်ထဲနင့်သွားတယ်။”တကယ်ပေးမှာပေါ့ သားရဲ့ အိမ်ကဘယ်မှာလဲ ? ဦးလိုက်ပို့မယ် မင်းထမ်းစရာမလိုပါဘူး ” ဆိုတော့ ” ရတယ် ဦး သားဖာသာပဲထမ်းမယ် နိုင်ပါတယ်တဲ့”

ဘယ်လိုပြောပြောမရဘူး၊အဲ့ချိန်ကောင်မလေးတစ်ယောက်ကလည်း သူ့ကိုပေးဖို့ခေါက်ဆွဲခြောက်ထုတ်လေးတွေအနီးနားက ဆိုင်မှာသွားဝယ်နေတုန်း ” သား ဆန်ရရင် ရပြီ အဲ့ဒါတွေမယူတော့ဘူး “တဲ့၊ ရင်က ထပ်ဆို့ရပြန်။ နေပါအုံးသားရယ်ဆိုပြီး ကိုယ်လည်းအနားက Nabati ဝေဖာထုတ်တွေဝယ်ပြီး ဆန်အိတ်နဲ့အတူထည့်ခေါက်ဆွဲခြောက်ထုတ်တွေရောကို ကြိုးချည်ပြီး လိုက်ပို့မယ်ဆိုတာကို အသံလေးတုန်တုန်နဲ့ သားဖာသာထမ်းပြန်မယ်၊နိုင်တယ်တဲ့ ကိုယ်လည်း ဘာမှထပ်မပြောဖြစ်တော့ ကလေးက သူကိုယ်တိုင်ထမ်းလာတဲ့ဆန်အိတ်လေးကို မိဘက အသိအမှတ်ပြုစေချင်ပုံရတယ်ထင်လို့ ကိုယ်လည်းလက်လျှော့လိုက်ပြီး ငေးနေလိုက်တယ်။

အတော်တော်လှမ်းလှမ်းရောက်မှ ဒီကလေး ဖိနပ်ပါ မပါတာ သတိထားမိတော့တယ်။အပေါ်ကဝိတ်နဲ့ အောက်ခြေဗလာ နာနေရှာတော့မယ်လို့ စိတ်မကောင်းဖြစ်ပြီးရင်ထဲမကောင်းပြန်။အနားမှာကလည်းဝယ်စရာမရှိ။ မနက်ဖြန်ထပ်သွားရအုံးမှာမို့ ဖိနပ်တစ်ရံတော့ ဝယ်သွားဖြစ်မယ်။ပြန်ဆုံပါစေလို့သာ ဆုတောင်းရင်း …

လင်းအိမ်နေ

About the author

Aung Lay

Leave a Comment