Cele News

တစ်ဦးတည်းသောသမီးဖြစ်တာမို့ အဖော်အဖြစ် အရုပ်အကြီးကြီးတွေ ဝယ်ရတယ်ဆိုတဲ့ ယွန်းယွန်း

Written by Aung Lay




R k – Yaung Chi , source; Yoon Yoon`Fb

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်အားပေးမှုကို ရရှိထားတဲ့ ယွန်းယွန်း ကတော့ ယခုအချိန်မှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် စတင်ခြေလှမ်းနေပြီပဲဖြစ်ပါတယ်။ငယ်ဘဝကတည်း သရုပ်တောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေရင်ထဲမှာတော့ ယွန်းယွန်းဟာ ကလေးသရုပ်ဆောင်ဘဝကတည်းကနေရာ ယူခဲ့သူမို့ လက်ရှိအချိန်မှာလည်း ပရိတ်သတ်လက်ခံချစ်မြတ်နိုးတဲ့ အနုပညာရှင်ကြာ်တစ်ပွင့်အဖြစ် ဆက်လက်ထွန်းတောက်လျက်ရှိပါတယ်။သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေမှာလည် ပရိတ်သတ်တွေရဲ့အထူးချီးကျူးမှုကို ရရှိစမြဲဖြစ်ပါတယ်။

သူမကတော့ လက်ရှိအချိန်မှာတော့ အိမ်မှာပဲ stayhomeကာလကို တျောက်ထဲ ငြီးငွေ့စွာဖြတ်သန်းနေရကြောင်း ပရိတ်သတ်တွေကိုမျှဝေခဲ့ပါတယ်။သူမဟာ တစ်ဦးတည်းသော သမီးတစ်ယောက်ဖြစ်တာကြောင့် အိမ်မှာ မိဘကလွဲရင် အဖော်မရှိတာကြောင့် အရုပ်ကြီးတွေနဲ့ပဲ အဖော်ပြုနေရပါတယ်ဆိုပြီး အရုပ်ကြီးတွေကို ဖက်လျက်သားပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

source; Yoon Yoon`Fb

About the author

Aung Lay

Leave a Comment