ၾကားသိရသမ်ွ

ကိုဗစ်ဖြစ်ခဲ့ဖူးတဲ့ သူတွေကို လုပ်ငန်းခွင်မှာ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတဲ့သူတွေ သိဖို့

Written by Aung Lay





ဘာလို့လဲဆိုတော့..







Dr-Ready

Unicode

အခုတလော positive ဖြစ်ခဲ့ဖူးတဲ့မိတ်ဆွေအများစု လာတိုင်ပင် ကြတယ်…

Positive ဖြစ်ခဲ့တဲ့ အတွက် သူတို့ လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ နေရာမှာ အခက်အခဲရှိနေတယ်… တချို့လူတွေက ဝမ်းပမ်းတသာ လက်ခံပေမယ့် တချို့ လူတွေက ရှောင်ဖယ်ရှောင်ဖယ် လုပ်ကြတယ်ပေါ့.. အဲ့အတွက်ကြောင့် သူတို့ စိတ်မကောင်းဘူးဆိုတာရယ်..ဘယ်လိုမျိုး ပြောရမလဲဆိုတာ လာတိုင်ပင်ကြတာပေါ့…

ဟုတ်ကဲ့.. Positive ဖြစ် ခဲ့တယ် ဆိုတာ ဖြစ်ချင်လို့ ဘယ်သူမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူးဆိုတာ သိစေချင်ပါတယ်… သင်လည်း တနေ့ဖြစ်နိုင်ပါတယ်..

Positive Result ထွက်တာနဲ့ ၁၁ ရက်တိတိ သက်ဆိုင်ရာဆေးရုံမှာ ဆေးကုသမှုစောင့်ကြည့်ခံယူစေပါတယ်.. ကုသမှုခံယူစဉ်အတွင်းမှာ ဖျားနာ ချောင်းဆိုးမရှိ အနံ့ရ ပုံမှန်ဘဲဆို ၁၁ ရက် ပြည့်တာနဲ့ ပေးဆင်းပါတယ်… ဖျားတာ အနံ့ မရဆို ပေးမဆင်းပါဘူးဗျ… ဆေးရုံဆင်းလာနိုင်တဲ့ သူတိုင်းသည် ကျန်းမာရေးကောင်းလို့ပါခင်မျာ…

ဘာလို့လဲဆိုတော့..

Research တွေအရ ၁၁ ရက်ကျော်ပြီဆို ဒီဗိုင်းရပ်စ်က ကိုယ့်ကိုလည်း ဒုက္ခမပေးတော့သလို ကိုယ့်ဆီကနေ အခြားသူဆီလည်း မကူးနိုင်တော့လို့ပါ.. ဒါပေမယ့် သေချာအောင် Stay home ၇ ရက် ထပ်နေခိုင်းပါတယ်… ကိုယ့်ကို ဒုက္ခမပေးနိုင်တော့ ဘူးဆိုပေမယ့်လည်း ကိုယ့် အဝတ်အစား ကိုယ့်အသုံးအဆောင်တွေပေါ်က နေ အခြားသူဆီ ကိုတော့ ကူးနိုင်ပါသေးတယ်ဗျ.. (အရင်လိုနေချင်တိုင်း နေလို့မရသေးပါဘူး)

အခုချိန် မှာ တချို့ လုပ်ငန်းခွင်တွေမှာ positive ဖြစ်ခဲ့တဲ့ လူတွေကို တမျိုးမြင်နေလို့ ရှင်းပြရခြင်းပါ.

လူသားအချင်းချင်း မေတ္တာ ထားကြပါ…

အခုချိန်မှာ Positive ဖြစ်ဖူးတဲ့ သူတွေဟာ ဘာမှ မဖြစ်ဖူးသေးတဲ့ သူတွေအတွက် လုပ်ငန်းခွင်တွေမှာ ပိုပြီး Confident ရှိရှိနဲ့ ပိုလုပ်နိုင်ပါတယ်ဗျာ.. ကျနော် ကိုယ်တိုင် Positive ဖြစ်ခဲ့တုန်းက ကိုယ်အရမ်းခင်ရတဲ့ သူတွေက ကိုယ့်အတ္တ တခုအတွက်နဲ့ ပြောဆိုပစ်ပယ်ခံရတာတွေ လည်း သတိရသွားလို့ပါ…

အားလုံးဘဲ ဒီကပ်ရောဂါကြီးကို အမြန်ကျော်လွှားနိုင်ကြပါစေ…

ချစ်ခြင်းများစွာဖြင့်

Dr-Ready

About the author

Aung Lay

Leave a Comment