Health

နွေရာသီ မှာ သင့် အသားအရည် ထိန်းသိမ်းဖို့ စားသုံးပေးသင့်သည်များ

Written by Aung Lay

နွေရာသီ မှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အခုလို ပူပြင်းတဲ့ နွေရာသီကို ရောက်လာတဲ့အခါမှာ နေလောင်ဒဏ်ကြောင့် အသားအရည် တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ နေလောင်ကာကွယ်ဆေးကြို လိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။

၁။ Blueberries ( ဘလူးဘယ်ရီသီး )

နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ အဲဒီ free readicals လေးတွေကို တိုက်ထုတ်နိုင်တဲ့ အလွန်ကောင်းမွန်တဲ့ antioxidants တွေပါဝင်ပါတယ်။ ဒါ့အပြင် Blueberries သီးလေးတွေမှာ ဗီတာမင် C ဓာတ်လည်း အများကြီးပါဝင်တာကြောင့် အရေးအကြောင်းလေးတွေ ဖြစ်လာတာကိုလည်း တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒ့ါကြောင့် Blueberries သီးလေးတွေကို နွေရာသီအစားအစာ (summer food) လို့တောင်ခေါ်ကြပါတယ်။

၂။ Watermelon (ဖရဲသီး)

စာရေးသူကတော့ နွေရာသီဆိုရင် အရည်ရွှမ်းပြီး အေးမြစေတဲ့ ဖရဲသီးကိုပဲ ပြေးမြင်မိပါတယ်။ ပူပြင်းတဲ့ရာသီမှာ ရင်ကိုအေးစေတဲ့အပြင် ဖရဲသီးလေးတွေမှာ Lycopene လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် UV –A နဲ့ UV-B ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ အတွက် သဘာဝနေကာလေးလို့လည်း ပြောကြပါတယ်။ နေ့တိုင်းပုံမှန်စားပေးမယ်ဆိုရင် ရတ်သတ်အပတ် အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်အတွက် သဘာ၀ အကာအကွယ်လေးဖြစ်စေနိုင်ပါတယ်။

၃။ Carrot and Leafy Greens ( မုန်လာဥနီ နဲ့ အစိမ်းရောင်အရွက်များ)

မုန်လာဥနီ မှာ beta carotene, lycopene , နဲ့ ဗီတာမင် C သုံမျိုးစလုံးပါဝင်တာကြောင့် နေရောင်ကြောင့်ဖြစ်တဲ့ နေလောင်ခြင်းတွေ နဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော် ပြီး အရေးအကြောင်းဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆလပ်ရွက်၊ ဟင်းနုနွယ် စတဲ့ အစိမ်းရောင်အရွက်တွေမှာလည်း beta carotene အပြင် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်တာကြောင့် ပုံမှန်လေးစားပေးသင့်ပါတယ်။

၄။ Cauliflower (ပန်းဂေါ်ဖီ) နဲ့ broccoli ( ဂေါ်ဖီစိမ်း) ပန်းဂေါ်ဖီမှာ antioxidants တွေနဲ့ histidine တွေပါဝင်လို့ နေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အစားအစာလေးလို့ ပြောကြပါတယ်။ ဒါ့အပြင် sulforaphane လို့ခေါ်တဲ့ ဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ပစ္စည်းလေးက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည် နီမြန်းပျက်စီး သွားခြင်း ကို သက်သာစေနိုင်ပါတယ်။

၅။ Green tea

Green tea ဟာ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရည်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

၆။ အစေ့အဆံများ

ဥပမာ- သစ်ကြားသီး၊ chia seeds စတဲ့ အစေ့အဆံတွေမှာ omega 3 fatty acid ပါဝင်ပါတယ်။ omega 3 fatty acid ဟာ အရေပြားတင်းရင်းလှပအောင် ကူညီပေးနိုင်ပြီး နေလောင်ခြင်းကြောင့် ဖြစ်တဲ့ အသားအရည်ပြသနာတွေကို သဘာဝအတိုင်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။

၇။ ဒါ့အပြင် ခရမ်းချဉ်သီး ၊ ထောပတ်သီး၊ သလဲသီးစတဲ့ အသီးတွေကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရည်ပြသနာတွေကို လျှော့ချပေးနိုင်ပါတယ်။

နေလောင်ကာလိမ်းဆေးတွေ လိမ်းခြင်း၊ အကာအကွယ် ပစ္စည်းတွေ အသုံးပြုခြင်း သာမက ဒီလို သဘာဝအစားအစာလေးတွေကိုပါ နေ့စဉ် တွဲဖက်စားသုံးပေးမယ်ဆိုရင် ပြင်းထန်တဲ့ ဒီနွေရာသီကြီးကို ကောင်းကောင်းကြီးအံတုနိုင်ပြီး အမြဲနုပျိုလှပတဲ့ အသားအည်ကို ရရှိစေမှာ ဖြစ်ပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးခြင်းကို ကာကွယ်နိုင်ကြပါစေ။

Zawgyi

ေႏြရာသီ မွာ အသားအရည္ ထိန္းသိမ္းဖို႔ ဒါေတြစားၾကမယ္။

အခုလို ပူျပင္းတဲ့ ေႏြရာသီကို ေရာက္လာတဲ့အခါမွာ ေနေလာင္ဒဏ္ေၾကာင့္ အသားအရည္ ေတြ ထိခိုက္ပ်က္စီးၾကရပါတယ္။ ေနေလာင္ဒဏ္ကို ကာကြယ္ဖို႔ ေနေလာင္ကာကြယ္ေဆးႀကိဳ လိမ္းတာ၊ ေနေရာင္ေအာက္ကို တိုက္႐ိုက္ထြက္တဲ့အခါ ဦးထုပ္၊ ထီး နဲ႔ အျခားအကာအကြယ္ေတြ အသုံးျပဳတာ စတဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီေန႔ ေဆာင္းပါးေလးမွာ ေျပာျပေပးခ်င္တာကေတာ့ အဲဒီလို နည္းလမ္းေတြအျပင္ ေနေလာင္ဒဏ္ကို ကာကြယ္ဖို႔ ကူညီေပးႏိုင္တဲ့ အစားအစာေလးေတြအေၾကာင္း ျဖစ္ပါတယ္။

၁။ Blueberries ( ဘလူးဘယ္ရီသီး )

ေနေရာင္နဲ႔ ထိေတြ႕တဲ့အခါ အေရျပားကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ free radicals ေလးေတြ ထြက္လာပါတယ္။ Blueberries သီးေလးေတြမွာ အဲဒီ free readicals ေလးေတြကို တိုက္ထုတ္ႏိုင္တဲ့ အလြန္ေကာင္းမြန္တဲ့ antioxidants ေတြပါဝင္ပါတယ္။ ဒါ့အျပင္ Blueberries သီးေလးေတြမွာ ဗီတာမင္ C ဓာတ္လည္း အမ်ားႀကီးပါဝင္တာေၾကာင့္ အေရးအေၾကာင္းေလးေတြ ျဖစ္လာတာကိုလည္း တားဆီးေပးႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ ဒ့ါေၾကာင့္ Blueberries သီးေလးေတြကို ေႏြရာသီအစားအစာ (summer food) လို႔ေတာင္ေခၚၾကပါတယ္။

၂။ Watermelon (ဖရဲသီး)

စာေရးသူကေတာ့ ေႏြရာသီဆိုရင္ အရည္႐ႊမ္းၿပီး ေအးျမေစတဲ့ ဖရဲသီးကိုပဲ ေျပးျမင္မိပါတယ္။ ပူျပင္းတဲ့ရာသီမွာ ရင္ကိုေအးေစတဲ့အျပင္ ဖရဲသီးေလးေတြမွာ Lycopene လို႔ေခၚတဲ့ ခရမ္းလြန္ေရာင္ျခည္ UV –A နဲ႔ UV-B ကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတၱိရွိတဲ့ အတြက္ သဘာဝေနကာေလးလို႔လည္း ေျပာၾကပါတယ္။ ေန႔တိုင္းပုံမွန္စားေပးမယ္ဆိုရင္ ရတ္သတ္အပတ္ အနည္းငယ္အတြင္းမွာ ခႏၶာကိုယ္အတြက္ သဘာ၀ အကာအကြယ္ေလးျဖစ္ေစႏိုင္ပါတယ္။

၃။ Carrot and Leafy Greens ( မုန္လာဥနီ နဲ႔ အစိမ္းေရာင္အ႐ြက္မ်ား)

မုန္လာဥနီ မွာ beta carotene, lycopene , နဲ႔ ဗီတာမင္ C သုံမ်ိဳးစလုံးပါဝင္တာေၾကာင့္ ေနေရာင္ေၾကာင့္ျဖစ္တဲ့ ေနေလာင္ျခင္းေတြ နဲ႔ အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ ၿပီး အေရးအေၾကာင္းျဖစ္ျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဆလပ္႐ြက္၊ ဟင္းႏုႏြယ္ စတဲ့ အစိမ္းေရာင္အ႐ြက္ေတြမွာလည္း beta carotene အျပင္ ေနေလာင္ဒဏ္ေၾကာင့္ ျဖစ္တဲ့ အသားအေရပ်က္စီးျခင္းကို တိုက္ထုတ္ေပးႏိုင္တဲ့ antioxidant ေတြလည္း ပါဝင္တာေၾကာင့္ ပုံမွန္ေလးစားေပးသင့္ပါတယ္။

၄။ Cauliflower (ပန္းေဂၚဖီ) နဲ႔ broccoli ( ေဂၚဖီစိမ္း) ပန္းေဂၚဖီမွာ antioxidants ေတြနဲ႔ histidine ေတြပါဝင္လို႔ ေနေလာင္ျခင္းကို ကာကြယ္ေပးႏိုင္တဲ့ သဘာ၀ အစားအစာေလးလို႔ ေျပာၾကပါတယ္။ ဒါ့အျပင္ sulforaphane လို႔ေခၚတဲ့ ေဂၚဖီစိမ္းမွာ ပါဝင္တဲ့ ပစၥည္းေလးက ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအရည္ နီျမန္းပ်က္စီး သြားျခင္း ကို သက္သာေစႏိုင္ပါတယ္။

၅။ Green tea

Green tea ဟာ အေရျပားကို ေနေလာင္ဒဏ္ကေန ကာကြယ္ေပးႏိုင္တဲ့အျပင္ အသားအရည္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြနဲ႔ ေရဓာတ္ကိုလည္း ျဖည့္တင္းေပးႏိုင္ပါတယ္။

၆။ အေစ့အဆံမ်ား

ဥပမာ- သစ္ၾကားသီး၊ chia seeds စတဲ့ အေစ့အဆံေတြမွာ omega 3 fatty acid ပါဝင္ပါတယ္။ omega 3 fatty acid ဟာ အေရျပားတင္းရင္းလွပေအာင္ ကူညီေပးႏိုင္ၿပီး ေနေလာင္ျခင္းေၾကာင့္ ျဖစ္တဲ့ အသားအရည္ျပသနာေတြကို သဘာဝအတိုင္း သက္သာေအာင္ ကူညီေပးႏိုင္ပါတယ္။

၇။ ဒါ့အျပင္ ခရမ္းခ်ဥ္သီး ၊ ေထာပတ္သီး၊ သလဲသီးစတဲ့ အသီးေတြကလည္း ေနေလာင္ဒဏ္ေၾကာင့္ျဖစ္တဲ့ အသားအရည္ျပသနာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေနေလာင္ကာလိမ္းေဆးေတြ လိမ္းျခင္း၊ အကာအကြယ္ ပစၥည္းေတြ အသုံးျပဳျခင္း သာမက ဒီလို သဘာဝအစားအစာေလးေတြကိုပါ ေန႔စဥ္ တြဲဖက္စားသုံးေပးမယ္ဆိုရင္ ျပင္းထန္တဲ့ ဒီေႏြရာသီႀကီးကို ေကာင္းေကာင္းႀကီးအံတုႏိုင္ၿပီး အၿမဲႏုပ်ိဳလွပတဲ့ အသားအည္ကို ရရွိေစမွာ ျဖစ္ပါတယ္။ ေနေလာင္ျခင္းေၾကာင့္ျဖစ္တဲ့ အသားအရည္ပ်က္စီးျခင္းကို ကာကြယ္ႏိုင္ၾကပါေစ။

About the author

Aung Lay

Leave a Comment