Cele News

အသက်၁၇နှစ်သာရှိသေးတဲ့ မောင်လေးနဲ့ချစ်သူအဖြစ်လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ ပိုပို

Written by Aung Lay







Unicode

အသံ အားကောင်းကောင်းနဲ့ မိန်းကလေးတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းများစွာကို ရေးစပ်သီဆိုလေ့ရှိသူ အဆိုတော်ပိုပိုကတော့ ဂီတလောကမှာ နာမည်တစ်လုံးရထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ပိုပိုကတော့ ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူပီပီ အချစ်ရေးကိုသာမက သူ့ရဲ့စိတ်ခံစားချက်တွေကိုပါ ပရိသတ်ကိုပွင့်ပွင့်လင်းလင်းချပြတတ်သူတစ်ဦးပါ။

ပိုပိုတစ်ယောက် သူ့ရဲ့ ၁၃နှစ်ငယ်တဲ့ချစ်သူလေးအကြောင်းကို မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားတာကြောင့် ပိုပို့ရဲ့အချစ်ရေးအကြောင်းကို ပရိသတ်တော်တော်များများသိပြီးသားဖြစ်မှာပါ။

အခုတစ်ခါမှာလည်းပိုပိုက သူ Single ပြန်ဖြစ်သွားပြီဆိုတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြထားပါတယ်။

ပိုပိုကတော့ သူ့ရဲ့ my dayမှာ “I’m Single Now. ဘဝမှာ အကြိမ်ကြိမ် ခွဲခွာခြင်းတွေ ကြုံခဲ့ပြီးပြီ။ ဒီတစ်ခါ အရင့်ကျက်ဆုံးပါပဲ။ ကျွန်မ ငှက်တစ်ကောင်ပါ။ အချိန်တန်ရင် တစ်ကောင်တည်းပျံသန်းရတာပါပဲ။ ညတွေမှာ တစ်ယောက်တည်းနေရတာ ပိုကြိုက်တယ်” လို့ ဖေ့ဘွက် story မှာ ရေးသားထားတာပါ။

ပိုပိုကတော့ သူ့ရဲ့ခံစားချက်တွေနဲ့ပတ်သတ်ပြီး “တရားနာတာများတော့ အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ကို ထိန်းနိုင်သွားပြီ ချစ်တယ် မုန်းတယ် လွမ်းတယ်ဆိုတဲ့ ဘာခံစားချက်မှ မရှိအောင်နေတယ် အလွမ်းသီချင်းရေးရတာ ခက်လာမယ်ထင်တယ် ” လို့ လက်တလောခံစားချက်ကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာတွေ့ရမှာပါ။

About the author

Aung Lay

Leave a Comment