Health

အချိန်မှားပြီး စားမိလေ့ရှိတတ်ကြတဲ့ အစားအသောက် (၄) မျိုး

Written by Aung Lay

ဘယ်အချိန်မျိုးမှာ ဘယ်အစားအသောက်တွေကို စားသုံးသင့်တယ် ဆိုတဲ့ သတ်မှတ်ချက်တွေရှိနေပေမဲ့ ကျွန်တော်တို့က အမှတ်တမဲ့နဲ့ပဲ စားမိနေ တတ်ကြပါတယ် ။ စားသင့်တဲ့အချိန်လွဲမှားပြီးစားသောက်နေကြတဲ့ အစား အသောက် (၄) မျိုးကတော့

၁။ နွားနို့

နွားနို့ကို ညအချိန်မှာ သောက်တာက မှန်ကန်ပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာတေ့ာ နွားနို့ မသောက်သင့်ပါဘူး။ မနက်ခင်း အိပ်ရာက ထတဲ့အခါမှာ ခန္ဓာကိုယ်က တက်ကြွလန်းဆန်းနေပါတယ်။ ဒါကြောင့် နွားနို့သောက်ဖို့ မလိုသေးတာပါ။ နွားနို့ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။ နောက်ပြီး ပိုအိပ်ပျော်စေပါတယ်။ ညအချိန် အနားယူတဲ့အခါမှာ နွားနို့သောက်တာက ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ဆဲလ်တွေကို အထူးကောင်းမွန်စေနိုင်ပါတယ်။

၂။ ထမင်း

ထမင်းကို ဖြစ်နိုင်ရင် ညအချိန်မှာ ထမင်းမစားသင့်ဘဲ နေ့လယ်စာစားတဲ့ အချိန်မှာ စားတာက အမှန်ကန်ဆုံး ဖြစ်ပါတယ် ။ နေ့လယ်မှာပဲ စားသင့်တဲ့အကြောင်း ကတော့ ခန္ဓာကိုယ်က ဇီဝဖြစ်ပျက်မူတွေဟာ ညဘက်ထက် နေ့ဘက်မှာ ပိုပြီးတော့ ဖြစ်ပျက်တာကြောင့် ဖြစ်ပါတယ်။

၃။ သကြား

ရေခဲမုန့်တို့ ချောကလက်တို့ သကြားနဲ့ လုပ်ထားတဲ့ အစားအစားအားလုံးကို မနက်ခင်းမှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မနက်ခင်းမှာ သကြား စား တာက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ သကြားဓာတ်တွေကို ဖြည့်ပေးတာဖြစ်လို့ တစ်နေ့တာလုံး သကြားဓာတ် ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပြီး ပိုမိုပြီးလည်း တက်ကြွ လန်းဆန်းစေပါလိမ့်မယ်။ ညဘက်မှာ သကြားစားတာကတော့ ခန္ဓာကိုယ် ကိုယ်မှာ ရှိတဲ့အဆီကို ပိုတက်လာစေပြီး ဝစေပါလိမ့်မယ်။ ဒါကြောင့် ညဘက် သကြား မစားသင့်ပါဘူး ။

၄။ ငှက်ပျောသီး

ငှက်ပျောသီးကို နေ့လယ်ဘက်မှာ စားတာဟာ အကောင်းဆုံးပါ။ ငှက်ပျောသီးဟာ အမျဉ်ဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ အစာချေဖျက်ပေးမူကိုလည်း ကူညီပေး နိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်လည်း ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။

ညဘက်မှာ ငှက်ပျောသီးစားရင်တော့ ချွဲသလိပ်ကြပ်ပြီး ချောင်းဆိုးနိုင်ပါတယ်။ ဒါ့ အပြင် ညဘက် အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အခါ ငှက်ပျောသီး စားမိသွားရင် အစာအိမ်အတွက် ပြဿနာလည်း ဖြစ်လာစေနိုင်ပါတယ်။

Zawgyi

ဘယ္အခ်ိန္မ်ိဳးမွာ ဘယ္အစားအေသာက္ေတြကို စားသုံးသင့္တယ္ ဆိုတဲ့ သတ္မွတ္ခ်က္ေတြရွိေနေပမဲ့ ကြၽန္ေတာ္တို႔က အမွတ္တမဲ့နဲ႔ပဲ စားမိေန တတ္ၾကပါတယ္ ။ စားသင့္တဲ့အခ်ိန္လြဲမွားၿပီးစားေသာက္ေနၾကတဲ့ အစား အေသာက္ (၄) မ်ိဳးကေတာ့

၁။ ႏြားႏို႔

ႏြားႏို႔ကို ညအခ်ိန္မွာ ေသာက္တာက မွန္ကန္ပါတယ္။ ဒါေပမဲ့ မနက္ခင္းမွာေတ့ာ ႏြားႏို႔ မေသာက္သင့္ပါဘူး။ မနက္ခင္း အိပ္ရာက ထတဲ့အခါမွာ ခႏၶာကိုယ္က တက္ႂကြလန္းဆန္းေနပါတယ္။ ဒါေၾကာင့္ ႏြားႏို႔ေသာက္ဖို႔ မလိုေသးတာပါ။ ႏြားႏို႔ဟာ ခႏၶာကိုယ္မွာရွိတဲ့ အဆီပိုေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ေနာက္ၿပီး ပိုအိပ္ေပ်ာ္ေစပါတယ္။ ညအခ်ိန္ အနားယူတဲ့အခါမွာ ႏြားႏို႔ေသာက္တာက ႂကြက္သားေတြနဲ႔ ခႏၶာကိုယ္ဆဲလ္ေတြကို အထူးေကာင္းမြန္ေစႏိုင္ပါတယ္။

၂။ ထမင္း

ထမင္းကို ျဖစ္ႏိုင္ရင္ ညအခ်ိန္မွာ ထမင္းမစားသင့္ဘဲ ေန႔လယ္စာစားတဲ့ အခ်ိန္မွာ စားတာက အမွန္ကန္ဆုံး ျဖစ္ပါတယ္ ။ ေန႔လယ္မွာပဲ စားသင့္တဲ့အေၾကာင္း ကေတာ့ ခႏၶာကိုယ္က ဇီဝျဖစ္ပ်က္မူေတြဟာ ညဘက္ထက္ ေန႔ဘက္မွာ ပိုၿပီးေတာ့ ျဖစ္ပ်က္တာေၾကာင့္ ျဖစ္ပါတယ္။

၃။ သၾကား

ေရခဲမုန႔္တို႔ ေခ်ာကလက္တို႔ သၾကားနဲ႔ လုပ္ထားတဲ့ အစားအစားအားလုံးကို မနက္ခင္းမွာ စားတာ အေကာင္းဆုံး ျဖစ္ပါတယ္။ မနက္ခင္းမွာ သၾကား စား တာက ခႏၶာကိုယ္မွာ လိုအပ္ေနတဲ့ သၾကားဓာတ္ေတြကို ျဖည့္ေပးတာျဖစ္လို႔ တစ္ေန႔တာလုံး သၾကားဓာတ္ ျပည့္ျပည့္ဝဝ ရရွိမွာျဖစ္ၿပီး ပိုမိုၿပီးလည္း တက္ႂကြ လန္းဆန္းေစပါလိမ့္မယ္။ ညဘက္မွာ သၾကားစားတာကေတာ့ ခႏၶာကိုယ္ ကိုယ္မွာ ရွိတဲ့အဆီကို ပိုတက္လာေစၿပီး ဝေစပါလိမ့္မယ္။ ဒါေၾကာင့္ ညဘက္ သၾကား မစားသင့္ပါဘူး ။

၄။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကို ေန႔လယ္ဘက္မွာ စားတာဟာ အေကာင္းဆုံးပါ။ ငွက္ေပ်ာသီးဟာ အမ်ဥ္ဓာတ္ႂကြယ္ဝတဲ့ အစားအစာျဖစ္လို႔ အစာေခ်ဖ်က္ေပးမူကိုလည္း ကူညီေပး ႏိုင္ပါတယ္။ တစ္ေန႔တာလုံးအတြက္လည္း ခြန္အားျပည့္ဝေနေစပါလိမ့္မယ္။

ညဘက္မွာ ငွက္ေပ်ာသီးစားရင္ေတာ့ ခြၽဲသလိပ္ၾကပ္ၿပီး ေခ်ာင္းဆိုးႏိုင္ပါတယ္။ ဒါ့ အျပင္ ညဘက္ အစာအိမ္ထဲမွာ ဘာမွမရွိတဲ့အခါ ငွက္ေပ်ာသီး စားမိသြားရင္ အစာအိမ္အတြက္ ျပႆနာလည္း ျဖစ္လာေစႏိုင္ပါတယ္။

About the author

Aung Lay

Leave a Comment