Cele News
ဝေဘာဂီ ဆေးရုံကြီးမှာ ဆေးစစ်ချက်အဖြေ NEGATIVE ထွက်ခဲ့တဲ့ ပရဟိတ မင်းသားကြီး ဦးကျော်သူ
Written by Aung Lay
Unicode
ပရဟိတအလုပ်တွေ လုပ်ဆောင်ပြီး အများအကျိုးသယ်ပိုးနေတဲ့ ဦးကျော်သူ တစ်ယောက် ကိုဗစ် Positive ကြောင့် ဝေဘာဂီဆေးရုံကြီးမှာ Q ဝင်နေရတဲ့ အတွက် ပရိသတ်တွေက စိုးရိမ်ပူပန်နေခဲ့ကြတာပါ ။ ဦးကျော်သူတစ်ယောက်လည်း ဆေးရုံတက်နေစဉ်ကာလတွေမှာ ဘုရားတရားကို အရင်ထပ်ပို လုပ်ခဲ့တာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ။
လတ်တလောမှာတော့ ဦးကျော်သူက သတင်းကောင်းလေး တစ်ခုကို ကြေညာခဲ့ပါတယ် ။ N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်း ဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး “N” ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် … ငါ ဒါလေးရေးပေးလိုက် တယ်။ ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့။ မပေါ့ကြနဲ့။ လွတ်လပ်ပြီ ဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလို ဖြစ်ကုန် တော့မယ်။ သတိ! အသိ!အမြဲ ရှိ! ဆိုတဲ့စာသားလေးနဲ့အတူ Negative ဖြစ်လို့ပျော်ပေမယ့် ဆင်ခြင်ပြီးနေဖို့ကို ပရိသတ်တွေကို ဆုံးမစကားဆိုထားပါသေးတယ် ။
ချစ်ပရိသတ်ကြီးကတော့ ဦးကျော်သူ အခုလို အမြန်ဆုံးကျန်းမာလာတဲ့ အတွက် အရမ်းကို ဝမ်းသာနေကြပြီး သတင်းကောင်းကြား ရဖို့မျှော်လင့်နေတဲ့အကြောင်းတွေ ရေးသားခဲ့ကြပါတယ် ။ ဦးကျော်သူကို စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးလည်း ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဝမ်းသာနေကြမယ်ထင်ပါတယ်နော် ။
About the author
Aung Lay
Leave a Comment