ၾကားသိရသမ်ွ

ရှေ့တန်းတိုက်စစ်မှူး တစ်ဦး ကိုဗစ်ကြောင့် ကျဆုံးခဲ့ရပါပြီ (ကိုဗစ်ကြောင့် ပထမဆုံး ကြွေလွင့်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်း)

Written by Aung Lay

ေရွ႕တန္းတိုက္စစ္မႉး တဦး ကိုဗစ္ေၾကာင့္ က်ဆုံးခဲ့ရပါၿပီ (ကိုဗစ္ေၾကာင့္ ပထမ ဆုံး ေႂကြလြင့္ခဲ့ရတဲ့ က်န္းမာေရး ဝန္ထမ္း)

တာေမြၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန က်န္းမာ ေရးမႉး ဦးေနလင္းဦးသည္ ကိုဗစ္ ေရာဂါကူးစက္ခံရ၍ ရန္ကုန္ေဆး႐ုံႀကီး၌ ကြယ္လြန္ ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက အတည္ျပဳလိုက္ပါတယ္။

အသက္ (၅၆) ႏွစ္အ႐ြယ္ က်န္းမာေရးမႉးသည္ တာေမြၿမိဳ႕နယ္ ကိုဗစ္ သံသယလူနာ ရွာေဖြေရးႏွင့္ ေနရာခ်ထားေရး ဦးစီးေဆာင္႐ြက္ေနသူ ျဖစ္ၿပီး ေအာက္တိုဘာ ၁၅ ရက္တြင္ ကိုဗစ္ ကူးစက္ခံရသည္ကို ေတြ႕ရွိ၍ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသေစခဲ့သည္ဟု ၿမိဳ႕ နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာႏွင္းလဲ့ရည္က ဆိုပါတယ္။

“ဘယ္က စကူးမွန္းေတာ့ မသိဘူး။ ေနာက္ သူ႔မွာလည္း အသည္းေရာဂါ အခံရွိတယ္။ မေန႔က (ေအာက္တိုဘာ ၂၅ ရက္) နံနက္ ၁၀ နာရီေလာက္က ဆုံး သြားခဲ့တာ’’ဟု ၎က ေျပာပါတယ္။

‘ေရွ႕တန္း တိုက္စစ္မႉး ကိုဗစ္ ေရာဂါကူးစက္ခံရၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ယေန႔ မနက္ ၁၀ နာရီခန္႔အခ်ိန္ တြင္ ကြယ္လြန္သြားပါသျဖင့္ တာ ေမြၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွေလးစားစြာ ဝမ္းနည္းစြာ ျဖင့္ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါ သည္။ ဆရာ ေကာင္းရာသုဂတိ လားပါေစ’ ဟူ၍ တာေမြၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေၾကညာထားပါတယ္။

ကိုဗစ္ ကာကြယ္တားဆီးထိန္းခ်ဳပ္မႈလုပ္ငန္း ေဆာင္႐ြက္ေနသည့္ က်န္းမာေရးဝန္ထမ္းတစ္ဦး ကူးစက္ခံရ၍ ကြယ္လြန္ျခင္းသည္ ျမန္မာႏိုင္ငံအေနျဖင့္ ပထမဆုံးျဖစ္ေၾကာင္း ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

“မေန႔က ျပည္ေထာင္စု ဝန္ႀကီးပါတဲ့ အစည္းအေဝးမွာလည္း ဝမ္းနည္းေၾကာင္း ေၾကညာခိုင္းတယ္။ ၿပီးေတာ့ က်န္ခဲ့တဲ့ မိသားစုကို ေထာက္ပံ့ဖို႔ ၫႊန္ ၾကားတယ္။ ဒါ ရန္ကုန္တိုင္းအ တြက္ ပထမဆုံးျဖစ္သလို တျခား ျပည္နယ္နဲ႔ တိုင္းမွာလည္း မရွိပါ ဘူး။ ကြၽန္ေတာ္တို႔အားလုံးလည္း ဝမ္းနည္းၾကရပါတယ္’’ဟု ၎က ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ ဒုတိယလႈိင္း စတင္သက္ေရာက္ခဲ့ၿပီး ေနာက္ ကိုဗစ္ အတည္ျပဳ လူနာ ေသာင္းႏွင့္ခ်ီအမ်ားအျပား ေတြ႕ရွိရၿပီး ယင္းအနက္ တာဝန္ ထမ္းေဆာင္ေနသည့္ က်န္းမာ ေရးဝန္ထမ္း ၂၀၀ ထက္မနည္း ကူးစက္ခံရေၾကာင္း ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူမ်ားက ေျဖၾကားထားပါတယ္။

Unicode

ရှေ့တန်းတိုက်စစ်မှူး တဦး ကိုဗစ်ကြောင့် ကျဆုံးခဲ့ရပါပြီ (ကိုဗစ်ကြောင့် ပထမ ဆုံး ကြွေလွင့်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်း)

တာမွေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာ ရေးမှူး ဦးနေလင်းဦးသည် ကိုဗစ် ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် ခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုလိုက်ပါတယ်။

အသက် (၅၆) နှစ်အရွယ် ကျန်းမာရေးမှူးသည် တာမွေမြို့နယ် ကိုဗစ် သံသယလူနာ ရှာဖွေရေးနှင့် နေရာချထားရေး ဦးစီးဆောင်ရွက်နေသူ ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ကိုဗစ် ကူးစက်ခံရသည်ကို တွေ့ရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့သည်ဟု မြို့ နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းလဲ့ရည်က ဆိုပါတယ်။

“ဘယ်က စကူးမှန်းတော့ မသိဘူး။ နောက် သူ့မှာလည်း အသည်းရောဂါ အခံရှိတယ်။ မနေ့က (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀ နာရီလောက်က ဆုံး သွားခဲ့တာ’’ဟု ၎င်းက ပြောပါတယ်။

‘ရှေ့တန်း တိုက်စစ်မှူး ကိုဗစ် ရောဂါကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ မနက် ၁၀ နာရီခန့်အချိန် တွင် ကွယ်လွန်သွားပါသဖြင့် တာ မွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလေးစားစွာ ဝမ်းနည်းစွာ ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။ ဆရာ ကောင်းရာသုဂတိ လားပါစေ’ ဟူ၍ တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာထားပါတယ်။

ကိုဗစ် ကာကွယ်တားဆီးထိန်းချုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ကူးစက်ခံရ၍ ကွယ်လွန်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“မနေ့က ပြည်ထောင်စု ဝန်ကြီးပါတဲ့ အစည်းအဝေးမှာလည်း ဝမ်းနည်းကြောင်း ကြေညာခိုင်းတယ်။ ပြီးတော့ ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့ဖို့ ညွှန် ကြားတယ်။ ဒါ ရန်ကုန်တိုင်းအ တွက် ပထမဆုံးဖြစ်သလို တခြား ပြည်နယ်နဲ့ တိုင်းမှာလည်း မရှိပါ ဘူး။ ကျွန်တော်တို့အားလုံးလည်း ဝမ်းနည်းကြရပါတယ်’’ဟု ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဒုတိယလှိုင်း စတင်သက်ရောက်ခဲ့ပြီး နောက် ကိုဗစ် အတည်ပြု လူနာ သောင်းနှင့်ချီအများအပြား တွေ့ရှိရပြီး ယင်းအနက် တာဝန် ထမ်းဆောင်နေသည့် ကျန်းမာ ရေးဝန်ထမ်း ၂၀၀ ထက်မနည်း ကူးစက်ခံရကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများက ဖြေကြားထားပါတယ်။

Credit

About the author

Aung Lay

Leave a Comment