ၾကားသိရသမ်ွ

“သား ရယ်… ပြောဖို့ စောပါသေးတယ်”တဲ့

Written by Aung Lay

ေဒါက္ တာအဲရစ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စကားေျပာေတာ့ မလွုပ္ဘူး၊ ေတာ္ေတာ္ညက္တာပဲ။ ျမန္မာျပည္သူေတြ အားလုံးကိုယ္စား နိုင္ငံ့ေခါင္းေဆာင္ကို သူက ခ်ီးက်ဴးေပးတယ္။ ကိုဗစ္-၁၉ ကို ဖိုက္တဲ့ထဲမွာ ကမၻာ့အေတာ္ဆုံးေခါင္းေဆာင္တဲ့။ ေဒၚေအာင္ဆန္းစုၾကည္ကေတာင္ သေဘာေတြက်ၿပီး သားရယ္… ေနပါဦး၊ အဲဒီလိုေျပာဖို့ ေစာပါေသးတယ္လို့ တားယူရတယ္။ သူက မဟုတ္ဘူး၊ ရွိတဲ့အရင္းအျမစ္ကေလးနဲ႔ ဒီေလာက္လုပ္ထားနိုင္တာမို့ ခ်ီးက်ဴးရမွာပဲတဲ့။

လူပဲေလ၊ ကိုယ့္ကိုေတာ္တယ္လို့ ခ်ီးက်ဴးေတာ့ သေဘာက်မွာေပါ့။အဲဒါေၾကာင့္ ေဒါက္တာအဲရစ္ကို ေက်းဇူးတင္တာပါ။ဒီမွာက ခ်ီးက်ဴးတာထက္ ဆဲတာကမ်ားေနေတာ့ နီးတဲ့သူကမျမင္ဘူး၊ အေဝးကလူက ျမင္ေတာ့ ခ်ီးက်ဴးတယ္။ ေဒါက္တာအဲရစ္ကပဲ ကိုဗစ္-၁၉ ကုသဖို့ေဆး ေဆးထုတ္တဲ့ကုမၸဏီတခုကလူႀကီးဆီ ျမန္မာကိုဦးစားေပးေရာင္းဖို့ သူေျပာဆိုထားတာေတြရွိတယ္လို့ ေဒၚေအာင္ဆန္းစုၾကည္ကို သတင္းစကားပါးပါတယ္။

ဒါလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေမတၱာေၾကာင့္ပဲ၊ ေမတၱာေရာင္ျပန္ဟပ္တာပါလို့ ေဒါက္တာအဲရစ္က ေျပာတယ္။ေဒၚေအာင္ဆန္းစုၾကည္က တေနရာမွာ ေမတၱာ၊ ေစတနာလို့ စကားစလိုက္ၿပီးမွ အင္း တခ်ိဳ့ကလည္း ဒီေမတၱာေတြဘာေတြေျပာတာကို မႀကိဳက္ၾကဘူးလို့ အသာေလးညည္းေျပာေျပာတယ္။

ကၽြန္ေတာ္ကေတာ့ လက္ရွိနိုင္ငံ့ေခါင္းေဆာင္ကို တိုင္းျပည္နဲ႔လူထုေကာင္းက်ိဳးအတြက္ႏွစ္‌ေယာက္မရွိသူလို့ျမင္ပါတယ္။ဒီထက္ေကာင္းတဲ့လူ ေလနဲ႔မဟုတ္ဘဲအေပၚယံမဟုတ္ဘဲ ေနရာအာဏာအတြက္မဟုတ္ဘဲ ဒီေန႔မနက္ျဖန္မဟုတ္ေတာင္ ကၽြန္ေတာ့္တစ္သက္ တကယ္ထြက္ေပၚလာခဲ့ရင္လည္း ေထာက္ခံဖို့ဝန္မေလးပါဘူး။

၂၇၊၅၊၂၀၂၀

Myo Tha Htet

Unicode

ဒေါက်တာအဲရစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတော့ မလှုပ်ဘူး၊ တော်တော်ညက်တာပဲ။ မြန်မာပြည်သူတွေ အားလုံးကိုယ်စား နိုင်ငံ့ခေါင်းဆောင်ကို သူက ချီးကျူးပေးတယ်။ ကိုဗစ်-၁၉ ကို ဖိုက်တဲ့ထဲမှာ ကမ္ဘာ့အတော်ဆုံးခေါင်းဆောင်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ကတောင် သဘောတွေကျပြီး သားရယ်… နေပါဦး၊ အဲဒီလိုပြောဖို့ စောပါသေးတယ်လို့ တားယူရတယ်။ သူက မဟုတ်ဘူး၊ ရှိတဲ့အရင်းအမြစ်ကလေးနဲ့ ဒီလောက်လုပ်ထားနိုင်တာမို့ ချီးကျူးရမှာပဲတဲ့။

လူပဲလေ၊ ကိုယ့်ကိုတော်တယ်လို့ ချီးကျူးတော့ သဘောကျမှာပေါ့။အဲဒါကြောင့် ဒေါက်တာအဲရစ်ကို ကျေးဇူးတင်တာပါ။ဒီမှာက ချီးကျူးတာထက် ဆဲတာကများနေတော့ နီးတဲ့သူကမမြင်ဘူး၊ အဝေးကလူက မြင်တော့ ချီးကျူးတယ်။ ဒေါက်တာအဲရစ်ကပဲ ကိုဗစ်-၁၉ ကုသဖို့ဆေး ဆေးထုတ်တဲ့ကုမ္ပဏီတခုကလူကြီးဆီ မြန်မာကိုဦးစားပေးရောင်းဖို့ သူပြောဆိုထားတာတွေရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပါးပါတယ်။

ဒါလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာကြောင့်ပဲ၊ မေတ္တာရောင်ပြန်ဟပ်တာပါလို့ ဒေါက်တာအဲရစ်က ပြောတယ်။ဒေါ်အောင်ဆန်းစုကြည်က တနေရာမှာ မေတ္တာ၊ စေတနာလို့ စကားစလိုက်ပြီးမှ အင်း တချို့ကလည်း ဒီမေတ္တာတွေဘာတွေပြောတာကို မကြိုက်ကြဘူးလို့ အသာလေးညည်းပြောပြောတယ်။

ကျွန်တော်ကတော့ လက်ရှိနိုင်ငံ့ခေါင်းဆောင်ကို တိုင်းပြည်နဲ့လူထုကောင်းကျိုးအတွက် နှစ်‌ယောက်မရှိသူလို့မြင်ပါတယ်။ဒီထက်ကောင်းတဲ့လူ လေနဲ့မဟုတ်ဘဲအပေါ်ယံမဟုတ်ဘဲ နေရာအာဏာအတွက်မဟုတ်ဘဲ ဒီနေ့မနက်ဖြန် မဟုတ်တောင် ကျွန်တော့်တစ်သက် တကယ်ထွက်ပေါ်လာခဲ့ရင်လည်း ထောက်ခံဖို့ဝန်မလေးပါဘူး။

၂၇၊၅၊၂၀၂၀

Myo Tha Htet

About the author

Aung Lay

Leave a Comment