ၾကားသိရသမ်ွ

လေးစားစရာ လုပ်ရပ်ကြောင့် အွန်လိုင်းမှာ လူကြိုက်များ ချီးကျူးခံနေရသော ရှာမှရှားတဲ့ အုပ်ချုပ်ရေးမှူး..

Written by Aung Lay




Unicode

နိုင်ငံတော်က ပေးတဲ့ ပိုက်ဆံနဲ့ ပစ္စည်းတွေကို ဖြတ်စား လာဘ်စားလုပ် အမျိုးတွေကိုပဲ ဝေငှခွဲယူပြီး တကယ်လိုအပ်သူတွေကို မပေးတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိသလို နိုင်ငံတော်ကပေးအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းနဲ့ ပိုက်ဆံတွေကို လိုအပ်သူတွေထံ ရောက်အောင် စနစ်တကျ စီမံခန့်ခွဲပေးဝေတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိပါတယ်။ ဒီလိုအုပ်ချုပ်ရေးမှူးများစွာထဲကမှ ထူးထူးခြားခြား ရှာမှရှား တဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးအကြောင်းဟာ အွန်လိုင်းပေါ် မှာ ဂုဏ်ယူဖွယ်ရာ ပျံ့နှံ့လာပြီး လူအများက ချီးမွမ်းပြောဆိုနေတာကို တွေ့မြင်ရပါတယ်နော်။

ကြည်နူးဝမ်းမြောက်ဖွယ်ရာ ယခု သတင်းကို ( ကိုအေးမင်း ) စာမျက်နှာမှ တစ်ဆင့် ပြန်လည်မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကံတင်+ ဒေါ်ဝင်းရီ……သားကိုဆန်း+မမြမြသင်း၊ ကိုထွန်း+မသီတာစန်း မိသားစုတို့မှကျွန်းဖိုပင်ရွာရှိ အိမ်ခြေပေါင်း ၂၀၀ကျော်ကို တစ်အိမ်လျှင်ဆန် တစ်တင်းစီ လှူဒါန်းပါသည် အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ အခုလို မွန်မြတ်လှတဲ့ လုပ်ရပ်ကြောင့် အွန်လိုင်းမှာလည်း လူအများက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်

သာဓုသာဓုသာဓုပါဗျာ ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေသော ယခုလိုကာလမှာ ယခုကဲ့သို့ လိုအပ်သော အလှူဒါန ပြုလုပ်လူဒါန်းသော စေတနာရှင် မိသားစု … ဒီထက်မက ဆထက်ထမ်းပိုး တိုး၍ လှူဒါန်းနိုင်ပြီး ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကျတော်များ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ယခုကဲ့သို့ ဂုဏ်ယူလေးစားဖွယ် လူဒါန်းမှုအစုစုကိုလည်း အများပြည်သူ သာဓုခေါ်နိုင်ကြစေဖို့ ယခုကဲ့သို့ ထပ်ဆင့်ဖော်ပြ ဂုဏ်ပြုအပ်ပါသည်။

About the author

Aung Lay

Leave a Comment