မ်က္ရည္ေလး စမ္းစမ္း စမ္းစမ္း နဲ႔ “ဆရာ က်ြန္မအလုပ္လုပ္ႏိုင္ပါေသးတယ္ ခြင့္မယူလို႔မရဘူးလား”တဲ႔
ဆရာ၊ ကြၽန္မ အလုပ္လုပ္ႏိုင္တယ္။ ခြင့္မယူခ်င္ဘူး”
ဒီတလ ႏွစ္လအတြင္း ေန႔တိုင္းေန႔တိုင္း တေနကုန္နီးပါးၾကားေနရတဲ့စကား။
ကိုဗစ္ျဖစ္ေတာ့ စက္မႈဇုန္ထဲက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ အကာအကြယ္ရစိမ့္ေသာငွါ ႏိုင္ငံေတာ္က ခြင့္ေပးခိုင္းတယ္။ အင္မတန္ေကာင္းပါတယ္။ စက္႐ုံေတြက ကိုယ္ဝန္ေဆာင္အလုပ္သမေလးေတြကို ကိုယ္တို႔ လူမႈဖူလုံေရး-ကဲလ္ဝဲလ္ကိုလႊတ္၊ ကိုယ္တို႔က ဗိုက္ရွိတာ ေသခ်ာရင္ ခြင့္စာေရးေပး၊ ကနဦး ၈ ပတ္နားေစေပါ့။
အဲဒီမွာ “ကဲ ညီမေရ အစ္မေရ ကြၽန္ေတာ္ ခြင့္ ၈ ပတ္ ေပးလိုက္တယ္ေနာ္” လို႔ ဆိုလိုက္တာနဲ႔ အေပၚမွာ ေျပာခဲ့တဲ့စကား ၾကားရၿပီ။ ခြင့္ရတယ္ဆိုၿပီး ေပ်ာ္ေပ်ာ္ႀကီး ျပန္သြားတဲ့လူေတြ မရွိဘူးရယ္ေတာ့ မဟုတ္ဘူး။ ရွိတယ္၊ ရွားတယ္မဟုတ္ေပမယ့္ ေတာ္ေတာ္နည္းတယ္။ ကိုယ္ဝန္ေဆာင္ အမ်ားစုက လႏုေသးရင္ ခြင့္မလိုခ်င္ၾကဘူး။
သူတို႔က ဗိုက္ႀကီးၿပီေဟ့ဆိုရင္ ကေလးစားရိတ္ ေမြးစားရိတ္အတြက္ ပိုက္ဆံပိုရွာရမယ္လို႔ ေတြးထားၿပီးသား၊ ကိုယ္ဝန္ႏုတုန္း ရသမွ်ႀကဳံးလုပ္ဖို႔ ေမာင္းတင္ထားၾကတာ။ လုပ္ႏိုင္လြန္းမက လုပ္ၾကမွ ကေလးႏို႔ဗူးဖိုးအႏိုင္ႏိုင္ကိုး။ အဲဒီအခ်ိန္မွာ အခုအခ်ိန္ကေနခြင့္စယူရမယ္ဆိုလိုက္ေတာ့ မ်က္ႏွာေလးေတြက ခ်က္ခ်င္းညိဳသြားၾကတယ္။ တခ်ိဳ႕က ထပ္ေမးတယ္ “၈ ပတ္ပဲမွတ္လားဆရာ၊ ၈ ပတ္ျပည့္ရင္ ျပန္ဆင္းလို႔ရတယ္မွတ္လား” တဲ့။ ေမးတာကိုက နိမိတ္ျပေမးခြန္း။ သူတို႔ေမွ်ာ္လင့္ခ်က္ေလးေပါ့။ “မရဘူးဗ်၊ ဒီၾကားထဲ ၫႊန္ၾကာခ်က္တခုခု ထပ္ထြက္မလာရင္ အခုခ်ိန္ကေန ကေလးေမြးၿပီး ၈ ပတ္အထိ ခြင့္ ယူကို ယူရမွာ”
လင္မယား ၂ ေယာက္လုံး အခ်ိန္ပိုေတြဆင္းၿပီး ကုန္း႐ုန္းလုပ္ႏိုင္ကာမွ လူေနမႈစနစ္တခုရဲ႕ ေအာက္ဆုံးတန္းေလးကို ေျခဖ်ားေထာက္ လိုက္ႏိုင္႐ုံရွိတဲ့ကာလမွာ မိန္းမက နားေစ၊ ေယာက္က်ားတေယာက္တည္း ရွာစမ္းေဖြစမ္းဆိုေတာ့ နင့္ေနေအာင္ ႐ုန္းေပေတာ့ပဲ။ ကိုဗစ္ကေပးတဲ့ ေဝဒနာေတြေပါ့။
တေလာက လူနာလာတယ္။ ဒီျပႆနာ အတိုင္းေပါ့။ ခြင့္ေရးေပးေတာ့ ငိုပါေလေရာ။ ကဲ ညီမေရ အစခ်ီၿပီး ဒီလိုေရာဂါေတြ ျပန္႔ေနတဲ့အတြက္ ခြင့္ယူၿပီး အိမ္မွာပဲေနသင့္ေၾကာင္း၊ ညီမလက္ထဲမွာ အသက္ ၂ ေခ်ာင္း ရွိေနေၾကာင္း ဘာညာေပါ့ေလ။ သူက ျပန္ေျပာတယ္ “အရမ္းက်ပ္တည္းတယ္ဆရာ၊ ငတ္လိမ့္မယ္” တဲဲ့။ က်ပ္တည္းရင္ ေယာက်ာ္းကို အခ်ိန္ပိုဆင္းခိုင္း အားတဲ့အခ်ိန္ တခုခုလုပ္ခိုင္းပါလားေပါ့။
“သမီးေယာက်ာ္းက အလုပ္မလုပ္ဘူးဆရာ”
“သူကေရာဂါသည္လား၊ ေနမေကာင္းလို႔လား၊ တခုခုဘာမ်ား ျဖစ္ထားလို႔လဲ”
“အကုန္ေကာင္းပါတယ္ဆရာ၊ သမီးနဲ႔မညားခင္တည္းက ဘာအလုပ္မွမလုပ္တာ၊ အခုက သမီးတေယာက္တည္း ဝင္ေငြရွိတာမို႔ ခြင့္မယူခ်င္ဘူး”
“ဟ နင့္ေယာက်ာ္းကို အလုပ္လုပ္ခိုင္းေပါ့ဟ၊ ညည္းတေယာက္တည္း လုပ္ေနလို႔ျဖစ္မလား၊ အခုလို ဗိုက္ႀကီးလာေတာ့ ဘယ္လိုလုပ္မတုန္း”
“သူ႔ကိုအလုပ္လုပ္ခိုင္းရင္ သူ႔အေမက မႀကိဳက္ဘူးဆရာ၊ ေယာကၡမနဲ႔ ရန္မျဖစ္ခ်င္လို႔ သူ႔ကိုအလုပ္မလုပ္ခိုင္းေတာ့ဘူး၊ ေယာကၡမကလည္း သမီးတို႔နဲ႔ တအိမ္တည္းေနတာမို႔ သမီးပဲ ရွာေကြၽးေနရတာ၊ လုပ္ပါဆရာရယ္ ခြင့္မေရးေပးလိုက္ပါနဲ႔”
ေလာကမွ ဒီလိုလူေတြလည္းရွိတယ္။ ဇာတ္ကားထဲမွာ ဇာတ္ပို႔ေတြ မိုက္႐ိုင္းျပတာထက္ ပိုစုတ္ပဲ့တဲ့လူစားေတြ အမ်ားႀကီးပဲ။ အဲဒီလိုလူနာေတြကို မ်က္လုံးခ်င္းဆုံၿပီး စကားေျပာဖို႔ အားမရွိလို႔ မ်က္ႏွာလႊဲၿပီးခြင့္စာေရးရင္း အဆင္ေျပသြားမွာပါ ညီမရယ္ဆိုၿပီး ေျပာရတာပဲ။ စိတ္ထဲကေတာ့ အဲဒီလိုေကာင္မ်ိဳးနဲ႔ ကြဲလိုက္ပါေတာ့လား ညီမရယ္ေပါ့။
တရက္ကလည္း ေကာင္မေလးတေယာက္ ေဆးခန္းလာျပတယ္။ သူလာျပတာေတာ့ အစားအေသာက္ေတြပ်က္လို႔ ေခါင္းမူးလို႔ အန္လို႔ပါ။ ေမးၾကည့္ေတာ့ ရာသီမလာတာ ၂ လ ရွိၿပီ။ ထုံးစံအတိုင္း စမ္းသပ္စစ္ေဆးၿပီး အေျဖထြက္တာက ကိုယ္ဝန္ ၂ လ။ ကိုယ္ဝန္ရွိတယ္လို႔ေျပာလိုက္ေတာ့ ဟင္ခနဲပဲ။ လိုအပ္တဲ့ေဆးေတြေပးၿပီး ကဲ ကနဦး ခြင့္ ၈ ပတ္ ယူေစေပါ့။
မ်က္ရည္ေလးစမ္းစမ္း စမ္းစမ္းနဲ႔ “ဆရာ ခြင့္မယူလို႔မရဘူးလား” တဲ့။ လာျပန္ၿပီ ဒီစကား။ ဒါေပမယ့္ အရင္လိုရွင္းျပဖို႔ရာက ကိုယ့္အတြက္ ခက္ခဲေနျပန္ေရာ။ ျပႆနာက ေကာင္မေလးက အိမ္ေထာင္သည္မဟုတ္ဘူး။ ရည္းစားနဲ႔ အတူအိပ္ၿပီး ကိုယ္ဝန္ရွိသြားတာ။ ခြင့္ ၈ ပတ္ေပးလိုက္ရင္ ကိုယ္ဝန္ရွိေနၿပီဆိုတာ သူ႔စက္႐ုံတခုလုံးသိေတာ့မယ္။ အိမ္ေထာင္မရွိပဲ ဗိုက္ႀကီးတယ္ဆိုတာကလည္း ျမန္မာ့လူမႈေရးနယ္ပယ္မွာ ေတာ္ေတာ္ဆိုးတဲ့ကိစၥႀကီးလိုလို ျမင္ၾကတာမဟုတ္လား။
“ညည္းေကာင္ေလးေရာ ရန္ကုန္မွာရွိရဲ႕လား၊ သူနဲ႔တိုင္ပင္ၿပီးၿပီလား၊ ယူဖို႔ေရာ အဆင္သင့္ျဖစ္ၿပီလား”
“သူနဲ႔ယူမွာပါဆရာ၊ ဘာမွအဆင္သင့္မျဖစ္ေသးဘူး၊ အိမ္ကိုလည္း ကိုယ္ဝန္ရွိတာ မေျပာရဲဘူး၊ အိမ္ကိုေျပာရဲရင္ေတာင္ သမီးအလုပ္ကလူေတြသိမွာ ရွက္တယ္၊ ဆရာခြင့္ေရးေပးလိုက္ရင္ လူေတြအကုန္သိကုန္လိမ့္မယ္၊ လုပ္ပါ ဆရာရယ္။ ေတာင္းပန္ပါတယ္ ခြင့္စာမေရးေပးပါနဲ႔၊ သမီးတို႔ မဂၤလာေဆာင္ၿပီးမွ ခြင့္လာယူပါရေစ၊ ဆရာက ကိုယ္ဝန္ရွိတယ္လို႔ေရးေပးလိုက္ရင္ သမီးဒုကၡေရာက္လိမ့္မယ္၊ အလုပ္ထြက္လိုက္ရင္လည္း ဒီအခ်ိန္မွာ ေနာက္အလုပ္တခု ရဖို႔ မလြယ္ဘူး၊ ကယ္ပါဆရာရယ္”
ေခါင္းထဲမွာ တာဝန္နဲ႔က်င့္ဝတ္ကတဖက္ ကိုယ္ခ်င္းစာစိတ္ကတဖက္။ ၿပီးေတာ့ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ။
“ဆရာလည္း ဒုကၡေရာက္ပါတယ္ ညီမရယ္”
တခ်ိဳ႕ဘဝေတြမွာလည္း ေဝဒနာတမ်ိဳး။ စစ္လိုက္ေဆးလိုက္ေတာ့ ကိုယ္ဝန္ရွိေနၿပီ။ ကိုယ္ေရးအခ်က္အလက္မွာက အပ်ိဳ။ အင္း ႀကဳံရျပန္ၿပီေပါ့။ ဒါေပမယ့္ မဟုတ္ျပန္ဘူး။
“အိမ္ေထာင္ရွိပါတယ္ဆရာ။ စက္႐ုံကအေဆာင္မွာက အပ်ိဳပဲလက္ခံတာမို႔ အပ်ိဳလို႔ ညာထားတာ။ သူလည္း ေယာက်ာ္းေလးေဆာင္မွာေနတာ သမီးလည္း မိန္းကေလးေဆာင္မွာေနတယ္ဆရာ၊ စက္႐ုံပိတ္ရက္ေတြဆို အျပင္မွာ ခ်ိန္းေတြ႕ပါတယ္”
“အခုေတာ့ ကိုယ္ဝန္ရွိသြားၿပီညီမရဲ႕၊ ဒီတိုင္းဆက္ေနလို႔မရဘူးေလ”
“ဘာပဲျဖစ္ျဖစ္ ဗိုက္ခြင့္ေတာ့ မေရးေပးလိုက္ပါနဲ႔၊ ရန္ကုန္မွာ ေနစရာမရွိဘူးဆရာ၊ အိမ္ေထာင္သည္မွန္းသိလို႔ အေဆာင္မွာ မထားေတာ့ရင္ ဘယ္မွာေနရမလဲမသိလို႔ပါ၊ အခုခ်က္ခ်င္းႀကီး ေနစရာလည္း ရွာလို႔ရမွာ မဟုတ္ဘူး၊ အိမ္ငွါးခလည္း မတတ္ႏိုင္ဘူး၊ သမီးတို႔လင္မယား အလုပ္လည္းျပဳတ္ႏိုင္တယ္၊ လုပ္ပါဆရာရယ္ ကယ္ပါဦး”
သူ႔မ်က္ႏွာကို တခ်က္ၾကည့္လိုက္ေတာ့ မ်က္ရည္က စို႔ေနၿပီ။
“လုပ္ပါဆရာရယ္၊ ဆရာေျပာမွာသိတယ္၊ သမီးကို ကိုဗစ္မကူးႏိုင္ပါဘူး စိတ္ခ်ပါ၊ စက္႐ုံကလည္း အျပင္ေပးမထြက္ဘူး၊ သမီး mask လည္း တပ္တယ္၊ ေဆးခြင့္ေရးမေပးလိုက္ပါနဲ႔”
သူ႔မ်က္ႏွာမွာ ပိတ္စေဟာင္းေလးနဲ႔ သားေရႀကိဳးကို ကပိုက႐ိုတြဲစပ္ထားတဲ့ mask ေလးကို တပ္လို႔ရယ္။ mask ေလးထဲမွာ တစ္ရႉးေလး ၂ ထပ္ေလာက္ ခံထားရွာတယ္။
ကိုယ့္မွာ သက္ျပင္းခ်႐ုံမွတပါး အျခားမရွိ။ တကယ္ကို အျခားမရွိ။
Ye Khaung
Unicode
မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ “ဆရာ ကျွန်မအလုပ်လုပ်နိုင်ပါသေးတယ် ခွင့်မယူလို့မရဘူးလား”တဲ့
ဆရာ၊ ကျွန်မ အလုပ်လုပ်နိုင်တယ်။ ခွင့်မယူချင်ဘူး”
ဒီတလ နှစ်လအတွင်း နေ့တိုင်းနေ့တိုင်း တနေကုန်နီးပါးကြားနေရတဲ့စကား။
ကိုဗစ်ဖြစ်တော့ စက်မှုဇုန်ထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကာအကွယ်ရစိမ့်သောငှါ နိုင်ငံတော်က ခွင့်ပေးခိုင်းတယ်။ အင်မတန်ကောင်းပါတယ်။ စက်ရုံတွေက ကိုယ်ဝန်ဆောင်အလုပ်သမလေးတွေကို ကိုယ်တို့ လူမှုဖူလုံရေး-ကဲလ်ဝဲလ်ကိုလွှတ်၊ ကိုယ်တို့က ဗိုက်ရှိတာ သေချာရင် ခွင့်စာရေးပေး၊ ကနဦး ၈ ပတ်နားစေပေါ့။
အဲဒီမှာ “ကဲ ညီမရေ အစ်မရေ ကျွန်တော် ခွင့် ၈ ပတ် ပေးလိုက်တယ်နော်” လို့ ဆိုလိုက်တာနဲ့ အပေါ်မှာ ပြောခဲ့တဲ့စကား ကြားရပြီ။ ခွင့်ရတယ်ဆိုပြီး ပျော်ပျော်ကြီး ပြန်သွားတဲ့လူတွေ မရှိဘူးရယ်တော့ မဟုတ်ဘူး။ ရှိတယ်၊ ရှားတယ်မဟုတ်ပေမယ့် တော်တော်နည်းတယ်။ ကိုယ်ဝန်ဆောင် အများစုက လနုသေးရင် ခွင့်မလိုချင်ကြဘူး။
သူတို့က ဗိုက်ကြီးပြီဟေ့ဆိုရင် ကလေးစားရိတ် မွေးစားရိတ်အတွက် ပိုက်ဆံပိုရှာရမယ်လို့ တွေးထားပြီးသား၊ ကိုယ်ဝန်နုတုန်း ရသမျှကြုံးလုပ်ဖို့ မောင်းတင်ထားကြတာ။ လုပ်နိုင်လွန်းမက လုပ်ကြမှ ကလေးနို့ဗူးဖိုးအနိုင်နိုင်ကိုး။ အဲဒီအချိန်မှာ အခုအချိန်ကနေခွင့်စယူရမယ်ဆိုလိုက်တော့ မျက်နှာလေးတွေက ချက်ချင်းညိုသွားကြတယ်။ တချို့က ထပ်မေးတယ် “၈ ပတ်ပဲမှတ်လားဆရာ၊ ၈ ပတ်ပြည့်ရင် ပြန်ဆင်းလို့ရတယ်မှတ်လား” တဲ့။ မေးတာကိုက နိမိတ်ပြမေးခွန်း။ သူတို့မျှော်လင့်ချက်လေးပေါ့။ “မရဘူးဗျ၊ ဒီကြားထဲ ညွှန်ကြာချက်တခုခု ထပ်ထွက်မလာရင် အခုချိန်ကနေ ကလေးမွေးပြီး ၈ ပတ်အထိ ခွင့် ယူကို ယူရမှာ”
လင်မယား ၂ ယောက်လုံး အချိန်ပိုတွေဆင်းပြီး ကုန်းရုန်းလုပ်နိုင်ကာမှ လူနေမှုစနစ်တခုရဲ့ အောက်ဆုံးတန်းလေးကို ခြေဖျားထောက် လိုက်နိုင်ရုံရှိတဲ့ကာလမှာ မိန်းမက နားစေ၊ ယောက်ကျားတယောက်တည်း ရှာစမ်းဖွေစမ်းဆိုတော့ နင့်နေအောင် ရုန်းပေတော့ပဲ။ ကိုဗစ်ကပေးတဲ့ ဝေဒနာတွေပေါ့။
တလောက လူနာလာတယ်။ ဒီပြဿနာ အတိုင်းပေါ့။ ခွင့်ရေးပေးတော့ ငိုပါလေရော။ ကဲ ညီမရေ အစချီပြီး ဒီလိုရောဂါတွေ ပြန့်နေတဲ့အတွက် ခွင့်ယူပြီး အိမ်မှာပဲနေသင့်ကြောင်း၊ ညီမလက်ထဲမှာ အသက် ၂ ချောင်း ရှိနေကြောင်း ဘာညာပေါ့လေ။ သူက ပြန်ပြောတယ် “အရမ်းကျပ်တည်းတယ်ဆရာ၊ ငတ်လိမ့်မယ်” တဲ့။ ကျပ်တည်းရင် ယောကျာ်းကို အချိန်ပိုဆင်းခိုင်း အားတဲ့အချိန် တခုခုလုပ်ခိုင်းပါလားပေါ့။
“သမီးယောကျာ်းက အလုပ်မလုပ်ဘူးဆရာ”
“သူကရောဂါသည်လား၊ နေမကောင်းလို့လား၊ တခုခုဘာများ ဖြစ်ထားလို့လဲ”
“အကုန်ကောင်းပါတယ်ဆရာ၊ သမီးနဲ့မညားခင်တည်းက ဘာအလုပ်မှမလုပ်တာ၊ အခုက သမီးတယောက်တည်း ဝင်ငွေရှိတာမို့ ခွင့်မယူချင်ဘူး”
“ဟ နင့်ယောကျာ်းကို အလုပ်လုပ်ခိုင်းပေါ့ဟ၊ ညည်းတယောက်တည်း လုပ်နေလို့ဖြစ်မလား၊ အခုလို ဗိုက်ကြီးလာတော့ ဘယ်လိုလုပ်မတုန်း”
“သူ့ကိုအလုပ်လုပ်ခိုင်းရင် သူ့အမေက မကြိုက်ဘူးဆရာ၊ ယောက္ခမနဲ့ ရန်မဖြစ်ချင်လို့ သူ့ကိုအလုပ်မလုပ်ခိုင်းတော့ဘူး၊ ယောက္ခမကလည်း သမီးတို့နဲ့ တအိမ်တည်းနေတာမို့ သမီးပဲ ရှာကျွေးနေရတာ၊ လုပ်ပါဆရာရယ် ခွင့်မရေးပေးလိုက်ပါနဲ့”
လောကမှ ဒီလိုလူတွေလည်းရှိတယ်။ ဇာတ်ကားထဲမှာ ဇာတ်ပို့တွေ မိုက်ရိုင်းပြတာထက် ပိုစုတ်ပဲ့တဲ့လူစားတွေ အများကြီးပဲ။ အဲဒီလိုလူနာတွေကို မျက်လုံးချင်းဆုံပြီး စကားပြောဖို့ အားမရှိလို့ မျက်နှာလွှဲပြီးခွင့်စာရေးရင်း အဆင်ပြေသွားမှာပါ ညီမရယ်ဆိုပြီး ပြောရတာပဲ။ စိတ်ထဲကတော့ အဲဒီလိုကောင်မျိုးနဲ့ ကွဲလိုက်ပါတော့လား ညီမရယ်ပေါ့။
တရက်ကလည်း ကောင်မလေးတယောက် ဆေးခန်းလာပြတယ်။ သူလာပြတာတော့ အစားအသောက်တွေပျက်လို့ ခေါင်းမူးလို့ အန်လို့ပါ။ မေးကြည့်တော့ ရာသီမလာတာ ၂ လ ရှိပြီ။ ထုံးစံအတိုင်း စမ်းသပ်စစ်ဆေးပြီး အဖြေထွက်တာက ကိုယ်ဝန် ၂ လ။ ကိုယ်ဝန်ရှိတယ်လို့ပြောလိုက်တော့ ဟင်ခနဲပဲ။ လိုအပ်တဲ့ဆေးတွေပေးပြီး ကဲ ကနဦး ခွင့် ၈ ပတ် ယူစေပေါ့။
မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ “ဆရာ ခွင့်မယူလို့မရဘူးလား” တဲ့။ လာပြန်ပြီ ဒီစကား။ ဒါပေမယ့် အရင်လိုရှင်းပြဖို့ရာက ကိုယ့်အတွက် ခက်ခဲနေပြန်ရော။ ပြဿနာက ကောင်မလေးက အိမ်ထောင်သည်မဟုတ်ဘူး။ ရည်းစားနဲ့ အတူအိပ်ပြီး ကိုယ်ဝန်ရှိသွားတာ။ ခွင့် ၈ ပတ်ပေးလိုက်ရင် ကိုယ်ဝန်ရှိနေပြီဆိုတာ သူ့စက်ရုံတခုလုံးသိတော့မယ်။ အိမ်ထောင်မရှိပဲ ဗိုက်ကြီးတယ်ဆိုတာကလည်း မြန်မာ့လူမှုရေးနယ်ပယ်မှာ တော်တော်ဆိုးတဲ့ကိစ္စကြီးလိုလို မြင်ကြတာမဟုတ်လား။
“ညည်းကောင်လေးရော ရန်ကုန်မှာရှိရဲ့လား၊ သူနဲ့တိုင်ပင်ပြီးပြီလား၊ ယူဖို့ရော အဆင်သင့်ဖြစ်ပြီလား”
“သူနဲ့ယူမှာပါဆရာ၊ ဘာမှအဆင်သင့်မဖြစ်သေးဘူး၊ အိမ်ကိုလည်း ကိုယ်ဝန်ရှိတာ မပြောရဲဘူး၊ အိမ်ကိုပြောရဲရင်တောင် သမီးအလုပ်ကလူတွေသိမှာ ရှက်တယ်၊ ဆရာခွင့်ရေးပေးလိုက်ရင် လူတွေအကုန်သိကုန်လိမ့်မယ်၊ လုပ်ပါ ဆရာရယ်။ တောင်းပန်ပါတယ် ခွင့်စာမရေးပေးပါနဲ့၊ သမီးတို့ မင်္ဂလာဆောင်ပြီးမှ ခွင့်လာယူပါရစေ၊ ဆရာက ကိုယ်ဝန်ရှိတယ်လို့ရေးပေးလိုက်ရင် သမီးဒုက္ခရောက်လိမ့်မယ်၊ အလုပ်ထွက်လိုက်ရင်လည်း ဒီအချိန်မှာ နောက်အလုပ်တခု ရဖို့ မလွယ်ဘူး၊ ကယ်ပါဆရာရယ်”
ခေါင်းထဲမှာ တာဝန်နဲ့ကျင့်ဝတ်ကတဖက် ကိုယ်ချင်းစာစိတ်ကတဖက်။ ပြီးတော့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ။
“ဆရာလည်း ဒုက္ခရောက်ပါတယ် ညီမရယ်”
တချို့ဘဝတွေမှာလည်း ဝေဒနာတမျိုး။ စစ်လိုက်ဆေးလိုက်တော့ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ရေးအချက်အလက်မှာက အပျို။ အင်း ကြုံရပြန်ပြီပေါ့။ ဒါပေမယ့် မဟုတ်ပြန်ဘူး။
“အိမ်ထောင်ရှိပါတယ်ဆရာ။ စက်ရုံကအဆောင်မှာက အပျိုပဲလက်ခံတာမို့ အပျိုလို့ ညာထားတာ။ သူလည်း ယောကျာ်းလေးဆောင်မှာနေတာ သမီးလည်း မိန်းကလေးဆောင်မှာနေတယ်ဆရာ၊ စက်ရုံပိတ်ရက်တွေဆို အပြင်မှာ ချိန်းတွေ့ပါတယ်”
“အခုတော့ ကိုယ်ဝန်ရှိသွားပြီညီမရဲ့၊ ဒီတိုင်းဆက်နေလို့မရဘူးလေ”
“ဘာပဲဖြစ်ဖြစ် ဗိုက်ခွင့်တော့ မရေးပေးလိုက်ပါနဲ့၊ ရန်ကုန်မှာ နေစရာမရှိဘူးဆရာ၊ အိမ်ထောင်သည်မှန်းသိလို့ အဆောင်မှာ မထားတော့ရင် ဘယ်မှာနေရမလဲမသိလို့ပါ၊ အခုချက်ချင်းကြီး နေစရာလည်း ရှာလို့ရမှာ မဟုတ်ဘူး၊ အိမ်ငှါးခလည်း မတတ်နိုင်ဘူး၊ သမီးတို့လင်မယား အလုပ်လည်းပြုတ်နိုင်တယ်၊ လုပ်ပါဆရာရယ် ကယ်ပါဦး”
သူ့မျက်နှာကို တချက်ကြည့်လိုက်တော့ မျက်ရည်က စို့နေပြီ။
“လုပ်ပါဆရာရယ်၊ ဆရာပြောမှာသိတယ်၊ သမီးကို ကိုဗစ်မကူးနိုင်ပါဘူး စိတ်ချပါ၊ စက်ရုံကလည်း အပြင်ပေးမထွက်ဘူး၊ သမီး mask လည်း တပ်တယ်၊ ဆေးခွင့်ရေးမပေးလိုက်ပါနဲ့”
သူ့မျက်နှာမှာ ပိတ်စဟောင်းလေးနဲ့ သားရေကြိုးကို ကပိုကရိုတွဲစပ်ထားတဲ့ mask လေးကို တပ်လို့ရယ်။ mask လေးထဲမှာ တစ်ရှူးလေး ၂ ထပ်လောက် ခံထားရှာတယ်။
ကိုယ့်မှာ သက်ပြင်းချရုံမှတပါး အခြားမရှိ။ တကယ်ကို အခြားမရှိ။
Ye Khaung