ၾကားသိရသမ်ွ

မင်္ဂလာဒုံ စမ်းမြသီတာ သီလရှင်စာသင်တိုက် မှ ဆရာလေး (၃၆) ပါး နဲ့ လူ (၆) ဦးတို့ ကိုဗစ်ကူးစက်ခံရ

Written by Aung Lay

မဂၤလာ ဒုံ စမ္းျမသီတာ သီလရွင္ စာသင္တိုက္ မွ ဆရာေလး (၃၆) ပါး နဲ႔ လူ (၆) ဦးတို႔ ကိုဗစ္ကူးစက္ခံ ရ

ရန္ကုန္ တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခ႐ိုင္၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေပါင္းကူးဉာဏေက်း႐ြာရွိ “စမ္းျမသီတာ” သီလရွင္စာသင္တိုက္တြင္ ကေလးငယ္တစ္ဦး ကိုဗစ္ေရာဂါပိုး စတင္ေတြ႕ရွိရာမွ ေက်ာင္းတိုက္အတြင္းရွိ သီလရွင္ႏွင့္ လူပုဂၢိဳလ္တို႔အားဆက္လက္စစ္ေဆးရာ သီလရွင္(၃၆)ပါးႏွင့္လူပုဂၢိဳလ္ (၆)ဦးတို႔တြင္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိေၾကာင္း ပုလဲအရံမီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးေျပာဆိုခ်က္အရ သိရပါတယ္။

“သီလရွင္စာသင္တိုက္မွာ Positive လူနာေတြ ေတြ႕တယ္ဆိုတာ ဟုတ္ပါတယ္။ ဒီေန႔မွာ အဲ့ဒီစာသင္တိုက္က ၁၄ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦး ကိုဗစ္ကူးစက္ေရာဂါ Positive ေတြ႕တာက စသိၿပီး ေက်ာင္းတိုက္မွာရွိတဲ့ သီလရွင္နဲ႔ ကေလးငယ္ေတြကို စစ္ေဆး လိုက္တဲ့အခါမွာ စုစုေပါင္း ၄၂ ဦး Positive ေတြ႕ရွိခဲ့တာပါ” ဟု ပုလဲအရံမီးသတ္တပ္ဖြဲ႕မွ ဒုတပ္ခြဲမႉး ကိုထင္လင္းေအာင္ ကေျပာပါတယ္။

အဆိုပါ စမ္းျမသီတာသီလရွင္စာသင္တိုက္သည္ မိဘမဲ့ကေလးငယ္မ်ားကို ေကြၽးေမြးေစာင့္ေရွာက္၍ ပညာသင္ၾကားေပးေနေသာ ေက်ာင္းတိုက္ျဖစ္ၿပီး ကိုဗစ္ေရာဂါကူးစက္ခံရသူအသက္ ၅ ႏွစ္မွ ၁၆ႏွစ္႐ြယ္ရွိ သီလရွင္ (၃၆)ပါး၊ လူပုဂၢိဳလ္(၆)ဦးတို႔ကို ေဆးကုသမႈခံယူရန္ ေတာင္ဒဂုံ ေအာင္ျမင့္မိုရ္ Quarantine Center သို႔ ပို႔ေဆာင္ထားေၾကာင္း သိရပါတယ္။

Unicode

မင်္ဂလာ ဒုံ စမ်းမြသီတာ သီလရှင် စာသင်တိုက် မှ ဆရာလေး (၃၆) ပါး နဲ့ လူ (၆) ဦးတို့ ကိုဗစ်ကူးစက်ခံ ရ

ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏကျေးရွာရှိ “စမ်းမြသီတာ” သီလရှင်စာသင်တိုက်တွင် ကလေးငယ်တစ်ဦး ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိရာမှ ကျောင်းတိုက်အတွင်းရှိ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အားဆက်လက်စစ်ဆေးရာ သီလရှင်(၃၆)ပါးနှင့်လူပုဂ္ဂိုလ် (၆)ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ပုလဲအရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးပြောဆိုချက်အရ သိရပါတယ်။

“သီလရှင်စာသင်တိုက်မှာ Positive လူနာတွေ တွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေ့မှာ အဲ့ဒီစာသင်တိုက်က ၁၄နှစ်အရွယ် ကလေးငယ် တစ်ဦး ကိုဗစ်ကူးစက်ရောဂါ Positive တွေ့တာက စသိပြီး ကျောင်းတိုက်မှာရှိတဲ့ သီလရှင်နဲ့ ကလေးငယ်တွေကို စစ်ဆေး လိုက်တဲ့အခါမှာ စုစုပေါင်း ၄၂ ဦး Positive တွေ့ရှိခဲ့တာပါ” ဟု ပုလဲအရံမီးသတ်တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ကိုထင်လင်းအောင် ကပြောပါတယ်။

အဆိုပါ စမ်းမြသီတာသီလရှင်စာသင်တိုက်သည် မိဘမဲ့ကလေးငယ်များကို ကျွေးမွေးစောင့်ရှောက်၍ ပညာသင်ကြားပေးနေသော ကျောင်းတိုက်ဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရသူအသက် ၅ နှစ်မှ ၁၆နှစ်ရွယ်ရှိ သီလရှင် (၃၆)ပါး၊ လူပုဂ္ဂိုလ်(၆)ဦးတို့ကို ဆေးကုသမှုခံယူရန် တောင်ဒဂုံ အောင်မြင့်မိုရ် Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

Credit

About the author

Aung Lay

Leave a Comment