Cele News

အောင်လအန်ဆန်း နဲ့ ပတ်သက်ပြီးလူတွေသိပ်မသိသေးတဲ့အကြောင်းအရာ (၇) ချက်

Written by Aung Lay

ကြိုးဝိုင်းထဲမှာ ဘယ်သူ့ကိုမှ ဗိုလ် မထားတဲ့ ရဲရင့်တဲ့ လူသား မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဆိုရင် ကလေးကအစ မသိသူ ရှိလောက် မယ်မထင်ပါဘူး။မြန်မာတွေနဲ့ မရင်းနှီးတဲ့ အားကစားတစ်ခုကို မြန်မာနိုင်ငံကို သယ်ဆောင်လာပြီး ကလေး လူငယ် လူကြီး မရွေး အောင်လဆိုရင် မချစ်တဲ့သူ မရှိရလောက်အောင် လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့သူပါ။ ဒါ့အပြင် အောင်လအန်ဆန် ဘယ်မှာနေတယ်၊ ကလေးဘယ်နှစ်ယောက်ရှိတယ် စတာတွေကိုလည်း ပရိသတ်တွေ သိရှိကြပေမယ့် ထဲထဲဝင်ဝင် မသိရသေးတဲ့ အောင်လရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်း များစွာ ရှိ နေပါတယ်။အဲ့ဒီထဲကမှ ပရိသတ်တွေ စိတ်ဝင်တစားသိရှိလိုမယ်လို့ ယူဆတဲ့ အကြောင်းအရာ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

(၁) ငယ်ဘဝ သူရဲကောင်း – ကလေးတော်တော်များ နည်းတူ အောင်လဟာ သူ့မိသားစုမှာတော့ သူ့မိဘတွေရဲ့ အသဲစွဲ ဖြစ်ခြင်း ခံခဲ့ရပါတယ်။ အထူးသဖြင့်တော့ အောင်လဟာ သူ့ဖခင်ဆီကနေတဆင့် လူ့ကျင့်ဝတ်တွေ၊ ဆုံးဖြတ်ချက်တွေကို စံနမူနာထားပြီး ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ “အဖေက အတန်းပညာ ၄ တန်းထိသာ သင်ခဲ့ရပေမယ့် ကျွန်တော်တို့ မိသားစု ဝင် ၅ ဦး စလုံးအပေါ် အမြဲ ဂရုတစိုက် ရှိခဲ့ပါတယ်။ နောက်ပြီး သူပညာမတတ်ပေမယ့် ကျွန်တော့်ကိုတော့ ပညာတတ်ကြီး ဖြစ်အောင် တက္ကသိုလ်ထိ ပို့ပေးနိုင်သူပါ။ ကျွန်တော့်ဘဝအတွက် သူရဲကောင်းပါပဲ”လို့ အောင်လက သူ့အဖေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

(၂) ကိုယ်ခံပညာက ငယ်စဉ်ကတည်းက လွှမ်းမိုးခဲ့ – အောင်လက ကျွန်တော်တို့လို ဂျက်ကီချမ်း၊ ဘရုစ်လီတို့ကို ကြိုက်နှစ်သက်သူတစ်ဦးပါ။ သူကတော့ ရုပ်ရှင်တွေ ငယ်စဉ်ကတည်းကကြည့်ပြီး ကိုယ်ခံပညာကို တတ်မြောက်လိုသူ ဖြစ်ခဲ့ပြီး ဒီနေ့မှာ ရုပ်ရှင်ထဲက အတိုင်း အပြင်မှာ တစ်ကယ်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

(၃) အမှတ်တရအရှိဆုံး အားကစားသမား – အောင်လအန်ဆန် လေးစားရဆုံး အားကစားသမား ကတော့ ဘတ်စကတ်ဘော ကစားသမားကြီး မိုက်ကယ် ဂျော်ဒန်လို့ သိရပါတယ်။ ဘတ်စကတ်ဘောအတွင်း မြင့်မားတဲ့ စွမ်းဆောင်ရည်များ၊ အပြစ်အနာဆာ ကင်းလွန်း လှတယ်လို့တောင် ကင်းပွန်းတပ်ခံရတဲ့ ဂျော်ဒန်ဟာ အောင်လရဲ့လေးစားမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။


(၄) လက်ဝှေ့စင် ပြင်ပက အောင်လအတွက် အခက်အခဲဆုံးအရာ – တိုက်ခိုက်‌ရေးသမားတစ်ယောက်အတွက် ပြိုင်ဖက်တွေ က အမြဲတမ်း ခက်ခဲလေ့ရှိပါတယ်။အထူသဖြင့် အောင် လအန်ဆန်လို ခါးပတ် နှစ်ခု ချန်ပီယံအတွက် ကာကွယ်ပွဲတွေက အမြဲတမ်း ဂုဏ်သိက္ခာတိုက်ပွဲ ဖြစ်နေပါတယ်။ ဒီလို လက်ဝှေ့ကြိုးဝိုင်းအတွင်းက အခက်ခဲဆုံးအရာတွေထက် ပြင်ပလူနေမှုဘဝမှာ အောင်လ အခက်ခဲဆုံး အရာ ကတော့ သူ့မိသားစုပါ။ ပြိုင်ပွဲမရှိသော်လည်း လေ့ကျင့်မှုတွေကြားက မိသားစုကို အမြဲတမ်း ဂရုတစိုက်နဲ့ အေးချမ်းသာယာနေအောင် ထား နိုင်ဖို့ပါ။ အောင်လအန်ဆန်မှာ အမေရိကန်သူ အမျိုးသမီးနဲ့ သားဦးတစ်ဦး၊သမီးငယ်တစ်ဦး ပိုင်ဆိုင်ထားပါတယ်။

(၅) ကြေးရုပ် – ၂၀၁၈ ဒီဇင်ဘာမှာ အောင်လအန်ဆန် ရဲ့ ပုံတူ ကြေးရုပ်တုကို ကချင်ပြည်နယ် မနောကွင်းမှာ ထုဆစ်ဂုဏ်ပြုခဲ့ကြ ပါတယ်။ ရုပ်တုထုလုပ်ဖို့ သတင်းကြားတဲ့အချိန်မှာ အောင်လကိုယ်တိုင် အံ့အားသင့်ခဲ့ရပြီး ပြည်သူတွေက သူ့ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ သိရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီလောက်ထိ မထိုက်တန်တာကြောင့် မထုလုပ်ကြဖို့ တားမြစ်ခဲ့ပါ သေးတယ်။ ဒီရုပ်တုရဲ့ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ သင်မွေးဖွားခဲ့ မွေးဖွားခဲ့ နှလုံးသားနဲ့ စိတ်ကို တည်ငြိမ်အောင် ကြိုးစား တည်ဆောက်မယ်ဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ဦးအထိ ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြနေခဲ့ပါပြီ။


(၆) အောင်လ အကြောက်ဆုံးအရာ – အောင်လအန်ဆန် အကြောက်ဆုံးက ဘာဖြစ်မယ် ထင်လဲ၊ မြွေလား၊ အမြင့်လား အဲ့ဒါတွေတော့ မထင်ပါဘူး။တ ကယ်တော့ အောင်လကြောက်တာ မိမိ ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မရောက် မှာကိုပါပဲ။ “ကျွန်တော့်ကို ကြောက်အောင် ဘယ်အရာမှ လုပ်လို့ မရပါဘူး၊ အိပ်မက် တွေ လက်တွေ့ အကောင် အထည် မဖော် နိုင်ပဲ တစ်ဝက်တစ်ပျက်ဖြစ်ပြီး လမ်းတစ်ဝက် မှာ ကျိုးပျက်မှာကို အကြောက်ဆုံးပါပဲ။”လို့ အောင်လက ဆိုပါ တယ်။

(၇) အချက်အပြုတ် – အောင်လကို လူတိုင်းက ကြိုးဝိုင်းထဲက ကမ္ဘာ့ချန်ပီယံ လို့ သိထားကြပေမယ့် အနည်းငယ်သော လူအချို့လောက် သာ အောင်လဟာ မီးဖိုချောင်ထဲ မှာ အချက်အပြုတ် ကျွမ်းကျင်သူဆိုတာ သိထားကြပါတယ်။ အောင်လဟာ ၇ နှစ်သားအရွယ်ကတည်းက အချက်အပြုတ် လုပ်ခဲ့ရသူလို့လည်းသိရပါတယ်။ “ကျွန်‌တော်တို့ ကလေး ဘဝမှာ ကျွန်တော့်အမေရဲ့ အိမ်နီးချင်းတစ်ဦးက အမြဲတမ်း အိမ်ကိုလာပြီး အချက်အပြုတ် တွေသင်ပေးလေ့ရှိပါတယ်။ တချို့ တနင်္ဂနွေနေ့တွေမှာဆို သူမက ကျွန်တော်တို့အတွက် စားစရာတွေ လုပ်ပေး တတ်ပါသေးတယ်။ အဲ့ကတည်း က ကျွန်တော် ချက်ပြုတ်ခဲ့တာပါ။”လို့ အောင်လက ဆိုပါတယ်။

Zawgyi

ႀကိဳးဝိုင္းထဲမွာ ဘယ္သူ႔ကိုမွ ဗိုလ္ မထားတဲ့ ရဲရင့္တဲ့ လူသား ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္ဆိုရင္ ကေလးကအစ မသိသူ ရွိေလာက္ မယ္မထင္ပါဘူး။ျမန္မာေတြနဲ႔ မရင္းႏွီးတဲ့ အားကစားတစ္ခုကို ျမန္မာႏိုင္ငံကို သယ္ေဆာင္လာၿပီး ကေလး လူငယ္ လူႀကီး မေ႐ြး ေအာင္လဆိုရင္ မခ်စ္တဲ့သူ မရွိရေလာက္ေအာင္ လူေတြရဲ႕ အသည္းႏွလုံးကို ကိုင္လႈပ္ႏိုင္ခဲ့သူပါ။ ဒါ့အျပင္ ေအာင္လအန္ဆန္ ဘယ္မွာေနတယ္၊ ကေလးဘယ္ႏွစ္ေယာက္ရွိတယ္ စတာေတြကိုလည္း ပရိသတ္ေတြ သိရွိၾကေပမယ့္ ထဲထဲဝင္ဝင္ မသိရေသးတဲ့ ေအာင္လရဲ႕ စိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာေတြလည္း မ်ားစြာ ရွိ ေနပါတယ္။အဲ့ဒီထဲကမွ ပရိသတ္ေတြ စိတ္ဝင္တစားသိရွိလိုမယ္လို႔ ယူဆတဲ့ အေၾကာင္းအရာ အခ်ိဳ႕ကို ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါတယ္။

(၁) ငယ္ဘဝ သူရဲေကာင္း – ကေလးေတာ္ေတာ္မ်ား နည္းတူ ေအာင္လဟာ သူ႔မိသားစုမွာေတာ့ သူ႔မိဘေတြရဲ႕ အသဲစြဲ ျဖစ္ျခင္း ခံခဲ့ရပါတယ္။ အထူးသျဖင့္ေတာ့ ေအာင္လဟာ သူ႔ဖခင္ဆီကေနတဆင့္ လူ႔က်င့္ဝတ္ေတြ၊ ဆုံးျဖတ္ခ်က္ေတြကို စံနမူနာထားၿပီး ႀကီးျပင္းခဲ့ရသူလည္း ျဖစ္ပါတယ္။ “အေဖက အတန္းပညာ ၄ တန္းထိသာ သင္ခဲ့ရေပမယ့္ ကြၽန္ေတာ္တို႔ မိသားစု ဝင္ ၅ ဦး စလုံးအေပၚ အၿမဲ ဂ႐ုတစိုက္ ရွိခဲ့ပါတယ္။ ေနာက္ၿပီး သူပညာမတတ္ေပမယ့္ ကြၽန္ေတာ့္ကိုေတာ့ ပညာတတ္ႀကီး ျဖစ္ေအာင္ တကၠသိုလ္ထိ ပို႔ေပးႏိုင္သူပါ။ ကြၽန္ေတာ့္ဘဝအတြက္ သူရဲေကာင္းပါပဲ”လို႔ ေအာင္လက သူ႔အေဖနဲ႔ပတ္သက္ၿပီး ေျပာျပပါတယ္။

(၂) ကိုယ္ခံပညာက ငယ္စဥ္ကတည္းက လႊမ္းမိုးခဲ့ – ေအာင္လက ကြၽန္ေတာ္တို႔လို ဂ်က္ကီခ်မ္း၊ ဘ႐ုစ္လီတို႔ကို ႀကိဳက္ႏွစ္သက္သူတစ္ဦးပါ။ သူကေတာ့ ႐ုပ္ရွင္ေတြ ငယ္စဥ္ကတည္းကၾကည့္ၿပီး ကိုယ္ခံပညာကို တတ္ေျမာက္လိုသူ ျဖစ္ခဲ့ၿပီး ဒီေန႔မွာ ႐ုပ္ရွင္ထဲက အတိုင္း အျပင္မွာ တစ္ကယ္ျဖစ္လာေအာင္ ႀကိဳးစားႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။

(၃) အမွတ္တရအရွိဆုံး အားကစားသမား – ေအာင္လအန္ဆန္ ေလးစားရဆုံး အားကစားသမား ကေတာ့ ဘတ္စကတ္ေဘာ ကစားသမားႀကီး မိုက္ကယ္ ေဂ်ာ္ဒန္လို႔ သိရပါတယ္။ ဘတ္စကတ္ေဘာအတြင္း ျမင့္မားတဲ့ စြမ္းေဆာင္ရည္မ်ား၊ အျပစ္အနာဆာ ကင္းလြန္း လွတယ္လို႔ေတာင္ ကင္းပြန္းတပ္ခံရတဲ့ ေဂ်ာ္ဒန္ဟာ ေအာင္လရဲ႕ေလးစားမႈကို ရရွိခဲ့တယ္လို႔ သိရပါတယ္။

(၄) လက္ေဝွ႔စင္ ျပင္ပက ေအာင္လအတြက္ အခက္အခဲဆုံးအရာ – တိုက္ခိုက္‌ေရးသမားတစ္ေယာက္အတြက္ ၿပိဳင္ဖက္ေတြ က အၿမဲတမ္း ခက္ခဲေလ့ရွိပါတယ္။အထူသျဖင့္ ေအာင္ လအန္ဆန္လို ခါးပတ္ ႏွစ္ခု ခ်န္ပီယံအတြက္ ကာကြယ္ပြဲေတြက အၿမဲတမ္း ဂုဏ္သိကၡာတိုက္ပြဲ ျဖစ္ေနပါတယ္။ ဒီလို လက္ေဝွ႔ႀကိဳးဝိုင္းအတြင္းက အခက္ခဲဆုံးအရာေတြထက္ ျပင္ပလူေနမႈဘဝမွာ ေအာင္လ အခက္ခဲဆုံး အရာ ကေတာ့ သူ႔မိသားစုပါ။ ၿပိဳင္ပြဲမရွိေသာ္လည္း ေလ့က်င့္မႈေတြၾကားက မိသားစုကို အၿမဲတမ္း ဂ႐ုတစိုက္နဲ႔ ေအးခ်မ္းသာယာေနေအာင္ ထား ႏိုင္ဖို႔ပါ။ ေအာင္လအန္ဆန္မွာ အေမရိကန္သူ အမ်ိဳးသမီးနဲ႔ သားဦးတစ္ဦး၊သမီးငယ္တစ္ဦး ပိုင္ဆိုင္ထားပါတယ္။

(၅) ေၾကး႐ုပ္ – ၂၀၁၈ ဒီဇင္ဘာမွာ ေအာင္လအန္ဆန္ ရဲ႕ ပုံတူ ေၾကး႐ုပ္တုကို ကခ်င္ျပည္နယ္ မေနာကြင္းမွာ ထုဆစ္ဂုဏ္ျပဳခဲ့ၾက ပါတယ္။ ႐ုပ္တုထုလုပ္ဖို႔ သတင္းၾကားတဲ့အခ်ိန္မွာ ေအာင္လကိုယ္တိုင္ အံ့အားသင့္ခဲ့ရၿပီး ျပည္သူေတြက သူ႔ကို ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ သိရွိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ဒီေလာက္ထိ မထိုက္တန္တာေၾကာင့္ မထုလုပ္ၾကဖို႔ တားျမစ္ခဲ့ပါ ေသးတယ္။ ဒီ႐ုပ္တုရဲ႕ အဓိပၸာယ္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဘယ္ေနရာမွာ သင္ေမြးဖြားခဲ့ ေမြးဖြားခဲ့ ႏွလုံးသားနဲ႔ စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစား တည္ေဆာက္မယ္ဆိုရင္ ကမာၻ႔ခ်န္ပီယံတစ္ဦးအထိ ျဖစ္လာႏိုင္တယ္ဆိုတာကို သက္ေသျပေနခဲ့ပါၿပီ။

(၆) ေအာင္လ အေၾကာက္ဆုံးအရာ – ေအာင္လအန္ဆန္ အေၾကာက္ဆုံးက ဘာျဖစ္မယ္ ထင္လဲ၊ ေႁမြလား၊ အျမင့္လား အဲ့ဒါေတြေတာ့ မထင္ပါဘူး။တ ကယ္ေတာ့ ေအာင္လေၾကာက္တာ မိမိ ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ကို မေရာက္ မွာကိုပါပဲ။ “ကြၽန္ေတာ့္ကို ေၾကာက္ေအာင္ ဘယ္အရာမွ လုပ္လို႔ မရပါဘူး၊ အိပ္မက္ ေတြ လက္ေတြ႕ အေကာင္ အထည္ မေဖာ္ ႏိုင္ပဲ တစ္ဝက္တစ္ပ်က္ျဖစ္ၿပီး လမ္းတစ္ဝက္ မွာ က်ိဳးပ်က္မွာကို အေၾကာက္ဆုံးပါပဲ။”လို႔ ေအာင္လက ဆိုပါ တယ္။

(၇) အခ်က္အျပဳတ္ – ေအာင္လကို လူတိုင္းက ႀကိဳးဝိုင္းထဲက ကမာၻ႔ခ်န္ပီယံ လို႔ သိထားၾကေပမယ့္ အနည္းငယ္ေသာ လူအခ်ိဳ႕ေလာက္ သာ ေအာင္လဟာ မီးဖိုေခ်ာင္ထဲ မွာ အခ်က္အျပဳတ္ ကြၽမ္းက်င္သူဆိုတာ သိထားၾကပါတယ္။ ေအာင္လဟာ ၇ ႏွစ္သားအ႐ြယ္ကတည္းက အခ်က္အျပဳတ္ လုပ္ခဲ့ရသူလို႔လည္းသိရပါတယ္။ “ကြၽန္‌ေတာ္တို႔ ကေလး ဘဝမွာ ကြၽန္ေတာ့္အေမရဲ႕ အိမ္နီးခ်င္းတစ္ဦးက အၿမဲတမ္း အိမ္ကိုလာၿပီး အခ်က္အျပဳတ္ ေတြသင္ေပးေလ့ရွိပါတယ္။ တခ်ိဳ႕ တနဂၤေႏြေန႔ေတြမွာဆို သူမက ကြၽန္ေတာ္တို႔အတြက္ စားစရာေတြ လုပ္ေပး တတ္ပါေသးတယ္။ အဲ့ကတည္း က ကြၽန္ေတာ္ ခ်က္ျပဳတ္ခဲ့တာပါ။”လို႔ ေအာင္လက ဆိုပါတယ္။

About the author

Aung Lay

Leave a Comment