News

ကမ္ဘောဒီးယား တနိုင်ငံလုံးက ကျောင်းတွေ ယနေ့ ပြန်ဖွင့်ပြီ

Written by Aung Lay

ကေမာၻဒီးယား တႏိုင္ငံလုံးက ေက်ာင္းေတြ ယေန႔ ျပန္ဖြင့္ၿပီ

ကေမာၻဒီးယားႏိုင္ငံဟာ တနလၤာေန႔ (ႏိုဝင္ဘာ ၂ ရက္ေန႔) မွာ ပထမဆုံး အႀကိမ္အျဖစ္ ႏိုင္ငံတဝန္းလုံးရွိ စာသင္ေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္လိုက္ၿပီး ကိုဗစ္ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြေၾကာင္း အတန္းေတြနဲ႔ အတန္းၾကာခ်ိန္ေတြကို ကန႔္သတ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

တစ္ကယ္လို႔ ေက်ာင္းသားေတြ အတန္းတက္ေနစဥ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္ေပၚလာခဲ့ရင္ ဒုတိယအႀကိမ္ ျပန္လည္ပိတ္ဆို႔မႈကို စဥ္းစားသြားမွာျဖစ္ေၾကာင္း၊ ဥေရာပနဲ႔ အေမရိကန္မွာ ကူးစက္မႈႏႈန္းေတြ ျမင့္တက္ေနဆဲျဖစ္ၿပီး ကာကြယ္ေဆး မရရွိေသးတာေၾကာင့္ ေက်ာင္းသူ/သားနဲ႔ ဆရာ/မေတြဟာ သတိရွိစြာနဲ႔ ေဘးကင္းလုံၿခဳံစြာ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ပညာေရးဝန္ႀကီး Hang Chuon Naron က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက ၿမိဳ႕ေတာ္ဖႏြမ္းပင္နဲ႔ ႏိုင္ငံအေရွ႕ပိုင္းေဒသေတြရွိ စာသင္ေက်ာင္း အခ်ိဳ႕ကို အစမ္းအေနနဲ႔ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီးေနာက္ အေျခအေန ေကာင္းမြန္တာေၾကာင့္ ႏိုင္ငံတစ္ဝန္လုံးရွိ စာသင္ေက်ာင္းေတြ အားလုံးျပန္လည္ဖြင့္လွစ္ခြင့္ ျပဳလိုက္တယ္လို႔ သိရပါတယ္။

အစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေျခအေန ထိန္းခ်ဳပ္မႈ အလြန္ေကာင္းမြန္ျခင္းေၾကာင့္ ကေမာၻဒီးယားမွာ ဗိုင္းရပ္စ္ကူးစက္မႈ အေျမာက္အမ်ား တိုးပြားလာျခင္း မရွိေၾကာင္း၊ အထူးသျဖင့္ နယ္စပ္ေဒသေတြကို ထိန္းခ်ဳပ္ရာမွာ ထိေရာက္မႈရွိေၾကာင္း Naron က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အတန္းအ႐ြယ္အစား၊ အတန္းၾကာခ်ိန္၊ ေက်ာင္းကား၊ စာၾကည့္တိုက္၊ လက္ေတြ႕သင္ခန္းစာ၊ အႏုပညာလုပ္ေဆာင္ခ်က္ေတြနဲ႔ ေက်ာင္းကန္တင္းေတြကို က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ စည္းမ်ည္းစည္းကမ္းေအာက္မွာ ထားရွိသြားမယ္လို႔ သိရပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ တနလၤာေန႔မွာ ႏိုင္ငံျခားမွ ဝင္ေရာက္လာတဲ့ ပိုးကူးစက္လူနာ တစ္ဦးထပ္တိုးၿပီး ယခုဆိုရင္ ဗိုင္းရပ္စ္ ကူးစက္လူနာ စုစုေပါင္း ၂၉၂ ဦးထိ ရွိေနၿပီျဖစ္ကာ ေသဆုံးသူ မရွိေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနမွ ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။

Source: ZCCNEWS

Unicode

ကမ္ဘောဒီးယား တနိုင်ငံလုံးက ကျောင်းတွေ ယနေ့ ပြန်ဖွင့်ပြီ

ကမ္ဘောဒီးယားနိုင်ငံဟာ တနင်္လာနေ့ (နိုဝင်ဘာ ၂ ရက်နေ့) မှာ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတဝန်းလုံးရှိ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကိုဗစ် ကြိုတင်ကာကွယ်ရေး အစီအမံတွေကြောင်း အတန်းတွေနဲ့ အတန်းကြာချိန်တွေကို ကန့်သတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ကယ်လို့ ကျောင်းသားတွေ အတန်းတက်နေစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပေါ်လာခဲ့ရင် ဒုတိယအကြိမ် ပြန်လည်ပိတ်ဆို့မှုကို စဉ်းစားသွားမှာဖြစ်ကြောင်း၊ ဥရောပနဲ့ အမေရိကန်မှာ ကူးစက်မှုနှုန်းတွေ မြင့်တက်နေဆဲဖြစ်ပြီး ကာကွယ်ဆေး မရရှိသေးတာကြောင့် ကျောင်းသူ/သားနဲ့ ဆရာ/မတွေဟာ သတိရှိစွာနဲ့ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီး Hang Chuon Naron က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မြို့တော်ဖနွမ်းပင်နဲ့ နိုင်ငံအရှေ့ပိုင်းဒေသတွေရှိ စာသင်ကျောင်း အချို့ကို အစမ်းအနေနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အခြေအနေ ကောင်းမွန်တာကြောင့် နိုင်ငံတစ်ဝန်လုံးရှိ စာသင်ကျောင်းတွေ အားလုံးပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ ထိန်းချုပ်မှု အလွန်ကောင်းမွန်ခြင်းကြောင့် ကမ္ဘောဒီးယားမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြောက်အများ တိုးပွားလာခြင်း မရှိကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသတွေကို ထိန်းချုပ်ရာမှာ ထိရောက်မှုရှိကြောင်း Naron က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အတန်းအရွယ်အစား၊ အတန်းကြာချိန်၊ ကျောင်းကား၊ စာကြည့်တိုက်၊ လက်တွေ့သင်ခန်းစာ၊ အနုပညာလုပ်ဆောင်ချက်တွေနဲ့ ကျောင်းကန်တင်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျည်းစည်းကမ်းအောက်မှာ ထားရှိသွားမယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ တနင်္လာနေ့မှာ နိုင်ငံခြားမှ ဝင်ရောက်လာတဲ့ ပိုးကူးစက်လူနာ တစ်ဦးထပ်တိုးပြီး ယခုဆိုရင် ဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၂၉၂ ဦးထိ ရှိနေပြီဖြစ်ကာ သေဆုံးသူ မရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဖော်ပြချက်များအရ သိရပါတယ်။

Source: ZCCNEWS

About the author

Aung Lay

Leave a Comment