မိုးလေဝသ

သတိထားစောင့်ကြည့်ရတော့မည့် မုန်တိုင်း

Written by Aung Lay




17/04/2020 at 10:53am…

Credit : Su Su San

Unicode

သတိထားစောင့်ကြည့်ရတော့မည့် မုန်တိုင်း

၂၀၂၀ မေလ ပထမပတ်အတွင်း… ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ် မေလမှာဖြစ်တဲ့မုန်တိုင်းဟာ မြန်မာကိုဝင်ရောက်ဖို့ အလားအလာရှိတာမို့ အချိန်ပြည့်သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်

လက်ရှိပင်လယ်ပြင်အပူချိန်နဲ့ လေစီးကြောင်း လေဖိအားအနည်းအများဖြစ်ပေါ်နေမှုအခြေအနေအရ ရခိုင်ကမ်းရိုးတန်းဆီ ချဉ်ကပ်ဦးတည်နိုင်နေလို့ ပိုမိုသတိထားစရာပါပဲ…ဘယ်ကိုဝင်ရောက်နိုင်တယ်ဆိုတာကို မြန်မာပြည်သူအပေါင်း ကြိုတင်သိရှိနိုင်ရန် တိကျတဲ့ခန့်မှန်းချက်တွေကို ရက်နီးတောက်လျှောက်တင်ပေးသွားပါမယ်နော်…

ရခိုင်ကိုဝင်ခဲ့ရင်တော့ ရခိုင်ပြည်နယ်အတွက် အန္တရာယ်မုန်တိုင်းပါပဲ မကွေးတိုင်း ချင်းပြည်နယ် မန္တလေးတိုင်း စစ်ကိုင်းတိုင်းတွေအတွက်တော့ ဆည်ရေတွေလျော့နည်းနေချိန် လျှပ်စစ်ထုတ်နိုင်တဲ့အလားအလာကောင်းတယ်လို့ ဆိုရမည်ဖြစ်ပါတယ်…

17/04/2020 at 10:53am…

Credit : Su Su San

About the author

Aung Lay

Leave a Comment