Cele News Video

ညနေပိုင်းအားကစားလုပ်နေရင်းသရဲခြောက်ခံခဲ့ရပုံကိုကြောက်ကြောက်နဲ့ဗီဒီယိုရိုက်ပြီး ပရိသတ်တွေကိုပြသလာခဲ့တဲ့ မေမဒီ

Written by Aung Lay

Myanmar Idol Season (3) ရဲ့ Top (11) Finalist ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မေမဒီက ပြိုင်ပွဲကြီးမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေအားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

မေမဒီက ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ တစ်ကိုယ်တော် ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ “This is May Ma D” ဆိုတဲ့ အခွေလေးကိုလည်း ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မေမဒီကို ပြိုင်ပွဲမှာ ပြိုင်စဉ်ကအတိုင်းပဲ အချစ်မလျော့ပဲ အခုအချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ မေမဒီက ဒီကနေ့မှာတော့ ထူးထူးဆန်းဆန်းဗီဒီယိုလေးကို ချပြလာခဲ့ပါတယ်။ မေမဒီက “ညနေ Workout လုပ်ရင်း သရော်ချော်ခံရ 😖

တဝန်းလုံးဘယ်သူမှမရှိဘူး ဘယ်သူဒန်းစီးနေတာလဲ ပျော့😩 သက်သက်ကြီးပါကွာ☹️🥶” ဆိုပြီး အားကစားလုပ်နေရင်းနဲ့ သရဲခြောက်ခံရတဲ့အကြောင်းကို အခုလိုပဲ ပြသလာပါတယ်။

မေမဒီကတော့ ညနေပိုင်း လူခြေတိတ်ချိန်မှာ တစ်ယောက်တည်း အားကစားလုပ်တုန်း သရဲခြောက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေမဒီရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြက်သေးမွှေးညှင်းတွေထလာမိမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Source: May Madi’s fb

Zawgyi








Source: May Madi’s fb

About the author

Aung Lay

Leave a Comment