ဂျင်းကို နေ့စဉ်စားပေးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ
ဂျင်းရဲ့ဖြစ်တည်မှုဟာ ကမ္ဘာမြေကြီးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဂျင်းဟာ အာရှမှာအများဆုံး ပေါက်ရောက်ပြီးတော့ (၁၀) လတစ်ကြိမ် ရရှိပါတယ်။ အထူးသဖြင့် ယခုလိုအချိန်မျိုးမှာ ဂျင်းလက်ဖက်ရည်ကို သောက်ဖို့အတွက် အကြံပေးလိုပါတယ်။ ဒါဆိုရင် ဂျင်းကသင့်ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်စေမလဲ ဆိုတာကို အောက်မှာ လေ့လာကြည့်လိုက်ရအောင်နော်။
၁ ။ ဂျင်းကနှလုံးရောဂါကို ကာကွယ်ပေးတယ်။
ဂျင်းဟာနှလုံးရောဂါကို ကာကွယ်ပေးတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ နှလုံးရောဂါဖြစ်စေတဲ့ Cholesterol ကျခြင်း၊ တိုးခြင်းနဲ့ သွေးဖိအားကျခြင်းတို့ကို ထိန်းညှိပေးပါတာကြောင့်ပါ။
၂ ။ သင့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။
သင်ဟာ ဗိုက်ခဏခဏ ဆာတတ်တဲ့သူဆိုရင် ဂျင်းလက်ဖက်ရည်ကိုသောက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျင်းမှာပါတဲ့ အစပ်ဓာတ်ဟာ ဆာလောင်တာကို လျော့နည်းစေတဲ့အပြင် အစာရှိသလို ခံစားစေရတာကြောင့်ပါ။
၃ ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။
သွေးတွင်းသကြားဓာတ်များတာကို ဆီးချိုရောဂါလို့ လူသိများကြပါတယ်။ ဂျင်းကိုသာ ၁၂ ပတ်ကြာ စားသုံးပေးရင် ဆီးချိူရောဂါကို လျှော့ချပေးနိုင်ပါတယ်။
၄ ။ ဒူးနာကျင်မှုကို လျှော့ချပေးတယ်။
ဂျင်းမှာလည်း ထူးခြားတဲ့ဂုဏ်ပုဒ်တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ဂျင်းကို ၆ လကြာသာ စားသုံးပေးပါ။ ဒူးနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်တဲ့။
၅ ။ ကင်ဆာရောဂါမှလည်း ကာကွယ်ပေးတယ်။
ဂျင်းဟာ အစာအိမ်၊ ပန်ကရိယ၊ အသည်းနဲ့ အူမကြီးကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
၆ ။ ကိုယ်ခံအားကိုလည်း တိုးစေတယ်။
သင်သာနေ့စဉ်နေ့တိုင်း ဂျင်းကိုစားမယ်ဆိုရင် နေမကောင်းတာတွေ၊ ဖျားနာတာတွေကို အတိတ်မှာ ချန်ထားခဲ့လို့ရပါပြီ။ ဂျင်းဟာကိုယ်ခံအားကိုတိုးစေတဲ့အပြင် အခြားကူးစက်ရောဂါတွေမှလည်း ကာကွယ်နိုင်ပါတယ်။
Zawgyi