Cele News

သီတင်းကျွတ်အခါသမယမှာမြန်မာရိုးရာဓလေ့အတိုင်း လာရောက်ဦးထိပ်ကန်တော့ခဲ့တဲ့မအေးသောင်းအတွက် အနုပညာရှင်တိုင်းလိုချင်ခဲ့တဲ့အရာတစ်ခုကိုဆုပေးခဲ့တဲ့ဒါရိုက်တာကိုပေါက်

Written by Aung Lay

ကိုပေါက်ကတော့ရုပ်ရှင်သရုပ်ဆောင် အဖြစ်ကနေ အခုဆိုဒါရိုက်တာ အဖြစ်ပါပူးတွဲလုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲတာလည်းဝါသနာပါသူတစ်ယောက်ပဲ ဖြစ်ပါတယ်။


သရုပ်ဆောင်နေရာမှာလည်း အကြမ်းအရမ်းကာရိုက်တာတွေအပြင်ဟာသဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ပါပဲနော်။ဒါ့အပြင်ကိုပေါက်တစ်ယောက် ပရိသတ်တွေ တဝါးဝါးပွဲကျကာ

တခဏစိတ်ပျော်ရွှင်သွားစေမယ့် TikTokလေးတွေဆော့ကာ ဆိုရှယ်မီဒီယာပေါ်တင်လေ့ရှိပြီး ပရိသတ်တွေကလည်း သဘောတွေ့နေကြတာပါ။


ဒီနေ့မှာတော့ “ပေါက်စီရေ အကယ်ဒမီဆုကြီးမြန်မြန်ရပါစေ”ဆိုတဲ့စာလေးနဲ့ သတင်းကျွတ်အခါသမယမှာ မြန်မာ့ရိုးရာဓလေ့အတိုင်းအသက်ကြီးသူနဲ့ဆရာမိဘဘိုးဘွားတွေကိုကန်တော့ကြတဲ့အစဉ်အလာအတိုင်းမအေးသောင်း

ကလာရောက်ကန်တော့ခဲ့ကြောင်းကိုသူ့ရဲ့Mydayမှာတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source:Aung Min Naing

Zawgyi

ကိုေပါက္ကေတာ့႐ုပ္ရွင္သ႐ုပ္ေဆာင္ အျဖစ္ကေန အခုဆိုဒါ႐ိုက္တာ အျဖစ္ပါပူးတြဲလုပ္ကိုင္လ်က္ရွိတဲ့ အႏုပညာရွင္ တစ္ဦးပါ။ အႏုပညာနဲ႔ပတ္သက္ရင္ ပန္းခ်ီဆြဲတာလည္းဝါသနာပါသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေနရာမွာလည္း အၾကမ္းအရမ္းကာ႐ိုက္တာေတြအျပင္ဟာသဇာတ္႐ုပ္ကိုလည္းပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့ ဇာတ္ပို႔ေကာင္းတစ္ေယာက္ပါပဲေနာ္။ဒါ့အျပင္ကိုေပါက္တစ္ေယာက္ ပရိသတ္ေတြ တဝါးဝါးပြဲက်ကာ

တခဏစိတ္ေပ်ာ္႐ႊင္သြားေစမယ့္ TikTokေလးေတြေဆာ့ကာ ဆိုရွယ္မီဒီယာေပၚတင္ေလ့ရွိၿပီး ပရိသတ္ေတြကလည္း သေဘာေတြ႕ေနၾကတာပါ။

ဒီေန႔မွာေတာ့ “ေပါက္စီေရ အကယ္ဒမီဆုႀကီးျမန္ျမန္ရပါေစ”ဆိုတဲ့စာေလးနဲ႔ သတင္းကြၽတ္အခါသမယမွာ ျမန္မာ့႐ိုးရာဓေလ့အတိုင္းအသက္ႀကီးသူနဲ႔ဆရာမိဘဘိုးဘြားေတြကိုကန္ေတာ့ၾကတဲ့အစဥ္အလာအတိုင္းမေအးေသာင္း

ကလာေရာက္ကန္ေတာ့ခဲ့ေၾကာင္းကိုသူ႔ရဲ႕Mydayမွာတင္လာခဲ့တာပါ။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source:Aung Min Naing

About the author

Aung Lay

Leave a Comment