ကို႐ုနာဗိုိင္းရပ္စ္ေဆး remdesivir လူသားမွာစမ္းသပ္မႈ “ မေအာင္ျမင္္”
ကိုဗစ္ ၁၉ ေရာဂါကုသေပ်ာက္ကင္းႏိုင္တယ္လို႔ အမ်ားေမွ်ာ္လင့္ေနၾကတဲ့ ကို႐ိုနာဗိုိင္းရပ္စ္ေဆး Remdesivir ဟာ လူသားထံစမ္းသပ္မႈမွာေတာ့ မေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။
အထူးသျဖင့္ ဧၿပီလ ၂၃ ရက္ (ၾကာသပေတးေန႔) မွာ ေဆးစမ္းသပ္မႈရဲ႕ရလဒ္ေတြကိုိ မေတာ္မဆ ထုတ္ျပန္မိတာကေန ဒီေဆးဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကူးစက္ခံရသူေတြကို
ကုသႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နည္းသြားၿပီဆိုတာ သိခဲ့ရတာျဖစ္ေၾကာင္္း channel news asia ရဲ႕ သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) ရဲ႕ ဝက္ဘ္ဆိုိက္ထဲလႊင့္တင္ထားခဲ့ၿပီး ျပန္လည္ျဖဳတ္ခ်သြားတဲ့ အက်ဥ္းခ်ဳပ္ စမ္းသပ္မႈရလဒ္ကို Financial Times သတင္းစာက ေတြ႕ရွိေဖာ္ျပခဲ့တာကေနစၿပီး ဒီေဆးဟာ စမ္းသပ္မႈမေအာင္ျမင္ခဲ့ေၾကာင္း သိခဲ့ရတာလို႔ ဆိုပါတယ္။
ဒါေပမယ့္လည္္း ဒီေဆးဝါးကိုိ ထုတ္လုပ္ဖို႔ိသုေတသနျပဳေနတဲ့ Gilead Sciences ေဆးဝါးကုမၸဏီကေတာ့ ဒီေဆးကို စမ္းသပ္ခဲ့တဲ့ အခ်က္အလက္ေတြြဟာ အက်ိဳးရလဒ္တစ္ခုကိုေတာ့ ေပးခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။
အက်ဥ္းခ်ဳပ္ စမ္းသပ္မႈရလဒ္အရ ဒီေဆးစမ္းသပ္မႈကို တ႐ုတ္ႏိုင္ငံမွာ လူနာ ၂၃၇ ပါဝင္ပတ္သက္ခဲ့ကာ လူနာ ၁၅၈ ဦးကို ေဆးထိုးကုသခဲ့ၿပီး အျခား ၇၉ ဦးကိုိေတာ့ ယခင္ပုံမွန္ေစာင့္ၾကည့္တဲ့နည္းစနစ္သုံးၿပီးစမ္းသပ္ခဲ့တာျဖစ္ပါတယ္။
Remdesivir ေဆးထိုးထားတဲ့လူနာ ၁၈ ဦးထံမွာ ကိုိဗစ္ ၁၉ ေရာဂါေလ်ာ့က်ခဲ့တယ္လို႔ ဆိုေပမယ့္ ဒါဟာ ဒီေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုေၾကာင့္သာျဖစ္ေၾကာင္း သိိခဲ့ရတယ္လို႔ ဆိုပါတယ္။
တစ္လၾကာၿပီးတဲံအခါမွာ Remdesivir ေဆးထိုးခဲ့တဲ့ဲ လူနာ ၁၃ ဒသမ ၉ ရာခိုင္ႏႈန္းဟာ ေသဆုံးခဲ့ၿပီး သာမန္ေစာင့္ၾကည့္ထားတဲ့လူနာမွာေတာ့ ၁၂ ဒသမ ၈ ရာခိုိင္ႏႈန္းသာ ေသဆုံးခဲ့ေၾကာင္း မွတ္တမ္းတင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
WHO ကေတာ့ Financial Times သတင္းစာကို ဒီစမ္းသပ္မႈရလဒ္ေၾကညာခ်က္ဟာ ျပန္လည္သုံးသပ္ေနဆဲ အဆင့္မွာသာ ရွိေသးၿပီး မေတာ္တဆ ထုတ္လႊင့္မိတာျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
Remdesivir ေဆးဟာ လက္ရွိ ကမာၻမွာကပ္ေရာဂါအျဖစ္ ႏိုင္ငံတိုိင္းခံစားေနရတဲ့ ႏိုဗယ္ ကို႐ိုိနာဗိုင္းရပ္စ္ အဆုတ္ေရာင္ကူးစက္ေရာဂါကို ကုသႏိုင္ဖို႔ိအတြက္ စမ္းသပ္ေနတဲ့ ေဆးမ်ားစြာထဲက ေစာပိုင္းေပၚထြက္ခဲ့တဲ့ ေဆးတစ္မ်ိဳးျဖစ္ပါတယ္။
ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ဒီီေဆးကလည္း ကိုိဗစ္ ၁၉ ေရာဂါကို သက္သာေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ျခင္းမရွိိေသးပဲ ေမွ်ာ္လင့္ခ်က္နည္းခဲ့ရတာျဖစ္ပါတယ္။
လင္းလင္း/ Myanmar Harp
ကိုးကား/ channel news asia
Unicode
ကိုရုနာဗိုင်းရပ်စ်ဆေး remdesivir လူသားမှာစမ်းသပ်မှု “ မအောင်မြင်”
ကိုဗစ် ၁၉ ရောဂါကုသပျောက်ကင်းနိုင်တယ်လို့ အများမျှော်လင့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး Remdesivir ဟာ လူသားထံစမ်းသပ်မှုမှာတော့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။
အထူးသဖြင့် ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) မှာ ဆေးစမ်းသပ်မှုရဲ့ရလဒ်တွေကို မတော်မဆ ထုတ်ပြန်မိတာကနေ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူတွေကို
ကုသနိုင်ဖို့ မျှော်လင့်ချက်နည်းသွားပြီဆိုတာ သိခဲ့ရတာဖြစ်ကြောင်း channel news asia ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ဝက်ဘ်ဆိုက်ထဲလွှင့်တင်ထားခဲ့ပြီး ပြန်လည်ဖြုတ်ချသွားတဲ့ အကျဉ်းချုပ် စမ်းသပ်မှုရလဒ်ကို Financial Times သတင်းစာက တွေ့ရှိဖော်ပြခဲ့တာကနေစပြီး ဒီဆေးဟာ စမ်းသပ်မှုမအောင်မြင်ခဲ့ကြောင်း သိခဲ့ရတာလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဒီဆေးဝါးကို ထုတ်လုပ်ဖို့ိသုတေသနပြုနေတဲ့ Gilead Sciences ဆေးဝါးကုမ္ပဏီကတော့ ဒီဆေးကို စမ်းသပ်ခဲ့တဲ့ အချက်အလက်တွေဟာ အကျိုးရလဒ်တစ်ခုကိုတော့ ပေးခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အကျဉ်းချုပ် စမ်းသပ်မှုရလဒ်အရ ဒီဆေးစမ်းသပ်မှုကို တရုတ်နိုင်ငံမှာ လူနာ ၂၃၇ ပါဝင်ပတ်သက်ခဲ့ကာ လူနာ ၁၅၈ ဦးကို ဆေးထိုးကုသခဲ့ပြီး အခြား ၇၉ ဦးကိုတော့ ယခင်ပုံမှန်စောင့်ကြည့်တဲ့နည်းစနစ်သုံးပြီးစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Remdesivir ဆေးထိုးထားတဲ့လူနာ ၁၈ ဦးထံမှာ ကိုဗစ် ၁၉ ရောဂါလျော့ကျခဲ့တယ်လို့ ဆိုပေမယ့် ဒါဟာ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့်သာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်လကြာပြီးတဲံအခါမှာ Remdesivir ဆေးထိုးခဲ့တဲ့ဲ လူနာ ၁၃ ဒသမ ၉ ရာခိုင်နှုန်းဟာ သေဆုံးခဲ့ပြီး သာမန်စောင့်ကြည့်ထားတဲ့လူနာမှာတော့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသာ သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
WHO ကတော့ Financial Times သတင်းစာကို ဒီစမ်းသပ်မှုရလဒ်ကြေညာချက်ဟာ ပြန်လည်သုံးသပ်နေဆဲ အဆင့်မှာသာ ရှိသေးပြီး မတော်တဆ ထုတ်လွှင့်မိတာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
Remdesivir ဆေးဟာ လက်ရှိ ကမ္ဘာမှာကပ်ရောဂါအဖြစ် နိုင်ငံတိုင်းခံစားနေရတဲ့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ရောဂါကို ကုသနိုင်ဖို့ိအတွက် စမ်းသပ်နေတဲ့ ဆေးများစွာထဲက စောပိုင်းပေါ်ထွက်ခဲ့တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဒီဆေးကလည်း ကိုဗစ် ၁၉ ရောဂါကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခြင်းမရှိသေးပဲ မျှော်လင့်ချက်နည်းခဲ့ရတာဖြစ်ပါတယ်။