News

ထိုင်းထီဘတ် (၆) သန်းဆု မြန်မာလုပ်သားဇနီးမောင်နှံ ဆွတ်ခူး

Written by Aung Lay











Unicode

ထိုင်းထီဘတ်(၆)သန်းဆု မြန်မာလုပ်သားဇနီးမောင်နှံဆွတ်ခူး

ထိုင်းရောက်မြန်မာလုပ်သားဇနီးမောင်နှံထိုင်းထီပထမဆုဘတ်(6)သန်းဆု”နှစ်စောင်တွဲဘတ်(12)သန်း” ဆွတ်ခူးခဲ့ရာ

AACမဟာမိတ်အဖွဲ့ထံ ဆက်သွယ်၍ ထီဆုထုတ်ပေးပါရန် အကူအညီတောင်းခံခဲ့ AAC မှဌင်းတို့ နေထိုင်ရာဒေသသို့ သွားရောက်ကြိုဆိုပေးခဲ့ပြီး ယနေ့ ထီဆုငွေများ ထုတ်ယူပေးပြီးမြန်မာပြည်သို့ ထီဆုငွေများ ယနေ့ချက်ချင်းပဲလွှဲပို့ပေးလိုက်ပါပြီ….

ထီပေါက်ခဲ့သော နေရာကတော့ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဆီအုန်းခြံမှာအလုပ်လုပ်ရင်း ထီသည်မှာ ကံစမ်းခဲ့တာပါ၊

ထိုင်းမှာ ရောက်နေတာ (7)နှစ်ကျော်ရှိနေပြီး CI အစိမ်းရောင်စာအုပ်ကိုင်ဆောင်သောကိုစိန်မြင့်(ခ)ကိုမျိုးအောင်+မပို(ခ)မလွမ်းပို တို့ဇနီးမောင်နှံဟာမြန်မာပြည်မှာတော့မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာက ဖြစ်ပါသည်။

ကံထူးရှင်ဇနီးမောင်နှံအား လုံခြုံစိတ်ချရအောင်AAC မှ စောင့်ရှောက် ပေးခဲ့သလို ယနေ့AAC ဒါရိုတ်တာဦးခိုင် ဦးဆောင်၍ထီဆုငွေများ ထုတ်ယူပေးပြီးနောက် မြန်မာပြည်အိမ်ပြန်ခရီးကို လုံခြုံမှုအပြည့်ဖြင့် စီစဉ်ပြန်ပို့ပေးနေပါပြီ။

ဒီအပတ်တော့ တို့ မြန်မာတွေ အလှည့်ကျခဲ့ပြီလေ….

ပုံ-4-11-2020 ရက်နေ့ ထီဆုငွေများ ထုတ်ယူပြီးနောက် AAC ကိုရဲမင်း နှင့် Video Call ပြော ဆုငွေထုတ်ပေးသော ဘဏ်ရှေ့တွင် AAC ဒါရိုတ်တာဦးခိုင် နှင့်အတူ တွေ့ရစဉ်….

ရဲမင်း(AAC မဟာမိတ်အဖွဲ့)

ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး…

About the author

Aung Lay

Leave a Comment