Knowledge

ကြက်ဥကအရင်ဖြစ်တာလားကြက်မကအရင်ဖြစ်တာလား

Written by Aung Lay

ကြက်ဥကအရင်ဖြစ်တာလား ကြက်မကအရင်ဖြစ်တာလားဆိုတဲ့ မေးခွန်းဟာ လူတော်တော်များများငြင်းခုန်နေကြတဲ့ စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့လူတွေက ကြက်မ မရှိဘဲ ဥ မဖြစ်လာနိုင်ဘူးလို့ ပြောကြသလို တစ်ချို့လူတွေကလည်း ကြက်ဥမရှိဘဲ ကြက်မ မဖြစ်လာနိုင်ဘူးလို့ ပြောကြပါတယ်။ လူတွေဘယ်လိုပဲပြောနေပါစေ သိပ္ပံပညာရှင်တွေကတော့ တိကျခိုင်မာတဲ့ သိပ္ပံပညာရပ်နဲ့ အဖြေထုတ်ပေးထားလိုက်ပါပြီ။

Source: Patty Ponders

ကြက်ဥတွေက ကြက်တွေထက် ပိုစောပါတယ်။ ဒိုင်နိုဆောတွေ ဥအုကြတယ်။ ပြီးတော့ ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာတဲ့ ပထမဆုံး ငါးမျိုးနွယ်ဝင်တွေကလည်း ဥ ဥချကြပါတယ်။ ပိုပြီးထူးဆန်းတာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၅၀၀) ခန့် Cambrian ခေတ်တုန်းအခါက ပင်လယ်တိမ်ပိုင်းမှာ ကျက်စားခဲ့ကြတဲ့ တိရိစ္ဆာန်တွေကလည်း ဥ ဥကြတာပါပဲ။ ဥ ဆိုတာ ရှေးပဝေသဏီကတည်းက ရှိနေတယ်ဆိုတာ ဒါတွေက သက်သေပါပဲ။

အပေါ်မှာ ပြောခဲ့တာတွေကို ကျွန်တော်တို့ အပြည့်အဝ လက်ခံကောင်း လက်ခံမိပါလိမ့်မယ်။ ကြက်ဥ အရင် ကြက်မဖြစ်တယ် ဆိုတဲ့ အယူအဆကိုလက်ခံဖို့ကတော့ အခုထပ်ပြောမယ့်အကြောင်းကို ပရိသတ်တွေ ဘယ်လိုမြင်သလဲ ဆိုတာအပေါ်ပဲ မူတည်နေပါတယ်။

Source: Australian Academy of Science

Warwick နဲ့Sheffield တက္ကသိုလ်တွေက သုတေသနပြုသူတွေကတော့ ကြက်ဥဆိုတာ ဖြစ်လာဖို့အတွက် ကြက်မရဲ့ သားဥအိမ်က ပရိုတိန်းဓာတ်လိုကို လိုတယ် လို့ ပြောကြပါတယ်။ အမှန်တကယ်လည်း ကြက်ဥတိုင်းဟာ ကြက်မကနေရတာပါ။ ဒါကြောင့် လူတွေက ကြက်မကသာ အရင် ဖြစ်တယ် လို့ ယူဆနေကြတာပါ။ ဒါလည်း ကိစ္စမရှိပါဘူး။ လူတစ်ဦးချင်းစီမှာ ကိုယ့်ယူဆချက်နဲ့ကိုယ်ရှိကြတာ ပုံမှန်ပါပဲ။

Source: Science Focus

ငှက်တွေ ကြက်တွေရယ်လို့ မဖြစ်ခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါးတွေလောက်သာ ဆင့်ကဲတိုးတက်မှု ဖြစ်နေစဉ်ကတည်းက ဥတွေ ရှိနေခဲ့တာပါ။ နောက်ပိုင်း အချိန်တစ်ခုအကြာမှာ ကြက်နဲ့ နီးစပ်တဲ့ ငှက်တစ်မျိုးက ဥ ဥချလိုက်တယ်။ အဲဒီဥကနေ ပထမဆုံး ကြက်ဆိုတဲ့ သတ္တဝါတစ်ကောင် ပေါက်လာပါတယ်။ ဒါကတော့ ပညာရှင်တွေ သုသေတနပြုထားတာပါ။ ပရိသတ်တွေအနေနဲ့လည်း အမြင်တွေ ကွဲလွဲနိုင်ပါတယ်။Credit

Zawgyi

ၾကက္ဥကအရင္ျဖစ္တာလား ၾကက္မကအရင္ျဖစ္တာလားဆိုတဲ့ ေမးခြန္းဟာ လူေတာ္ေတာ္မ်ားမ်ားျငင္းခုန္ေနၾကတဲ့ စိတ္ဝင္စားစရာေမးခြန္းတစ္ခုျဖစ္ပါတယ္။ တစ္ခ်ိဳ႕လူေတြက ၾကက္မ မရွိဘဲ ဥ မျဖစ္လာႏိုင္ဘူးလို႔ ေျပာၾကသလို တစ္ခ်ိဳ႕လူေတြကလည္း ၾကက္ဥမရွိဘဲ ၾကက္မ မျဖစ္လာႏိုင္ဘူးလို႔ ေျပာၾကပါတယ္။ လူေတြဘယ္လိုပဲေျပာေနပါေစ သိပၸံပညာရွင္ေတြကေတာ့ တိက်ခိုင္မာတဲ့ သိပၸံပညာရပ္နဲ႔ အေျဖထုတ္ေပးထားလိုက္ပါၿပီ။

Source: Patty Ponders

ၾကက္ဥေတြက ၾကက္ေတြထက္ ပိုေစာပါတယ္။ ဒိုင္ႏိုေဆာေတြ ဥအုၾကတယ္။ ၿပီးေတာ့ ပင္လယ္ထဲကေန ကုန္းေပၚတက္လာတဲ့ ပထမဆုံး ငါးမ်ိဳးႏြယ္ဝင္ေတြကလည္း ဥ ဥခ်ၾကပါတယ္။ ပိုၿပီးထူးဆန္းတာက လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း (၅၀၀) ခန႔္ Cambrian ေခတ္တုန္းအခါက ပင္လယ္တိမ္ပိုင္းမွာ က်က္စားခဲ့ၾကတဲ့ တိရိစာၦန္ေတြကလည္း ဥ ဥၾကတာပါပဲ။ ဥ ဆိုတာ ေရွးပေဝသဏီကတည္းက ရွိေနတယ္ဆိုတာ ဒါေတြက သက္ေသပါပဲ။

အေပၚမွာ ေျပာခဲ့တာေတြကို ကြၽန္ေတာ္တို႔ အျပည့္အဝ လက္ခံေကာင္း လက္ခံမိပါလိမ့္မယ္။ ၾကက္ဥ အရင္ ၾကက္မျဖစ္တယ္ ဆိုတဲ့ အယူအဆကိုလက္ခံဖို႔ကေတာ့ အခုထပ္ေျပာမယ့္အေၾကာင္းကို ပရိသတ္ေတြ ဘယ္လိုျမင္သလဲ ဆိုတာအေပၚပဲ မူတည္ေနပါတယ္။

Source: Australian Academy of Science

Warwick နဲ႔Sheffield တကၠသိုလ္ေတြက သုေတသနျပဳသူေတြကေတာ့ ၾကက္ဥဆိုတာ ျဖစ္လာဖို႔အတြက္ ၾကက္မရဲ႕ သားဥအိမ္က ပ႐ိုတိန္းဓာတ္လိုကို လိုတယ္ လို႔ ေျပာၾကပါတယ္။ အမွန္တကယ္လည္း ၾကက္ဥတိုင္းဟာ ၾကက္မကေနရတာပါ။ ဒါေၾကာင့္ လူေတြက ၾကက္မကသာ အရင္ ျဖစ္တယ္ လို႔ ယူဆေနၾကတာပါ။ ဒါလည္း ကိစၥမရွိပါဘူး။ လူတစ္ဦးခ်င္းစီမွာ ကိုယ့္ယူဆခ်က္နဲ႔ကိုယ္ရွိၾကတာ ပုံမွန္ပါပဲ။

Source: Science Focus

ငွက္ေတြ ၾကက္ေတြရယ္လို႔ မျဖစ္ခင္လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတုန္းက ငါးေတြေလာက္သာ ဆင့္ကဲတိုးတက္မႈ ျဖစ္ေနစဥ္ကတည္းက ဥေတြ ရွိေနခဲ့တာပါ။ ေနာက္ပိုင္း အခ်ိန္တစ္ခုအၾကာမွာ ၾကက္နဲ႔ နီးစပ္တဲ့ ငွက္တစ္မ်ိဳးက ဥ ဥခ်လိုက္တယ္။ အဲဒီဥကေန ပထမဆုံး ၾကက္ဆိုတဲ့ သတၱဝါတစ္ေကာင္ ေပါက္လာပါတယ္။ ဒါကေတာ့ ပညာရွင္ေတြ သုေသတနျပဳထားတာပါ။ ပရိသတ္ေတြအေနနဲ႔လည္း အျမင္ေတြ ကြဲလြဲႏိုင္ပါတယ္။Credit

About the author

Aung Lay

Leave a Comment