Knowledge

ယခု လာမယ့် ၂၀၂၀ ဇွန်လတွင် မြန်မာနိုင်ငံမှာ နေကြတ်ခြင်းနှင့် လကြတ်ခြင်း ကို မြင်တွေ့ရမယ့် နေ့ရက်များ

Written by Aung Lay

ေနၾကတ္ျခင္း ႏွင့္ လၾကတ္ျခင္းတို႔ ျဖစ္မည့္ ၂၀၂၀ ဇြန္လ

ေနၾကတ္ျခင္း၊ လၾကတ္ျခင္းမ်ားဟာ ေန၊ ကမာၻ၊ လ တို႔ တတန္းတည္းက်ေရာက္တဲ့ လျပည့္ နဲ႔ လကြယ္ေန႔မ်ားမွာသာ ျဖစ္ေလ့ရွိပါတယ္။ အၿမဲတန္းေတာ့ မျဖစ္ပါ။ အေၾကာင္းအက်ိဳး တိုက္ဆိုင္ပါမွ တစ္ႏွစ္ကို ပ်မ္းမွ် ၂ ႀကိမ္ ၃ ႀကိမ္ ခန္႔ ျဖစ္တတ္ပါတယ္။

၂၀၂၀ ခုႏွစ္ ဇြန္လ ၅ ရက္ေန႔ဟာ လၾကတ္ျခင္း ျဖစ္ေပၚမယ့္ နယုန္လျပည့္ေန႔ျဖစ္ပါတယ္။ လမင္းဟာ ကမာၻရဲ႕ အရိပ္ေဖ်ာ့ ရွိတဲ့ေနရာကို သန္းေခါင္ယံအခ်ိန္မွာ ျဖတ္သန္းမွာျဖစ္လို႔ လမင္းေပၚမွာ ကမာၻရဲ႕ အရိပ္ေဖ်ာ့ေဖ်ာ့ေလး က်ေရာက္သြားတာကို ျမင္ရမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွ ၾကည့္ရႈမည္ဆိုပါက ဇြန္လ (၅) ရက္ည/ (၆) ရက္ေန႔ မနက္ ၁၂:၁၇ မွ ၃:၃၅ မိနစ္အထိ ျမင္ေတြ႕ရႏိုင္ပါတယ္။ အရိပ္ေဖ်ာ့သာ ျဖစ္တာေၾကာင့္ သိသိသာသာႀကီး ၾကတ္သလိုေတာ့ ျမင္ရမွာ မဟုတ္ပါ။

၂၀၂၀ ဇြန္လ ၂၁ ရက္ေန႔ဟာ ဥတၱရယဥ္စြန္းခ်ိန္ ျဖစ္မယ့္ရက္ျဖစ္သလို နယုန္လကြယ္ရက္လည္း ျဖစ္ေနပါတယ္။ (ျပကၡဒိန္ရက္နဲ႔ေတာ့ ကြာျခားပါတယ္။) အဲ့ဒီ့ေန႔မွာေတာ့.. ေန ☀️ နဲ႔ ကမာၻ 🌏 အၾကား လ 🌚 ေရာက္ရွိမွာျဖစ္ၿပီး လရဲ႕ အရိပ္ဟာ ကမာၻေပၚသို႔ ေရာက္ရွိမွာျဖစ္လို႔ လအရိပ္ ျဖတ္သန္းသြားမယ့္ ေဒသေတြမွာ ေနကို လမွ ဖုံးကြယ္သြားျခင္း (တနည္း) ေနၾကတ္ျခင္းျဖစ္စဥ္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ေန ႏွင့္ လ တို႔ဟာ ၿပိႆရာသီ (Taurus) အတြင္း အတူတကြ က်ေရာက္ၿပီး ေ႐ြ႕လ်ားေနတဲ့ လရဲ႕အရိပ္ဟာ အာဖရိကအေနာက္ဘက္ ကြန္ဂိုႏိုင္ငံမွ အာရွအေရွ႕ဘက္ တ႐ုတ္၊ ထိုင္ဝမ္ ႏွင့္ ပစိဖိတ္သမုဒၵရာ အထိ ျဖတ္သန္းသြားမွာ ျဖစ္ပါတယ္။ (ေျမပုံ) လမင္းဟာ ကမာၻနဲ႔ ေဝးတဲ့ ပတ္လမ္းေၾကာင္းမွာ ေရာက္ရွိေနတဲ့အတြက္ ေနအျပည့္ၾကတ္ခ်ိန္မွာ ေနကို အျပည့္အဝ ဖုံးအုပ္သြားမွာ မဟုတ္ပဲ ေဘးသားေတြ က်န္ေန (လင္းေန) မွာ ျဖစ္ပါတယ္။ အဂၤလိပ္လိုေတာ့ Annular Solar Eclipse လို႔ ေခၚပါတယ္။

ဒီေနၾကတ္ျခင္း (လအရိပ္) ဟာ ျမန္မာႏိုင္ငံေျမာက္ဖ်ားပိုင္း (ပူတာအိုေဒသအနီး) ကို ျဖတ္သန္းသြားမွာျဖစ္လို႔ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာ ေနၾကတ္ျခင္းကို ရာခိုင္ႏႈန္းမ်ားမ်ား ျမင္ေတြ႕ရမွာျဖစ္ၿပီး က်န္ (ေတာင္ပိုင္း) ေဒသမ်ားမွာေတာ့ ေနရာေဒသအေပၚမူတည္ၿပီး ေနတပိုင္းၾကတ္ျခင္းကိုသာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေနၾကတ္ျခင္း (ေန) ကို အကာအကြယ္မပါပဲ တိုက္႐ိုက္မၾကည့္ၾကဖို႔ အထူး မွာခ်င္ပါတယ္။ ေနၾကတ္ျခင္းကို ၾကည့္ရန္ မ်က္မွန္ သပ္သပ္ရွိပါတယ္။ (ပုံ) အာကာသႏွင့္ စၾကဝဠာမွ အထူးေစ်းႏႈန္း (၈၀၀ က်ပ္) ျဖင့္ လက္လီလက္ကား ေရာင္းေပးေနပါတယ္။ (ေၾကာ္ျငာတာပါ။)

ေနၾကတ္ျခင္းကို ျမန္မာႏိုင္ငံမွ ျမင္ရမယ့္အခ်ိန္ကေတာ့ ဇြန္လ ၂၁ ရက္ ေန႔လည္ ၁၂:၂၆ မွ ညေန ၁၅:၂၆ အထိ ျဖစ္ပါတယ္။ ဒီတခါျမင္ၿပီးလွ်င္ ေနာက္ထပ္ ဆယ္စုႏွစ္ တစ္ခုၾကာသည္အထိ ေနၾကတ္ျခင္းကို ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ရေတာ့မည္ မဟုတ္ပါ။ အေျခခံပညာ သင္႐ိုးမ်ားမွာ ေနၾကတ္ျခင္း၊ လၾကတ္ျခင္းအေၾကာင္းမ်ား ပါဝင္တဲ့အတြက္ ဒီအခ်ိန္ဟာ ကေလးမ်ားကို လက္ေတြ႕သင္ၾကားေပးဖို႔ အေကာင္းဆုံးအခ်ိန္ပဲ ျဖစ္ပါေတာ့တယ္…။

အနာဂတ္ပညာေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

EduCare Online Teaching Platform

Ph: 09979106109

Unicode

နေကြတ်ခြင်း နှင့် လကြတ်ခြင်းတို့ ဖြစ်မည့် ၂၀၂၀ ဇွန်လ

နေကြတ်ခြင်း၊ လကြတ်ခြင်းများဟာ နေ၊ ကမ္ဘာ၊ လ တို့ တတန်းတည်းကျရောက်တဲ့ လပြည့် နဲ့ လကွယ်နေ့များမှာသာ ဖြစ်လေ့ရှိပါတယ်။ အမြဲတန်းတော့ မဖြစ်ပါ။ အကြောင်းအကျိုး တိုက်ဆိုင်ပါမှ တစ်နှစ်ကို ပျမ်းမျှ ၂ ကြိမ် ၃ ကြိမ် ခန့် ဖြစ်တတ်ပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့ဟာ လကြတ်ခြင်း ဖြစ်ပေါ်မယ့် နယုန်လပြည့်နေ့ဖြစ်ပါတယ်။ လမင်းဟာ ကမ္ဘာရဲ့ အရိပ်ဖျော့ ရှိတဲ့နေရာကို သန်းခေါင်ယံအချိန်မှာ ဖြတ်သန်းမှာဖြစ်လို့ လမင်းပေါ်မှာ ကမ္ဘာရဲ့ အရိပ်ဖျော့ဖျော့လေး ကျရောက်သွားတာကို မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက ဇွန်လ (၅) ရက်ည/ (၆) ရက်နေ့ မနက် ၁၂:၁၇ မှ ၃:၃၅ မိနစ်အထိ မြင်တွေ့ရနိုင်ပါတယ်။ အရိပ်ဖျော့သာ ဖြစ်တာကြောင့် သိသိသာသာကြီး ကြတ်သလိုတော့ မြင်ရမှာ မဟုတ်ပါ။

၂၀၂၀ ဇွန်လ ၂၁ ရက်နေ့ဟာ ဥတ္တရယဉ်စွန်းချိန် ဖြစ်မယ့်ရက်ဖြစ်သလို နယုန်လကွယ်ရက်လည်း ဖြစ်နေပါတယ်။ (ပြက္ခဒိန်ရက်နဲ့တော့ ကွာခြားပါတယ်။) အဲ့ဒီ့နေ့မှာတော့.. နေ ☀️ နဲ့ ကမ္ဘာ 🌏 အကြား လ 🌚 ရောက်ရှိမှာဖြစ်ပြီး လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ရောက်ရှိမှာဖြစ်လို့ လအရိပ် ဖြတ်သန်းသွားမယ့် ဒေသတွေမှာ နေကို လမှ ဖုံးကွယ်သွားခြင်း (တနည်း) နေကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နေ နှင့် လ တို့ဟာ ပြိဿရာသီ (Taurus) အတွင်း အတူတကွ ကျရောက်ပြီး ရွေ့လျားနေတဲ့ လရဲ့အရိပ်ဟာ အာဖရိကအနောက်ဘက် ကွန်ဂိုနိုင်ငံမှ အာရှအရှေ့ဘက် တရုတ်၊ ထိုင်ဝမ် နှင့် ပစိဖိတ်သမုဒ္ဒရာ အထိ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ (မြေပုံ) လမင်းဟာ ကမ္ဘာနဲ့ ဝေးတဲ့ ပတ်လမ်းကြောင်းမှာ ရောက်ရှိနေတဲ့အတွက် နေအပြည့်ကြတ်ချိန်မှာ နေကို အပြည့်အဝ ဖုံးအုပ်သွားမှာ မဟုတ်ပဲ ဘေးသားတွေ ကျန်နေ (လင်းနေ) မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Annular Solar Eclipse လို့ ခေါ်ပါတယ်။

ဒီနေကြတ်ခြင်း (လအရိပ်) ဟာ မြန်မာနိုင်ငံမြောက်ဖျားပိုင်း (ပူတာအိုဒေသအနီး) ကို ဖြတ်သန်းသွားမှာဖြစ်လို့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ နေကြတ်ခြင်းကို ရာခိုင်နှုန်းများများ မြင်တွေ့ရမှာဖြစ်ပြီး ကျန် (တောင်ပိုင်း) ဒေသများမှာတော့ နေရာဒေသအပေါ်မူတည်ပြီး နေတပိုင်းကြတ်ခြင်းကိုသာ တွေ့မြင်ရမှာဖြစ်ပါတယ်။ နေကြတ်ခြင်း (နေ) ကို အကာအကွယ်မပါပဲ တိုက်ရိုက်မကြည့်ကြဖို့ အထူး မှာချင်ပါတယ်။ နေကြတ်ခြင်းကို ကြည့်ရန် မျက်မှန် သပ်သပ်ရှိပါတယ်။ (ပုံ) အာကာသနှင့် စကြဝဠာမှ အထူးဈေးနှုန်း (၈၀၀ ကျပ်) ဖြင့် လက်လီလက်ကား ရောင်းပေးနေပါတယ်။ (ကြော်ငြာတာပါ။)

နေကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်ရမယ့်အချိန်ကတော့ ဇွန်လ ၂၁ ရက် နေ့လည် ၁၂:၂၆ မှ ညနေ ၁၅:၂၆ အထိ ဖြစ်ပါတယ်။ ဒီတခါမြင်ပြီးလျှင် နောက်ထပ် ဆယ်စုနှစ် တစ်ခုကြာသည်အထိ နေကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရတော့မည် မဟုတ်ပါ။ အခြေခံပညာ သင်ရိုးများမှာ နေကြတ်ခြင်း၊ လကြတ်ခြင်းအကြောင်းများ ပါဝင်တဲ့အတွက် ဒီအချိန်ဟာ ကလေးများကို လက်တွေ့သင်ကြားပေးဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတော့တယ်…။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

EduCare Online Teaching Platform

Ph: 09979106109

About the author

Aung Lay

Leave a Comment