ၾကားသိရသမ်ွ

ကိုဗစ် ကာလအတွင်းမှာ ” ဗိုလ်ချုပ်အောင်ဆန်း ” ရုပ်ရှင်ကို ရိုက်ကူးနေကြတဲ့ ပုံရိပ်များ ထွက်ပေါ်

Written by Aung Lay








Unicode

ကိုဗစ် ကာလအတွင်း အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှုအခြေအနေ ပုံရိပ်များ ကို ပြန်လည်မျှဝေလိုက်ပါတယ်

အောင်ဆန်း ရုပ်ရှင် ၏ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၄) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆပ်ကော်မတီ (၇) ခုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့မှာ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

အောင်ဆန်း ရုပ်ရှင် စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး

စက်တင်ဘာလ (၃၀) ရက်နေ့မှ စတင်ကာ ရိုက်ကူးရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူး ရက်ပေါင်း (၈၈) ရက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်တစ်ကားလုံး၏ (၈၀%) ခန့် ပြီးစီးနေပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေများကြောင့် ၂၀၂၀ ခုနှစ် မတ်လ ကုန်ပိုင်းမှ စတင်ပြီး အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တ ဆိုင်းငံ့ထားသော်လည်း Editing လုပ်ငန်းများ၊ ကွန်ပြူတာ အထူးပြုလုပ်ချက် (VFX) များကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

COVID-19 ကပ်ရောဂါ အခြေအနေများပေါ် မူတည်ပြီး အောင်ဆန်းရုပ်ရှင် ပြန်လည်ရိုက်ကူးခွင့်ရမည့် အချိန်တွင် လက်ကျန် ဇာတ်ဝင်ခန်းများကို ဆက်လက်ရိုက်ကူးသွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

#AungSanMovie #အောင်ဆန်း ရုပ်ရှင်

 

Credit : နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

About the author

Aung Lay

Leave a Comment