News ၾကားသိရသမ်ွ

မန္တလေးက အနှိပ်ခန်းတွေ မိပြန်ပြီ

Written by Aung Lay





Mandalay Police

———

တရားဝင်ထုတ်ပြန်ထားသောအမိန့်အား လိုက်နာခြင်းမရှိဘဲတရားမဝင် အနှိပ်ခန်းပြုလုပ်နေကြသူများအားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူ

၂၇-၁၁-၂၀၂၀ ရက်နေ့ ည ၁၀ နာရီအချိန်တိုင်းမှု့ကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်ရှိ မောင်စိုး ၄၆ နှစ်၏နေအိမ်တွင် တရားမဝင်အနှိပ်ခန်းပြုလုပ်နေကြောင်းသတင်းအရ

သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ မန်နေဂျာ မောင်စိုးပါဆိုင်ဝန်ထမ်း အမျိုးသား(၃)ဦး၊ အနှိပ်သမ(၁၂)ဦး၊ လာရောက်အနှိပ်ခံသူ အမျိုးသား(၆)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ Huawei ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူရောရာ ၆၇၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်

စက်မှုနယ်မြေရဲစခန်း၊ (ပ)၄၂၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Mandalay Police

About the author

Aung Lay

Leave a Comment