Uncategorized

ဆိုင္ကလုန္းမုန္တိုင္း ‘ဘူရီဗီ’ ရဲ့ ေနာက္ဆုံးရ အေျခအေန

Written by Aung Lay

ဆိုင္ကလုန္းမုန္တိုင္း ‘ဘူရီဗီ’ ရဲ႕ ေနာက္ဆုံးရ အေျခအေန (၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၃ ရက္) (ျမန္မာစံေတာ္ခ်ိန္(၁၉:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၈:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ မန္နာ ပင္လယ္ေကြ႕တြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm) “ဘူရီဗီ” သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ပမ္ဘန္ၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၅)မိုင္ခန႔္ႏွင့္ ကန္ညာကူမာရီၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ ေရမိုင္(၁၂၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါတယ္။

အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘူရီဗီ” သည္ ျမန္မာစံေတာ္ခ်ိန္ (၁၈:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၉.၂)ဒီဂရီႏွင့္ အေရွ႕ ေလာင္ဂ်ီက်ဳ (၇၉.၂)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၉၈)ဟက္တိုပါစကယ္ ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ (၄၅)မိုင္ႏႈန္း ျဖစ္ပါတယ္။

အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘူရီဗီ”သည္ အေနာက္-အေနာက္ေတာင္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ အိႏၵိယႏိုင္ငံ တမီးလ္နာဒူး ကမ္းေျခေတာင္ပိုင္းကို ပမ္ဘန္ၿမိဳ႕ႏွင့္ ကန္ညာကူမာရီၿမိဳ႕တို႔ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည္ ဟု ခန႔္မွန္းရပါတယ္။

မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာန

———–

ဆိုင်ကလုန်းမုန်တိုင်း ‘ဘူရီဗီ’ ရဲ့ နောက်ဆုံးရ အခြေအနေ (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘူရီဗီ” သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅)မိုင်ခန့်နှင့် ကန်ညာကူမာရီမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ” သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၇၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ”သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး ကမ်းခြေတောင်ပိုင်းကို ပမ်ဘန်မြို့နှင့် ကန်ညာကူမာရီမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည် ဟု ခန့်မှန်းရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန

About the author

Aung Lay

Leave a Comment