News ၾကားသိရသမ်ွ

ဗစ္တိုးရီးယားအမွု ကိုေအာင္ႀကီးက နစ္နာေၾကး သိန္းငါးေထာင္ ရလိုမွုနဲ႔ ရဲတပ္ဖြဲ႕ကို တရားစြဲ

Written by Aung Lay

ကိုေအာင္ေက်ာ္မ်ိဳး(ခ) ကိုေအာင္ႀကီးက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို တရားမနစ္နာမႈ စြဲလိုက္ပါၿပီ။ “မမွန္မကန္တရားစြဲဆိုခ်ဳပ္ေႏွာင္ခံရသည့္ အတြက္ ေလ်ာ္ေၾကးႏွင့္နစ္နာေၾကး ေငြ၅၀၀,၀၀၀,၀၀၀ိ/-(က်ပ္သိန္းငါးေထာင္တိတိ) ရလိုမႈ” ဆိုၿပီးစြဲပါတယ္။

အမႈကို ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ အဆိုလႊာတင္သြင္းစြဲဆိုပါ တယ္။ တရား႐ုံးက အမႈကိုလက္ခံၿပီး တရားမႀကီးမႈအမွတ္ ၃၁၂/၂၀၂၀ အျဖစ္သတ္မွတ္ၾကားနာပါမယ္။ အမႈကို ခ႐ိုင္တရားသူႀကီးရဲ႕ တရားခြင္က ေဆာင္႐ြက္မွာျဖစ္ၿပီး (၁၈-၁၂-၂၀၂၀) မွာ “အဆိုလႊာကိုစိစစ္ရန္” လို႔ ခ်ိန္းဆိုထားပါတယ္။

လက္ငင္းေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တာဝန္ခံတာဝန္ယူသူအျဖစ္ ရဲခ်ဳပ္ ေအာင္ဝင္းဦး(ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕) ကို တရားၿပိဳင္အျဖစ္ထားပါတယ္။

တရားလိုေရွ႕ေနမ်ားအျဖစ္ ေနျပည္ေတာ္က တရားလႊတ္ေတာ္ေရွ႕ေနမ်ားျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္ တို႔က လိုက္ပါ ေဆာင္႐ြက္ၾကပါမယ္။ မဟာဗ်ဴဟာေျမာက္တရားစြဲဆိုျခင္း အျဖစ္ အခမဲ့ လိုက္ပါ ေဆာင္႐ြက္ေပးၾကမွာပါ။

Zaw Win Ko

———-

ကိုအောင်ကျော်မျိုး(ခ) ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမနစ်နာမှု စွဲလိုက်ပါပြီ။ “မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့် အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” ဆိုပြီးစွဲပါတယ်။

အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာတင်သွင်းစွဲဆိုပါ တယ်။ တရားရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ်သတ်မှတ်ကြားနာပါမယ်။ အမှုကို ခရိုင်တရားသူကြီးရဲ့ တရားခွင်က ဆောင်ရွက်မှာဖြစ်ပြီး (၁၈-၁၂-၂၀၂၀) မှာ “အဆိုလွှာကိုစိစစ်ရန်” လို့ ချိန်းဆိုထားပါတယ်။

လက်ငင်းတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ် အောင်ဝင်းဦး(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။

တရားလိုရှေ့နေများအဖြစ် နေပြည်တော်က တရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါ ဆောင်ရွက်ကြပါမယ်။ မဟာဗျူဟာမြောက်တရားစွဲဆိုခြင်း အဖြစ် အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးကြမှာပါ။

Zaw Win Ko

About the author

Aung Lay

Leave a Comment