ဖိနပ်သူခိုးဟာ အခြားသူခိုးတွေလို အမျိုးသမီးအတွင်းခံဘောင်းဘီနဲ့ ဘရာစီယာတွေကိုလိုက်လံခိုးယူတာမျိုးမဟုတ်ဘဲ ဖိနပ်တွေကိုမှ စိတ် အာသီသရှိပြီး အခုလိုလိုက်လံခိုးယူပြီး ညအိပ်ချိန်ဖက်အိပ်ကာ တစ်ကိုယ်ရည်လိင်စိတ်ဖြေဖျောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ် ။ဒီလို ထူးဆန်းစွာပြုမှုလာတာဟာ ၁၃ နှစ်သားကနေစတင်ခဲ့တာလို့ ပြောပါတယ်။
ထိုအချိန်ထဲက စိတ်ပိုင်းဆိုင်ရာပြောင်လဲလာပြီး ဖိနပ်တွေကို စတင်ခိုးယူလာခဲ့တာဖြစ်တယ်လို့ပြောပါတယ် ။ ယခု သတင်းကို ( SiThu Maung ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ကြံကြံဖန်ဖန် မိန်းကလေး ဖိနပ်မျိုးစုံ ကို လိုက်လံခိုးယူကာ ဖက်အိပ်ပြီး တစ်ကိုယ်ရည် လိင်စိတ်ဖြေသူကိုရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်းငံ နွန်ထဘူရီခရိုင် ဘန့်ကလွေ့မြို့နယ် ဘန်ခွန်ထောင်းကျေးရွာအုပ်စု ၊ ရပ်ကွက် (၅) အမှတ် (၁၆) မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ထီးလဖတ် ဆိုသူလူငယ်ဟာ ညဘက်ဆိုင်ကယ်နဲ့ နေအိမ်အခန်းငှားနဲ့ အခြားအဆောင်တွေမှာ ဖိနပ်မျိုးစုံကို လိုက်လံခိုးယူမှု ကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
၎င်းနေအိမ် အခန်းတွင်းမှာ ဖိနပ်မျိုးစုအရံပေါင်း ၁၂၆ ရံနဲ့အတူမေလ ၂၄ ရက်နေ့က ၎င်း၏နေအိမ်အခန်းတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ် လို့ဆိုပါတယ် ။ခုတော့ ရဲတပ်ဖွဲ့ကတရားဥပဒေအရ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပြီး စိတ်ကျမ္မာရေး အရ စိတ္တဇရောဂါပိုင်းဆိုင်ရာရှိ/မရှိ စစ်ဆေးသွားမယ်လို့ လည်းသိရှိ ရပါတယ် ။
REF: SiThuMaung
Zawgyi
REF: SiThuMaung