Funny

အင်္ဂါဂြိုဟ်ဆီကအသံကို လူ့နားနဲ့ ပထမဆုံး ကြားရ … ထိုအသံသည် မြန်မာဘာသာစကားဖြစ်နေ

Written by Aung Lay

အထူးသတင်း

၀၉ ဒီဇင်ဘာ၊ ၂၀၂၀

ဗွီအိုအေ (မြန်မာဌာန)



ထွက်လာတဲ့အသံကို အမေရိကန် ဘာသာစကားနဲ့ အဓိပ္ပါယ်မဖော်နိုင်ခဲ့ပဲ ကမ္ဘာပေါ်က ဘာသာစကားများစွာနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာထိုအသံသည် မြန်မာဘာသာစကားဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည်။



A Z 😜

credit.Aung zaw

———-

အထူးသတင်း

၀၉ ဒီဇင်ဘာ၊ ၂၀၂၀

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်အာကာသအေဂျင်စီ NASA က အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်လိုက်တဲ့ ယာဉ်ကနေ “စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ “ ပထမဆုံး အသံတခုကို ဖမ်းယူပေးပို့လိုက်ပါတယ်။ The Jet Propulsion ဓာတ်ခွဲခန်းကနေ အဲဒီ အင်္ဂါဂြိုဟ်ပေါ်က အသံကို မနေ့သောကြာနေ့က ထုတ်ပြန်လိုက်တာပါ။

InSight Lander ဆိုတဲ့ မောင်းသူမဲ့အာကာသစူးစမ်း လေ့လာရေး ယာဉ်ဟာ အဂီါဂြိုဟ်ပေါ် ဆင်းသက်ပြီး တပတ်အတွင်းမှာပဲ ခပ်တိုးတိုးအသံလှိုင်းတွေကို ဖမ်းယူနိုင်ခဲ့တာပါ။ အဲဒီအသံတွေဟာ တနာရီကို ၁၀ ကနေ ၁၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတယ်လို့ ခန့်မှန်းရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ ဒါဟာ အင်္ဂါဂြိုဟ်ဆီကအသံကို လူ့နားနဲ့ ပထမဆုံး ကြားရတာလည်းဖြစ်ပါတယ်။

ထွက်လာတဲ့အသံကို အမေရိကန် ဘာသာစကားနဲ့ အဓိပ္ပါယ်မဖော်နိူင်ခဲ့ပဲ ကမ္ဘာပေါ်က ဘာသာစကားများစွာနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာထိုအသံသည် မြန်မာဘာသာစကားဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည်။

ထိုအသံအား မြန်မာလိုဘာသာပြန်လိုက်သောအခါ …

ရွေးကောက်ပွဲပြန်လုပ်ပေးပါ ဟူသတဲ့ ။

A Z 😜

credit.Aung zaw

About the author

Aung Lay

Leave a Comment