Health

လိုင်ချီးသီးကြိုက်လျှင် ဒါလေးတွေသိထားပါ

Written by Aung Lay

လိုင်ချီးသီးကို အန္တရာယ်ကင်းစွာ စားနည်း

လိုင်ချီးသီးက အဟာရဓာတ် ကြွယ်ဝသည့်အပြင် အရသာလည်းရှိပါသည်။ အနံ့မွှေးသောကြောင့် လူတိုင်းနီးပါး နှစ်သက်ကြသည်။

ထို့ကြောင့် အန္တရာယ်ကင်းအောင်စားမည်ဆိုလျှင် အောက်ပါအချက်များအတိုင်း..စားပေးရပါမည်။

၁ ) – အသီးကိုမှည့်မှ စားရပါမည် – မမှည့်သေးလျှင် မစားရပါ။

မမှည့်သေးခင် စားမည်ဆိုလျှင် အသားထဲတွင် ဟိုက်ပိုဂလိုက်စင် များစွာပါပါသည်။

အစေ့ထဲ မှည့်သွားလျင် အစေ့ထဲကို ရောက်ကုန်သောကြောင့် စိတ်ချစွာ စားနိုင်ပါသည်။

၂ ) – စားသည့်အခါ အစေ့ကိုလုံးဝ မစားရပါ – ဟိုက်ပိုဂလိုစင်များသည် အစေ့ထဲတွင် အဓိက ပါဝင်နေခြင်းကြောင့်ဖြစ်ပါသည် ။

အသီးမှည့်လေလေ အစေ့ထဲတွင် ပါဝင်မူ များလေလေ ဖြစ်ပါသည်။

၃ ) – စားသည့်အခါ အစာ ( ထမင်းစားပြီး) စားပြီးမှစားရပါမည်။

အစာမရှိပဲစားလျှင် အစာအိမ်ထဲက MCPA- CoAအဖြစ်ကိုပြောင်းလဲသွားခြင်း ကြောင့် ဂလူးကိုစ့် ကျစေသော အာနိသင်များ ပိုများလာတတ်ပါသည်။

၄ ) – ကိုယ်ဝန်ဆောင်များ လိုင်ချီးသီးစားလျှင်များများ မစားသင့်ပါ။

စားလျှင်လည်း အစာစားပြီးမှ အနည်းငယ်သာစားရပါမည် – မစားသည်က အကောင်းဆုံးဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဂလူးကို့စ်ဓာတ်များ ရုတ်တရတ်လျှော့နည်းသွားလျှင် သန္ဓေ သားကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

၅ ) – နို့တိုက်မိခင်များအနေနဲ့ လိုင်ချီးသီးကို ရှောင်ထားသည်က ပိုကောင်းပါသည်။

ဟိုက်ပိုဂလိုက်စင်များသည် သွေးထဲကနေ ကလေးဆီကိုရောက်သွားလျှင် ကလေး အနေနဲ့အန္တရာယ်ရှိပါသည်။

ကလေးဆိုသည်မှာ နို့တမျိုးတည်းပဲ အဓိကစို့သောကြောင့် ပိုဆိုးတတ်ပါသည်။

၆ ) – ဆီးချို သွေးချိုသမားများအနေနှင့် ဆီးချို သွေးချိုကျဆေးများ. ( ဥပမာ ) Metformin သောက်နေလျှင် ရုတ်တရတ် ဂလူးကိုစ့်ဓာတ် ကျဆင်းသွားတာကြောင့် အန္တရာယ် ရှိပါသည်။

ဆေးကိုညှိပြီးသောက်ရန် ( Adjustment- ပြင်ဆင် ညှိဖို့) လိုပါသည်။

ဒေါက်တာခင်မောင်လွင်

Zawgyi











၎ ) – ကိုယ်ဝန်ဆောင်များ လိုင်ချီးသီးစားလျှင်များများ မစားသင့်ပါ။








ဒေါက်တာခင်မောင်လွင်

About the author

Aung Lay

Leave a Comment