ပြီးခဲ့သည့် အပတ်က ပြိုကျခဲ့သော သူနာပြု တက္ကသိုလ် ကြံ့ခိုင်မှုရှိ/မရှိ နှင့် အဆောက်အဦး ကို ပြန်လည် အသုံးပြုနိုင်ရန် ရှိ/မရှိမှာလည်း ယခု မေလကုန် တွင် သိရမည်ဟု ဆိုသည်။ အခုကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကနေ ၂ ရက်ရှိပြီ၊ တိုင်တွေ၊ နံရံ တွေအားလုံး ကို တိုင်းတာပြီးတော့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း ရှိ/မရှိ စစ်ဆေးနေပါတယ်။ ဒီဟာကနေ Report တွေထွက်ပါလိမ့်မယ်။
ရှေ့ဘယ်လိုလုပ်မလဲဆိုတာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖွဲ့ထားတဲ့အဖွဲ့က ပြန်လည်ပြီး ဆွေးနွေးတိုင်ပင်ပါ့မယ်။ အဲ့ဒီလိုလုပ်ပြီးမှပဲ အဖြေထွက်ပါလိမ့်မယ်။” ဟု ၎င်းက ဆိုသည်။ အဆိုပါ သူနာပြုတက္ကသိုလ်ကို တည်ဆောက်ရန် ပြည်မဟာကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် တင် ဒါအောင်မြင်ခဲ့ပြီး တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီး ၂၀၂၀ ခုနှစ် ၊ မေလ ၁၇ရက် ၊ နေ့လယ်ပိုင်းက ပြိုကျခဲ့သည်။
ရန် ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်အဆောက်အဦး၏ ရှေ့ပိုင်းမျက်နှာစာ ပြိုကျရခြင်းမှာ တွက်ချက်မှုအား နည်းခြင်း ၊ ကြီးကြပ်မှုနှင့် အသုံးပြုထား သည့် သံချောင်းများ အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ကနဦးစစ်ဆေးမှုများကိုပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။
သူ့ရဲ့အလေးနဲ့ တွက်ချက်ထားတာက လိုအပ်ချက်ရှိတဲ့ အတွက် ပြိုကျတာပေါ့။တွက်ချက် မှု အားနည်းတယ်။ တည်ဆောက်တဲ့ အခါမှာ လည်း ကြီးကြပ်မှုနဲ့ အသေးစိတ်ထည့်တဲ့ သံချောင်းတွေ အားနည်းတယ်” ဟု ၎င်းက ဆိုသည်။သနာပြုတက္ကသိုလ် ပြိုကျမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ရှိ ကျွမ်းကျင်ပညာရှင် ၅ ဦးပါဝင်သောကော်မတီက စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ရရှိခဲ့သော ကနဦးတွေ့ရှိချက်အစီရင်ခံစာကို မေလ ၂၃ ရက်နေ့တွင် ဒေါက်တာဇော်ဝေစိုး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် နှင့် သုနာပြုတက္ကသိုလ် ပါမောက္ခချုပ်တို့ထံ ပေးပို့ထားပြီး မေလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်း ပန်းဆက်သွက်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံသို့ ပေးပို့ထားကြောင်းသိရသည်။
REF: SHWE WIKI
Zawgyi
ၿပီးခဲ့သည့္ အပတ္က ၿပိဳက်ခဲ့ေသာ သူနာျပဳ တကၠသိုလ္ ႀကံ့ခိုင္မႈရွိ/မရွိ ႏွင့္ အေဆာက္အဦး ကို ျပန္လည္ အသုံးျပဳႏိုင္ရန္ ရွိ/မရွိမွာလည္း ယခု ေမလကုန္ တြင္ သိရမည္ဟု ဆိုသည္။ အခုကေတာ့ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ကေန ၂ ရက္ရွိၿပီ၊ တိုင္ေတြ၊ နံရံ ေတြအားလုံး ကို တိုင္းတာၿပီးေတာ့ ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္း ရွိ/မရွိ စစ္ေဆးေနပါတယ္။ ဒီဟာကေန Report ေတြထြက္ပါလိမ့္မယ္။
ေရွ႕ဘယ္လိုလုပ္မလဲဆိုတာကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဖြဲ႕ထားတဲ့အဖြဲ႕က ျပန္လည္ၿပီး ေဆြးေႏြးတိုင္ပင္ပါ့မယ္။ အဲ့ဒီလိုလုပ္ၿပီးမွပဲ အေျဖထြက္ပါလိမ့္မယ္။” ဟု ၎က ဆိုသည္။ အဆိုပါ သူနာျပဳတကၠသိုလ္ကို တည္ေဆာက္ရန္ ျပည္မဟာကုမၸဏီက ၂၀၁၂ ခုႏွစ္တြင္ တင္ ဒါေအာင္ျမင္ခဲ့ၿပီး တည္ေဆာက္ခဲ့ရာ ၂၀၁၃ ခုႏွစ္တြင္ တည္ေဆာက္ၿပီး ၂၀၂၀ ခုႏွစ္ ၊ ေမလ ၁၇ရက္ ၊ ေန႔လယ္ပိုင္းက ၿပိဳက်ခဲ့သည္။
ရန္ ကုန္တိုင္းေဒသႀကီး ၊ လမ္းမေတာ္ၿမိဳ႕နယ္ရွိ သူနာျပဳတကၠသိုလ္အေဆာက္အဦး၏ ေရွ႕ပိုင္းမ်က္ႏွာစာ ၿပိဳက်ရျခင္းမွာ တြက္ခ်က္မႈအား နည္းျခင္း ၊ ႀကီးၾကပ္မႈႏွင့္ အသုံးျပဳထား သည့္ သံေခ်ာင္းမ်ား အားနည္းျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္း ကနဦးစစ္ေဆးမႈမ်ားကိုျပဳလုပ္ခဲ့သည့္ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းခ်ဳပ္ ဥကၠဌ ဦးေအာင္ျမင့္က ေျပာသည္။
သူ႔ရဲ႕အေလးနဲ႔ တြက္ခ်က္ထားတာက လိုအပ္ခ်က္ရွိတဲ့ အတြက္ ၿပိဳက်တာေပါ့။တြက္ခ်က္ မႈ အားနည္းတယ္။ တည္ေဆာက္တဲ့ အခါမွာ လည္း ႀကီးၾကပ္မႈနဲ႔ အေသးစိတ္ထည့္တဲ့ သံေခ်ာင္းေတြ အားနည္းတယ္” ဟု ၎က ဆိုသည္။သနာျပဳတကၠသိုလ္ ၿပိဳက်မႈႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံအင္ဂ်င္နီယာ အသင္းခ်ဳပ္ရွိ ကြၽမ္းက်င္ပညာရွင္ ၅ ဦးပါဝင္ေသာေကာ္မတီက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္။
ရရွိခဲ့ေသာ ကနဦးေတြ႕ရွိခ်က္အစီရင္ခံစာကို ေမလ ၂၃ ရက္ေန႔တြင္ ေဒါက္တာေဇာ္ေဝစိုး ၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္း ဝန္ ႏွင့္ သုနာျပဳတကၠသိုလ္ ပါေမာကၡခ်ဳပ္တို႔ထံ ေပးပို႔ထားၿပီး ေမလ ၂၅ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္ႏွင့္ လမ္း ပန္းဆက္သြက္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္ထံသို႔ ေပးပို႔ထားေၾကာင္းသိရသည္။
REF: SHWE WIKI