ၾကားသိရသမ်ွ

မန္တလေးတိုင်းအတွင်းရှိ အစားအသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ် ပြန်လည်ဖွင့်လှစ်ခွင့် ရတော့မည်

Written by Aung Lay

Stay At Home ၿမိဳ႕နယ္မ်ားမွ လြဲ၍ မႏၲေလးတိုင္းအတြင္းရွိ အစားအေသာက္ဆိုင္မ်ား ဆိုင္ထိုင္စားစနစ္ ျပန္လည္ဖြင့္လွစ္ခြင့္ ရေတာ့မည္၊

ဒီဇင္ဘာ(၁၈)ရက္ေနာက္ပိုင္း သတ္မွတ္စည္းကမ္းခ်က္ႏွင့္ ညီ မညီ စိစစ္ကာ ဖြင့္ခြင့္ျပဳမည္ဟုဆို၊

Stay At Home သတ္မွတ္ထားေသာ ၿမိဳ႕နယ္မ်ားမွ လြဲ၍ မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္ကဲ့သို႔ အစားအေသာက္ ေရာင္းခ်သည့္ဆိုင္မ်ားကို ဆိုင္ထိုင္စားစနစ္ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်ခြင့္ ျပဳေတာ့မည္ျဖစ္ေၾကာင္း တိုင္းအစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားက Mandalay In-depth News အား ေျပာသည္။

အစားအေသာက္ ေရာင္းခ်သည့္ဆိုင္မ်ားကို ဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ က်န္းမာေရး လမ္းၫႊန္ခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရွိ၊မရွိ လိုက္လံစစ္ေဆးကာ A အဆင့္ ရရွိပါက ယခုလအတြင္း ျပန္လည္ဖြင့္လွစ္ခြင့္ ျပဳမည္ဟု ဆိုသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမႏွင့္ အမရပူရၿမိဳ႕နယ္ သုံးၿမိဳ႕နယ္ကို Stay At Home ေနထိုင္ရမည့္ ၿမိဳ႕နယ္မ်ားအျဖစ္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတ္မွတ္ထားသည္။ ထို႔အျပင္ အဆိုပါ သုံးၿမိဳ႕နယ္ အပါအဝင္ မႏၲေလးခ႐ိုင္ ခုႏွစ္ၿမိဳ႕နယ္အား တိုင္းအစိုးရက ဒီဇင္ဘာ(၅)ရက္မွ (၁၈)ရက္အထိ Stay At Home ကဲ့သို႔ အသြားအလာ ကန႔္သတ္မိန႔္မ်ား ထုတ္ျပန္ထားသည္။

မႏၲေလးခ႐ိုင္မွ လြဲ၍ မႏၲေလးတိုင္းအတြင္း အျခားၿမိဳ႕နယ္မ်ားရွိ A အဆင့္ သတ္မွတ္ျခင္း ခံရေသာ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္မ်ားကို ဆိုင္ထိုင္စားစနစ္ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်ခြင့္ျပဳေတာ့မည္ ျဖစ္ၿပီး ယခင္ေန႔က လူမႈကြန္ယက္တြင္ ျပန႔္ႏွံ႔ေနေသာ ထုတ္ျပန္ခ်က္သည္ အမွန္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီဝင္၊ တိုင္းအစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က Mandalay In-depth News အား အတည္ျပဳသည္။

သို႔ေသာ္ မႏၲေလးခ႐ိုင္အတြင္းရွိ ဆိုင္မ်ားကိုမူ ဒီဇင္ဘာ(၁၈)ရက္ ေနာက္ပိုင္းမွသာ ဖြင့္လွစ္ခြင့္ျပဳဖြယ္ ရွိသည္ဟု ၎က ဆိုသည္။

“က်န္တဲ့ၿမိဳ႕နယ္ေတြကေတာ့ ေလာေလာဆယ္ေတာ့ ၿမိဳ႕နယ္စီမံခန႔္ခြဲမႈ ေကာ္မတီရဲ႕ ကိုဗစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ဖြင့္ေကာင္း ဖြင့္ပါလိမ့္မယ္။ မႏၲေလးခ႐ိုင္ကေတာ့ နည္းနည္း အေရးႀကီးတဲ့ အေနအထားမွာ ရွိတာေပါ့” ဟု ဝန္ႀကီးဦးစိုင္းပန္းဆိုင္က ေျပာသည္။

မႏၲေလးခ႐ိုင္အတြင္းရွိ Stay At Home မဟုတ္ေသာ ေအာင္ေျမသာစံ၊ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္၊ ပုသိမ္ႀကီး ၿမိဳ႕နယ္မ်ားရွိ အစားအေသာက္ အေရာင္းဆိုင္မ်ား ျပန္လည္ဖြင့္လွစ္ခြင့္ ျပဳမည့္ အေျခအေနႏွင့္ ပတ္သက္၍ မရွင္းလင္းေသးဘဲ တိုင္းအစိုးရက ဒီဇင္ဘာ(၁၈)ရက္အထိ ထုတ္ျပန္ထားသည့္ တားျမစ္ကန႔္သတ္မိန႔္မ်ား ႐ုပ္သိမ္းမႈ ရွိ၊မရွိအေပၚ မူတည္မည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားက ေျပာသည္။

“Stay At Home မဟုတ္တဲ့ ၿမိဳ႕နယ္ေတြက လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္ခြင့္ ျပဳလိုက္တယ္ဆိုၿပီး ျပည္ေထာင္စုက စာထြက္ထားၿပီးသား။ အဲဒီကတည္းက စာရင္းေကာက္ၿပီးသား။ မႏၲေလးတိုင္း အစိုးရက Semi-Lockdown လုပ္လိုက္ေတာ့ သူမ်ားေတြ ဖြင့္တဲ့ခ်ိန္မွာ ဖြင့္ခြင့္ မေပးလိုက္ရတာ။ ၁၈ ရက္ေနာက္ပိုင္း Semi – Lockdown ၿပီးရင္ ဖြင့္ခြင့္ ရမလားဆိုတာေတာ့ Semi- Lockdown က သက္တမ္းတိုးမလား မတိုးဘူးလားက ကြၽန္ေတာ္တို႔လည္း မသိေသးဘူး”ဟု မႏၲေလးခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးက Mandalay In-depth News အား ေျပာသည္။

မႏၲေလးခ႐ိုင္အတြင္း အမ်ားျပည္သူ လိုက္နာရန္ ထုတ္ျပန္ထားသည့္ တိုင္းအစိုးရ၏ တားျမစ္ကန႔္သတ္မိန႔္မ်ား ဒီဇငိဘာ(၁၈)ရက္ေနာက္ပိုင္း သက္တမ္း တိုး၊မတိုး အတိအက် မသိရေသးေသာ္လည္း ဆိုင္ထိုင္စားစနစ္ျဖင့္ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်လိုေသာ ဆိုင္မ်ားကို ဒီဇင္ဘာ(၁၈)ရက္ေနာက္ပိုင္းတြင္ လိုက္လံစစ္ေဆးေပးမည္ဟု မႏၲေလးခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကလည္း ေျပာသည္။

“Versions 2.0ဆိုတာ မနက္ဖန္ ျဖန႔္မွာ၊ စည္းကမ္းခ်က္ေတြ ျဖန႔္မွာ။ ျဖန႔္ၿပီးရင္ ၁၈ရက္ေနာက္ပိုင္း ျပင္ၿပီးၿပီလို႔ ေလွ်ာက္လႊာတင္တာနဲ႔ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္အဖြဲ႕နဲ႔ စစ္ၿပီးေတာ့ A အဆင့္ရလို႔ရွိရင္ (ဆိုင္ထိုင္စားနစ္ျဖင့္ ေရာင္းခ်ခြင့္) ေပးမွာ”ဟု အထက္ပါ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

ရမည္းသင္းၿမိဳ႕နယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မင္းဟန္ကလည္း ဆိုင္ထိုင္စားစနစ္ ျပန္လည္ခြင့္ျပဳႏိုင္ေရး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားကို ဆိုင္မ်ားသို႔ ျဖန႔္ေဝမည္ျဖစ္ၿပီး အဆိုပါ သတ္မွတ္ခ်က္မ်ားအတိုင္း ဆိုင္မ်ားဘက္က ျပင္ဆင္ထားရမည္ျဖစ္ေၾကာင္း၊ ထို႔ေနာက္ က်န္းမာေရးဦးစီးဌာန အပါအဝင္ ဌာနစုံပါသည့္အဖြဲ႕က လိုက္လံစစ္ေဆးကာ (A) အဆင့္ သတ္မွတ္ခံရပါက ဆိုင္ျပန္ဖြင့္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း ရွင္းျပသည္။

“က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အခ်က္ ေတြရွိတယ္။ ေဈးေရာင္းသူ၊ ေဈးဝယ္သူ၊ စားပြဲထိုးေတြတို႔ လိုက္နာရမွာေတြ။ ဒီေန႔ ကြၽန္ေတာ္ စည္ပင္ကို ျဖန႔္မွာ။ စည္ပင္ကေနမွ (ဆိုင္ေတြကို) ျပန္ျဖန႔္မွာေပါ့ ” ဟု ဦးေဇာ္မင္းဟန္က Mandalay In-depth News အား ေျပာသည္။

မႏၲေလးခ႐ိုင္မွ လြဲ၍ မႏၲေလးတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ား၌ အစားအေသာက္ ေရာင္းခ်သည့္ဆိုင္မ်ား ဆိုင္ထိုင္စားစနစ္ ျပန္လည္ေရာင္းခ်ႏိုင္ေရး ကိုဗစ္ ေရာဂါကာကြယ္ေရး နည္းလမ္းမ်ားႏွင့္ ကိုက္ညီမႈ ရွိ မရွိႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ႏိုဝင္ဘာလကတည္းက စစ္ေဆးထားၿပီးျဖစ္ေၾကာင္း သတင္းရရွိသည္။

ျပင္ဦးလြင္ႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္ရွိ အစားအေသာက္ အေရာင္းဆိုင္မ်ားအား ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္းက ဌာနဆိ္ုငရာ တာဝန္ရွိသူမ်ား စစ္ေဆးစဥ္/ Photo – Sai Zaw Win Lwin, Nahtogyi Sipin

Unicode

Stay At Home မြို့နယ်များမှ လွဲ၍ မန္တလေးတိုင်းအတွင်းရှိ အစားအသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ် ပြန်လည်ဖွင့်လှစ်ခွင့် ရတော့မည်၊

ဒီဇင်ဘာ(၁၈)ရက်နောက်ပိုင်း သတ်မှတ်စည်းကမ်းချက်နှင့် ညီ မညီ စိစစ်ကာ ဖွင့်ခွင့်ပြုမည်ဟုဆို၊

Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ လွဲ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ကဲ့သို့ အစားအသောက် ရောင်းချသည့်ဆိုင်များကို ဆိုင်ထိုင်စားစနစ် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုတော့မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက Mandalay In-depth News အား ပြောသည်။

အစားအသောက် ရောင်းချသည့်ဆိုင်များကို ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ၊မရှိ လိုက်လံစစ်ဆေးကာ A အဆင့် ရရှိပါက ယခုလအတွင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ် သုံးမြို့နယ်ကို Stay At Home နေထိုင်ရမည့် မြို့နယ်များအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ထို့အပြင် အဆိုပါ သုံးမြို့နယ် အပါအဝင် မန္တလေးခရိုင် ခုနှစ်မြို့နယ်အား တိုင်းအစိုးရက ဒီဇင်ဘာ(၅)ရက်မှ (၁၈)ရက်အထိ Stay At Home ကဲ့သို့ အသွားအလာ ကန့်သတ်မိန့်များ ထုတ်ပြန်ထားသည်။

မန္တလေးခရိုင်မှ လွဲ၍ မန္တလေးတိုင်းအတွင်း အခြားမြို့နယ်များရှိ A အဆင့် သတ်မှတ်ခြင်း ခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စားစနစ် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုတော့မည် ဖြစ်ပြီး ယခင်နေ့က လူမှုကွန်ယက်တွင် ပြန့်နှံ့နေသော ထုတ်ပြန်ချက်သည် အမှန်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်၊ တိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က Mandalay In-depth News အား အတည်ပြုသည်။

သို့သော် မန္တလေးခရိုင်အတွင်းရှိ ဆိုင်များကိုမူ ဒီဇင်ဘာ(၁၈)ရက် နောက်ပိုင်းမှသာ ဖွင့်လှစ်ခွင့်ပြုဖွယ် ရှိသည်ဟု ၎င်းက ဆိုသည်။

“ကျန်တဲ့မြို့နယ်တွေကတော့ လောလောဆယ်တော့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရဲ့ ကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွင့်ကောင်း ဖွင့်ပါလိမ့်မယ်။ မန္တလေးခရိုင်ကတော့ နည်းနည်း အရေးကြီးတဲ့ အနေအထားမှာ ရှိတာပေါ့” ဟု ဝန်ကြီးဦးစိုင်းပန်းဆိုင်က ပြောသည်။

မန္တလေးခရိုင်အတွင်းရှိ Stay At Home မဟုတ်သော အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး မြို့နယ်များရှိ အစားအသောက် အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည့် အခြေအနေနှင့် ပတ်သက်၍ မရှင်းလင်းသေးဘဲ တိုင်းအစိုးရက ဒီဇင်ဘာ(၁၈)ရက်အထိ ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်မိန့်များ ရုပ်သိမ်းမှု ရှိ၊မရှိအပေါ် မူတည်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက ပြောသည်။

“Stay At Home မဟုတ်တဲ့ မြို့နယ်တွေက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့် ပြုလိုက်တယ်ဆိုပြီး ပြည်ထောင်စုက စာထွက်ထားပြီးသား။ အဲဒီကတည်းက စာရင်းကောက်ပြီးသား။ မန္တလေးတိုင်း အစိုးရက Semi-Lockdown လုပ်လိုက်တော့ သူများတွေ ဖွင့်တဲ့ချိန်မှာ ဖွင့်ခွင့် မပေးလိုက်ရတာ။ ၁၈ ရက်နောက်ပိုင်း Semi – Lockdown ပြီးရင် ဖွင့်ခွင့် ရမလားဆိုတာတော့ Semi- Lockdown က သက်တမ်းတိုးမလား မတိုးဘူးလားက ကျွန်တော်တို့လည်း မသိသေးဘူး”ဟု မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက Mandalay In-depth News အား ပြောသည်။

မန္တလေးခရိုင်အတွင်း အများပြည်သူ လိုက်နာရန် ထုတ်ပြန်ထားသည့် တိုင်းအစိုးရ၏ တားမြစ်ကန့်သတ်မိန့်များ ဒီဇငိဘာ(၁၈)ရက်နောက်ပိုင်း သက်တမ်း တိုး၊မတိုး အတိအကျ မသိရသေးသော်လည်း ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချလိုသော ဆိုင်များကို ဒီဇင်ဘာ(၁၈)ရက်နောက်ပိုင်းတွင် လိုက်လံစစ်ဆေးပေးမည်ဟု မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပြောသည်။

“Versions 2.0ဆိုတာ မနက်ဖန် ဖြန့်မှာ၊ စည်းကမ်းချက်တွေ ဖြန့်မှာ။ ဖြန့်ပြီးရင် ၁၈ရက်နောက်ပိုင်း ပြင်ပြီးပြီလို့ လျှောက်လွှာတင်တာနဲ့ ကျွန်တော်တို့ မြို့နယ်အဖွဲ့နဲ့ စစ်ပြီးတော့ A အဆင့်ရလို့ရှိရင် (ဆိုင်ထိုင်စားနစ်ဖြင့် ရောင်းချခွင့်) ပေးမှာ”ဟု အထက်ပါ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ရမည်းသင်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်ကလည်း ဆိုင်ထိုင်စားစနစ် ပြန်လည်ခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို ဆိုင်များသို့ ဖြန့်ဝေမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်များအတိုင်း ဆိုင်များဘက်က ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ထို့နောက် ကျန်းမာရေးဦးစီးဌာန အပါအဝင် ဌာနစုံပါသည့်အဖွဲ့က လိုက်လံစစ်ဆေးကာ (A) အဆင့် သတ်မှတ်ခံရပါက ဆိုင်ပြန်ဖွင့်ခွင့် ပြုမည်ဖြစ်ကြောင်း ရှင်းပြသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက် တွေရှိတယ်။ ဈေးရောင်းသူ၊ ဈေးဝယ်သူ၊ စားပွဲထိုးတွေတို့ လိုက်နာရမှာတွေ။ ဒီနေ့ ကျွန်တော် စည်ပင်ကို ဖြန့်မှာ။ စည်ပင်ကနေမှ (ဆိုင်တွေကို) ပြန်ဖြန့်မှာပေါ့ ” ဟု ဦးဇော်မင်းဟန်က Mandalay In-depth News အား ပြောသည်။

မန္တလေးခရိုင်မှ လွဲ၍ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များ၌ အစားအသောက် ရောင်းချသည့်ဆိုင်များ ဆိုင်ထိုင်စားစနစ် ပြန်လည်ရောင်းချနိုင်ရေး ကိုဗစ် ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ကိုက်ညီမှု ရှိ မရှိနှင့် ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စစ်ဆေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်နှင့် နွားထိုးကြီးမြို့နယ်ရှိ အစားအသောက် အရောင်းဆိုင်များအား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဌာနဆိုငရာ တာဝန်ရှိသူများ စစ်ဆေးစဉ်/ Photo – Sai Zaw Win Lwin, Nahtogyi Sipin

About the author

Aung Lay

Leave a Comment