ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုးများ
တန်ဖိုးထားရပါသောမိတ်ဆွေများအား မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးခြင်းဖြင့် ပြန်လည်ရရှိမည့်
ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ခံံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက်ရှိတော့ဘဲ အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျွန်တော်တို့ိငယ်ငယ်တုန်းကမြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ ဆေးရုံ ဆေးပေးခန်းတွေမှာ အများအပြားတွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်
ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း ကောင်းကောင်းမှတ်မိနေသေးတာက ကျွန်တော့်အမေဒူးအရမ်းနာနေ၍ ပခုက္ကူမြို့ထင်းတန်းရပ်မှာ ဆေးခန်းဖွင့်ထားတဲ့ ပန်ချာဘီဆရာဝန်ကြီး ဒေါက်တာမာဒေးထံသို့ သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်
အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး လမ်းတောင်မလျှောက်နိုင်လို့ ဆေးခန်းသွားမယ်ဆိုရင်လည်းအမေကို ဦးလေးတွေကချီမပြီးခေါ်သွားလေ့ရှိပါတယ်
ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကို သေသေချာချာ စစ်ဆေးပြီးနောက် သွားတွေကောင်းရဲ့လားလို့မေးတော့ အမေမျက်နာအမူအရာက ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်
ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့ အံသွားပေါက်တွေကိုတွေ့သွားပါတယ် အံသွားတွေကပြည်ပုပ်တွေဟာ ဒူးကိုရောက်သွားပြီး ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ
ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့ အမေဒူးနာလည်းကောင်းသွားတာကို လက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်
ဆက်လက်၍ဒေါက်တာမာဒေးမှအမေအား နေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့် ပလုတ်ကျင်းခိုင်းရာ အမေဒူးနာပြန်မဖြစ်တော့တာကိုလည်း သတိထားမိပါတယ်
နောက်တစ်ယောက်ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ ဟိုမုန်းအထွက်နဲတော့ လူကလေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်လည်းတက်လာတယ်
ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ္ထားလို့
ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက် သွားဆရာဝန်ဆီမှာ သေချာကုသလိုက်တဲ့နောက်မှာတော့ ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်
ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့ သူတစ်ယောက်အကြောင်းကို ပြောပြဆွေးနွေးလိုပါသေးတယ်
သူ့မှာကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး မျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်
ခြေထောက်တွေကလည်း ဖောပြီးရောင်ကိုင်းနေပါတော့တယ် ကျောက်ကပ်ဆေးတွေသောက်လည်း လူကသိပ်မသက်သာရှာပါဘူး တစ်နေ့ သူသွားအရမ်းနာနေလို့
သွားဆရာဝန်ကိုသွားရောက်ပြသတဲ့ အခါကြတော့မှ သွားဆရာဝန်တွေက သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့ သွားဖုံးတွေကိုပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက်ကပ်လည်းပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ နေ့စဉ်ပလုတ်ကျင်းတယ်ဟုသိရပါတယ်
ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း ငယ်ငယ်ကတည်းက ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ ဘယ်လောက်တောင်းနံသလည်းဆိုရင်
မျက်နှာချင်းဆိုင်စကားပြောလို့တောင် အဆင်သိပ်မပြေချင်ပါဘူး
ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့. သွားတိုက်လည်းအတော်လေး
ပျင်းသူဖြစ်တဲ့အတွက် နှစ်တွေကြာလာတော့ ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်
ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ ငယ်ငယ်ကတည်းကလည်း သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်
ယခုအချိန်အခါမှာလည်း ရာသီဥတုအစားအသောက် အပြုအမူအနေအထိုင်တွေကြောင့် လူတော်တော်များများဖြစ်နေတဲ့
ရောဂါဝေဒနာတွေကတော့ အသည်းရောဂါ အဆုတ်ရောဂါ အစာအိမ် ကျောက်ကပ် နှလုံး အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော
ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ
ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့် အများဆုံးဖြစ်နေကြတာကို အားလုံးသတိထားမိစေချင်ပါတယ်
ခံတွင်းမသန့်လေရောဂါထူလေဘဲဖြစ်ပြီး ပါးစပ်နံလေရောဂါများလေ အသက်တိုလေပဲဖြစ်ပါတယ်
သွားဖုံးအရင်းမှာ အစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာ အလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ် ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်
ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့ အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင် ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်
ဘာကြောင့်လည်းဆိုတော့ ဆီကအဆိပ်စုပ်အားကောင်းပြီး သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်
နံနက်စောစောအိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါက ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်
ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ သွားတိုက်တာသည်အကောင်းဆုံးပါပဲ ပလုပ်ကျင်းပြီးရင်တော့ ရေနွေးနွေးလေးဖြင့်ပါစပ်ကို ပြန်လည်ဆေးကြောပေးရင်ဖြင့် အကောင်းဆုံးပါပဲခင်ဗျာ
ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့ မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့ အုန်းဆီဘဲဖြစ်ပါတယ်
အုန်းဆီအပြင်သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်း ပလုတ်ကျင်းလို့လည်းရပါတယ် ပဲဆီ နေကြာဆီ စားအုန်းဆီတွေနဲ့တော့ ပလုတ်မကျင်းစေချင်ပါဘူးခင်ဗျာ
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ဆီဖြင့်ပလုပ်ကျင်းတာကို နေ့စဉ်မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို(၂)ခါ(၃)ခါလောက် လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်
ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ ကျန်းမာနေထိုင်တဲ့နည်းကို နိုင်ငံတော်တော်များများအထူးသဖြင့် ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကို သိရှိရပါတယ်ခင်ဗျာ
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ခံတွင်းမသန့်လေ ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက် ခံတွင်းကိုသန့်ရှင်အောင်ထားပြီး
ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့်ရှင်းသန်း နေထိုင်ကြရအောင်ပါခင်ဗျာ
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
Zawgyi
ခံတြင္းက ေရာဂါပိုးႏွင့္အဆိပ္ေတြကို ဖယ္ထုတ္ရွင္းလင္းဖို့အေကာင္းဆုံးျဖစ္တဲ့ ဆီနဲ႔ပလုတ္က်င္းေပးျခင္း၏က်န္းမာေရးေကာင္းက်ိဳးမ်ား
တန္ဖိုးထားရပါေသာမိိတ္ေဆြမ်ားအား မိမိိတို့၏ခံတြင္းကို အုန္းဆီ ႏွမ္းဆီ သံလြင္ဆီတစ္မ်ိဳးမ်ိဳးျဖင့္ တစ္ပတ္လၽွင္ႏွစ္ႀကိမ္သုံးႀကိမ္ခန္႔ ပလုတ္က်င္းေပးျခင္းျဖင့္ ျပန္လည္ရရွိမည့္
က်န္းမာေရး အက်ိဳးေက်းဇူးမ်ားႏွင့္ ခံံတြင္းက အာပုတ္ရည္မ်ား အစာအိမ္သို့ မေရာက္ရွိေတာ့ဘဲ အစာအိမ္ေရာဂါႏွင့္ကင္ဆာေရာဂါကိုပါ ကာကြယ္ၿပီးသားျဖစ္ပါေၾကာင္း ေျပာျပေဆြးေႏြးလိုပါတယ္ခင္ဗ်ာ
ကၽြန္ေတာ္တို့ိငယ္ငယ္တုန္းကျမန္မာျပည္မွာ ျမန္မာဆရာဝန္မ်ားႏွင့္အတူ အိႏၵိယနိုင္ငံကပန္ခ်ာဘီဆရာဝန္ေတြပါ ေဆး႐ုံ ေဆးေပးခန္းေတြမွာ အမ်ားအျပားေတြ႕ရွိရတတ္တာကို ေကာင္းစြာ မွတ္မိေနပါေသးတယ္
ကၽြန္ေတာ္ငယ္ငယ္ကေန႔ယေန႔တိုင္း ေကာင္းေကာင္းမွတ္မိေနေသးတာက ကၽြန္ေတာ့္အေမဒူးအရမ္းနာေန၍ ပခုကၠဴၿမိဳ့ထင္းတန္းရပ္မွာ ေဆးခန္းဖြင့္ထားတဲ့ ပန္ခ်ာဘီဆရာဝန္ႀကီး ေဒါက္တာမာေဒးထံသို့ သြားေရာက္ျပသခဲ့တာဘဲျဖစ္ပါတယ္
အေမ၏ဒူးတစ္ဘက္ကေရာင္ကိုင္းေနၿပီး လမ္းေတာင္မေလၽွာက္နိုင္လို့ ေဆးခန္းသြားမယ္ဆိုရင္လည္းအေမကို ဦးေလးေတြကခ်ီမၿပီးေခၚသြားေလ့ရွိပါတယ္
ဆရာဝန္ႀကီးေဒါက္တာမာေဒးမွအေမကို ေသေသခ်ာခ်ာ စစ္ေဆးၿပီးေနာက္ သြားေတြေကာင္းရဲ့လားလို့ေမးေတာ့ အေမမ်က္နာအမူအရာက ဒူးနာတာနဲ႔သြားေကာင္းတာမေကာင္းတာ ဆိုင္လို့လားဟုထင္ေနဟန္တူပါတယ္
ဆရာဝန္ႀကီးက ပါးစပ္ဟစမ္းဆိုေတာ့ အံသြားေပါက္ေတြကိုေတြ႕သြားပါတယ္ အံသြားေတြကျပည္ပုပ္ေတြဟာ ဒူးကိုေရာက္သြားၿပီး ဒူးနာတဲ့ျပႆနာကိုျဖစ္ေစတာပါပဲ
ထိုသြားေတြကိုဖာေထးျပဳျပင္လိုက္ေတာ့ အေမဒူးနာလည္းေကာင္းသြားတာကို လက္ေတြ႕ျမင္ေတြ႕ခဲ့ရဘူးပါတယ္
ဆက္လက္၍ေဒါက္တာမာေဒးမွအေမအား ေန႔စဥ္ ႏွမ္းဆီ ဟင္းစားဇြန္းတစ္ဇြန္းျဖင့္ ပလုတ္က်င္းခိုင္းရာ အေမဒူးနာျပန္မျဖစ္ေတာ့တာကိုလည္း သတိထားမိပါတယ္
ေနာက္တစ္ေယာက္ကေတာ့ သိုင္းရြိဳက္ေရာဂါျဖစ္တဲ့ ကၽြန္ေတာ့္မိတ္ေဆြတစ္ေယာက္ပါပဲ သူ႔ရဲ့သိုင္းရြိဳက္ဂလင္းကေန ဟိုမုန္းအထြက္နဲေတာ့ လူကေလးလံထိုင္းမွိုင္းၿပီး ကိုယ္အေလးခ်ိန္လည္းတက္လာတယ္
႐ုပ္ပါေျပာင္းသြားလို့သူ႔ကိုမမွတ္မိနိုင္ပါဘူး ခံတြင္းကဗက္တီးရီးယားနဲ႔အဆိပ္ေတြက သိုင္းရြိဳက္ဂလင္းရဲ့Pumpေတြကို blockလုပၴားလို့
ဟိုမုန္းေကာင္းေကာင္းမထြက္တဲ့အတြက္ သြားဆရာဝန္ဆီမွာ ေသခ်ာကုသလိုက္တဲ့ေနာက္မွာေတာ့ ျပန္ေကာင္းသြားတာကိုေတြ႕ရွိရပါတယ္
သူလည္းသံလြင္ဆီကို ေန႔စဥ္ဟင္းစားဇြန္းတစ္ဇြန္းစာျဖင့္ ဆယ္မိနစ္ခန္႔ပလုတ္က်င္းရာ ျပန္ၿပီးေရာဂါမျဖစ္ေတာ့တာကို ေလ့လာေတြ႕ရွိရပါတယ္
ထပ္မွန္၍ ေက်ာက္ကပ္ေရာင္ေနတဲ့ သူတစ္ေယာက္အေၾကာင္းကို ေျပာျပေဆြးေႏြးလိုပါေသးတယ္
သူ႔မွာေက်ာက္ကပ္က ေကာင္းေကာင္းအလုပ္မလုပ္ေတာ့လူကေဖာသြပ္သြပ္ျဖစ္လာၿပီး မ်က္ခြံပါမို့ၿပီး႐ုပ္ပါေျပာင္းသြားပါတယ္
ေျခေထာက္ေတြကလည္း ေဖာၿပီးေရာင္ကိုင္းေနပါေတာ့တယ္ ေက်ာက္ကပ္ေဆးေတြေသာက္လည္း လူကသိပ္မသက္သာရွာပါဘူး တစ္ေန႔ သူသြားအရမ္းနာေနလို့
သြားဆရာဝန္ကိုသြားေရာက္ျပသတဲ့ အခါၾကေတာ့မွ သြားဆရာဝန္ေတြက သူ႔ပါးစပ္ထဲမွာပ်က္စီးေနတဲ့သြားနဲ႔ သြားဖုံးေတြကိုျပန္ေကာင္းေအာင္ ကုေပးလိုက္ေတာ့မွ ေက်ာက္ကပ္လည္းျပန္ေကာင္းသြားတာကိုေတြ႕ရွိရပါတယ္
သူလည္းအုန္းဆီဟင္းစားဇြန္းတစ္ဇြန္းစာ ေန႔စဥ္ပလုတ္က်င္းတယ္ဟုသိရပါတယ္
ကၽြန္ေတာ္နဲ႔အရမ္းခင္မင္တဲ့ ငယ္သူငယ္ခ်င္းတစ္ေယာက္လည္း ငယ္ငယ္ကတည္းက ပါးစပ္ေတာ္ေတာ္နံတဲ့သူတစ္ေယာက္ပါပဲ ဘယ္ေလာက္ေတာင္းနံသလည္းဆိုရင္
မ်က္ႏွာခ်င္းဆိုိင္စကားေျပာလို့ေတာင္ အဆင္သိပ္မေျပခ်င္ပါဘူး
ခံတြြင္းအနံ့ကဆိုးဝါးတာလည္းမေျပာနဲ႔. သြားတိုက္လည္းအေတာ္ေလး
ပ်င္းသူျဖစ္တဲ့အတြက္္ ႏွစ္ေတြၾကာလာေတာ့ ခံတြင္းေရာဂါခံစားလာရတာျဖစ္ပါတယ္
ခံတြင္းေရာဂါေတြနဲ႔သူငယ္ခ်င္းဟာ ငယ္ငယ္ကတည္းကလည္း သိိပ္မက်န္းမာရွာတဲ့အတြက္ အသက္(၄၅)ႏွစ္ေလာက္မွာဘဲ ဆုံးသြားတာကိုေတြ႕ခဲ့ရဘူးပါတယ္
ယခုအခ်ိန္အခါမွာလည္း ရာသီဥတုအစားအေသာက္ အျပဳအမူအေနအထိုိင္ေတြေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားျဖစ္ေနတဲ့
ေရာဂါေဝဒနာေတြကေတာ့ အသည္းေရာဂါ အဆုတ္ေရာဂါ အစာအိမ္ ေက်ာက္ကပ္ ႏွလုံး အူလမ္းေၾကာင္း၊ဆီးခ်ိဳႏွလုံးေသြးေၾကာ
ဦးေႏွွာက္၊အသက္ရွူလမ္းေၾကာင္း၊ ဆီးလမ္းေၾကာင္းနဲ႔ကင္ဆာေရာဂါမ်ိဳးစုံ အရိုးအဆစ္နာက်င္ကိုက္ခဲျခင္းတို့ဟာ ခံတြင္းမွာရွိေနတဲ့ ဗက္တီးရီးယားေရာဂါပိုးမႊားေတြကေန
ထုတ္ေပးလိုက္တဲ့အဆိပ္ေတြေၾကာင့္ အမ်ားဆုံးျဖစ္ေနၾကတာကို အားလုံးသတိထားမိေစခ်င္ပါတယ္
ခံတြင္းမသန္႔ေလေရာဂါထူေလဘဲျဖစ္ၿပီး ပါးစပ္နံေလေရာဂါမ်ားေလ အသက္တိုေလပဲျဖစ္ပါတယ္
သြားဖုံးအရင္းမွာ အစိမ္းေရာင္အဝါေရာင္ရွိတဲ့ျပည္ေတြထဲမွာ အလြန္အဆိပ္ျပင္းတဲ့ေရာဂါပိုးေတြရွိပါတယ္ ဒါေၾကာင့္ခံတြင္းထဲဗက္တီးရီးယားေတြကို အျမဲတန္းရွင္းလင္းေပးဖို့လိုအပ္ပါတယ္
ခံတြင္းကေရာဂါပိုးနဲ႔အဆိပ္ေတြကို ဖယ္ထုတ္ရွင္းလင္းဖို့ အေကာင္းဆုံးနည္းကေတာ့ အုုန္းဆီ ႏွမ္းဆီ သံလြင္ဆီတို့ျဖင္ ပလုတ္က်င္းေပးျခင္းျဖစ္ပါတယ္
ဘာေၾကာင့္လည္းဆိုေတာ့ ဆီကအဆိပ္စုပ္အားေကာင္းၿပီး သြားေတြအၾကားနဲ႔သြားဖုံးရင္းေတြမွာ အိိမ္ဖြဲ႕ေနၾကတဲ့အဏုဇီဝေရာဂါပိုးေတြကို ဆီကဆြဲထုတ္ေပးနိုင္လိုဘဲျဖစ္ပါတယ္
နံနက္ေစာေစာအိပ္ယာထတာနဲ႔ ဆီီတစ္ငုံစာကို၁၀မိနစ္ေလာက္ငုံထားၿပီး ပလုတ္က်င္းေပးပါက ေရာဂါပိုးေတြြထြက္သြားလိမ့္ပါမယ္
ထိုကဲ့သို့ဆီျဖင့္ပလုပ္က်င္းၿပီးမွ သြားတိုိက္တာသည္အေကာင္းဆုံးပါပဲ ပလုပ္က်င္းၿပီးရင္ေတာ့ ေရေႏြးေႏြးေလးျဖင့္ပါစပ္ကို ျပန္လည္ေဆးေၾကာေပးရင္ျဖင့္ အေကာင္းဆုံးပါပဲခင္ဗ်ာ
ပလုတ္က်င္းဖို့အေကာင္းဆုံးဆီီကေတာ့ ျမန္မာနိုင္ငံမွာအလြယ္တကူဝယ္လို့ရတဲ့ အုန္းဆီဘဲျဖစ္ပါတယ္
အုန္းဆီအျပင္သံလြင္ဆီ၊ႏွမ္းဆီီေတြနဲ႔လည္း ပလုတ္က်င္းလို့လည္းရပါတယ္ ပဲဆီ ေနၾကာဆီ စားအုန္္းဆီေတြနဲ႔ေတာ့ ပလုတ္မက်င္းေစခ်င္ပါဘူးခင္ဗ်ာ
ကၽြန္ေတာ့္၏မိတ္ေဆြမ်ားအေနျဖင့္ ဆီျဖင့္ပလုပ္က်င္းတာကို ေန႔စဥ္မလုပ္နိုင္ရင္ေတာင္မွ တစ္ပတ္ကို(၂)ခါ(၃)ခါေလာက္ လုပ္ေပးသင့္တယ္ဟုအႀကံေပးလိုပါတယ္
ယခုအခါဆီနဲ႔ပလုပ္က်င္းၿပီး ခံတြင္းသန္႔ရွင္းေအာင္ျပဳလုပ္ကာ က်န္းမာေနထိုင္တဲ့နည္းကို နိုင္ငံေတာ္ေတာ္မ်ားမ်ားအထူးသျဖင့္ ထိုင္နိုင္ငံမွာလက္ခံက်င့္သုံးေနတာကို သိရွိရပါတယ္ခင္ဗ်ာ
ကၽြန္ေတာ့္၏မိတ္ေဆြမ်ားအေနျဖင့္ ခံတြင္းမသန္႔ေလ က်န္းမာေရးထူေလဆိုိတာကိုသတိျပဳၿပီး ခႏၶာကိုယ္တစ္ခုလုံး၏က်န္းမာေရးအတြက္ ခံတြင္းကိုသန္႔ရွင္ေအာင္ထားၿပီး
က်န္ရွိေနေသာ အခ်ိန္ခဏေလးကို က်န္းမာစြာျဖင့္ရွင္းသန္း ေနထိုိင္ၾကရေအာင္ပါခင္ဗ်ာ
ေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ