ေဆာင္းရာသီ ႏွင့္ အဆစ္ေရာင္အကိုက္အခဲေရာဂါ
အဆစ္ေရာင္ ေရာဂါမ်ားတြင္ ေလးဖက္နာႏွင့္ ေဂါက္ေရာဂါေခၚ အဆစ္ႀကီးမ်ား တစ္ဆစ္ခ်င္းေရာင္ သည့္ ေရာဂါမ်ားပါဝင္သည္။ ေလးဖက္နာေရာဂါတြင္လည္း ပိုးေၾကာင့္ျဖစ္ေသာ ေလးဖက္နာႏွင့္ ေသြး ေၾကာင့္ျဖစ္ေသာ ေလးဖက္နာ၊ အေရျပားထူေလးဖက္နာ စသည္ျဖင့္ အမ်ိဳးမ်ိဳးရွိသည္။
ထိုေရာဂါရွိသူမ်ားသည္ ေဆာင္းဥတုကို ေၾကာက္ၾကသည္။ အခ်ိဳ႕မွာ ပူလြန္းေသာ ေႏြရာသီသာမက ေအးလြန္းေသာ ေဆာင္း ဥတုမွာပါ ေရာဂါတိုးၾကသည္။ အကိုက္အခဲဒဏ္ ပို၍ခံရသည္ကို ေတြ႕ရသည္။
လက္ဆစ္ေလးမ်ား ေရာင္သူ အမ်ိဳးသမီးငယ္ တစ္ဦးသည္ ႐ုံးဝန္ထမ္းတစ္ဦး ျဖစ္ၿပီး ကြန္ပ်ဴတာႏွင့္ အလုပ္လုပ္ရသည္။ ကြန္ပ်ဴတာျဖင့္ စာ႐ိုက္ေသာအခါ လက္ေခ်ာင္းေလးမ်ား သုံးရသည္။
သူအလုပ္လုပ္ရ ေသာ အခန္းမွ အဲကြန္းအေအးဓာတ္ ေပးထားေသာ အခန္းျဖစ္သည္။ ေႏြရာသီက အဆင္ေျပခဲ့ေသာ္လည္း ေဆာင္းရာသီသို႔ ေရာက္ေသာအခါ အဆင္မေျပေတာ့ အေအးဒဏ္ေၾကာင့္ သူ၏လက္ေခ်ာင္း အဆစ္ေလး မ်ား ကိုက္လာသည္။
အခ်ိဳ႕ လက္ဆစ္ေလးမ်ားမွာ ေရာင္ၿပီး အထိမခံႏိုင္သည္အထိ ျဖစ္လာသည္။ သူမ သည္ ငယ္စဥ္က အာသီးေရာင္ဖူးသည္။ ထိုပိုးေၾကာင့္ ေလးဖက္နာ ျဖစ္လာသည္ဟု ဆရာဝန္က ေျပာဖူး သည္။
ဘုန္းေတာ္ႀကီးတစ္ပါးမွာ ဆြမ္းခံႂကြရင္း ခလုတ္တိုက္မိရာမွ ဘယ္ဘက္ေျခမဆစ္ နာသြားသည္။ ပ႐ုတ္ဆီ လိမ္းရာမွေရာင္လာၿပီး ပို၍နာလာသည္။ ေနာက္ပိုင္းတြင္ ထိုအနာသည္ ေျခမ်က္စိအထိ နာလာ သည္။
အထူးကုဆရာဝန္ ျပေသာအခါ မိမိတြင္ ေဂါက္ေရာဂါရွိေနမွန္း သိရသည္။ ေသြးအတြင္းတြင္ အက္ စစ္ဓာတ္ မ်ားေနသည္။ ဝမ္းတြင္းသားႏွင့္ ပဲပင္ေပါက္မ်ား ဘုဥ္းေပးမိသျဖင့္ ပိုေရာင္လာျခင္း ျဖစ္သည္ဟု ဆိုသည္။
ေန႔တြင္ ေဝဒနာသက္သာ ေသာ္လည္း ညဥ့္နက္ေသာအခါ ေဆာင္းအေအးဒဏ္ေၾကာင့္ အကိုက္ အခဲ ပို၍လာသည္။ အေအးေၾကာင့္ ေဝဒနာပို၍ တိုးလာသည္ဟု ဆိုသည္။
အကိုက္အခဲ ေရာဂါမွန္သမွ်သည္ ေလပူစာမ်ားႏွင့္ မတည့္ေပ။ မွ်စ္၊ မွ်စ္ခ်ဥ္၊ ကုလားပဲ၊ ပဲပင္ေပါက္ စသည္တို႔ႏွင့္ မတည့္ေပ။ အုန္းထမင္း၊ ဒန္ေပါက္၊ ဒူးရင္းသီး စသည့္ အပူစာမ်ားလည္း မတည့္ေပ။ အနီ ေရာင္ရွိေသာ အသား၊ ဝမ္းတြင္းသားမ်ားႏွင့္လည္း မတည့္ေပ။
အဆစ္ေရာင္ေပ်ာက္ ေဆးနည္းမွာ-
၁။ ပိတ္ခ်င္းသီး ၅ က်ပ္သား ၂။ င႐ုတ္ေကာင္း ၅ က်ပ္သား
၃။ ကံ့ေကာ္ဝတ္ဆံ ၅ က်ပ္သား ၄။ ေဆာင္ေမးခါး ၅ က်ပ္သား
၅။ စမုံမ်ိဳးငါးပါး ၅ က်ပ္သား ၆။ သစ္ႀကံပိုး ၅ က်ပ္သား
၇။ ကရေဝး႐ြက္ ၅ က်ပ္သား ၈။ ပန္းႏု ၁၀ က်ပ္သား
၉။ ေတာင္မ႐ိုးေခါက္ ၂၅ က်ပ္သား
(စုစုေပါင္းေဆးခ်ိန္ ၇၀က်ပ္သား)
အထက္ပါေဆးမ်ား အားလုံးကိုစုၿပီး အမႈန္႔ႀကိတ္ပါ။ ရရွိေသာ အမႈန္႔ကို ငါးက်ပ္သားခန္႔ ခြဲၿပီး ပ်ားရည္စစ္စစ္ႏွင့္ ေရာ၍ ေတေဆးအျဖစ္ ျပဳလုပ္ပါ။ ဟင္းစားဇြန္းတစ္ဇြန္း တစ္ေန႔ ႏွစ္ႀကိမ္အထိ စားႏိုင္ပါ သည္။ ေလးဖက္နာ အျမစ္ျပတ္ေစေသာ ေဆးဟူ၍လည္းေကာင္း၊ ေတာင္မ႐ိုးေဆးႀကီး ဟူ၍လည္းေကာင္း ေရွးေဆးက်မ္း ေပမူမ်ားတြင္ ေဖာ္ျပထားေသာေဆးနည္းေကာင္းျဖစ္သည္။
ေဆာင္းရာသီမွာ ခ်င္းစားပါ
စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ လက္ဖက္ရည္ အလြန္ႀကိဳက္သူ တစ္ဦးျဖစ္သည္။ ေဈးေရာင္း ရင္း ဆိုင္ထိုင္ရင္း တစ္ေန႔လွ်င္ လက္ဖက္ရည္အခ်ိဳ ေပါ့က် တစ္ေန႔လွ်င္ သုံးခြက္၊ ေလးခြက္ ေသာက္သည္ ဟု ဆိုသည္။
သူေသာက္နည္းမွာ အျခားသူမ်ားႏွင့္မတူ ခ်င္းကို ခပ္ပါးပါးလွီးထားေသာ အဖတ္ကေလးမ်ား ကို ႏွစ္ဖတ္သုံးဖတ္မွ် လက္ဖက္ရည္ထဲတြင္ စိမ္ထားၿပီး ျဖည္းျဖည္းခ်င္း ေသာက္သည္။ သူ၏ လက္ဖက္ ရည္မွာ ခ်င္းရနံ႔ေလး သင္းေနသည္။
မၾကာေသးမီကလည္း က်န္းမာေရး ဂ်ာနယ္တစ္ေစာင္တြင္ အေနာက္တိုင္း ေဆးပညာရွင္မ်ားက ဘလက္ေကာ္ဖီတြင္ ခ်င္းထည့္ေသာက္ျခင္းျဖင့္ ေခါင္းကိုက္ေဝဒနာကို သက္သာေစေၾကာင္း ေရးထားသည္ ကို ဖတ္ရႈလိုက္ရသည္။
ခ်င္းကို နာက်င္ကိုက္ခဲ ေဝဒနာ ကုသရာတြင္လည္း အသုံးျပဳေၾကာင္း ေရးသား ထားသည္။ ခ်င္းကို အရည္ထုတ္ၿပီး ဗိုက္ေအာင့္ေဝဒနာႏွင့္ ပ်ိဳ႕ခ်င္အန္ခ်င္ ျဖစ္ေသာ ေဝဒနာမ်ားတြင္ လည္း သုံးစြဲသည္ဟု ေရးသားထားသည္။
ခ်င္းသည္မူလက အိႏၵိယႏိုင္ငံမွ တင္သြင္းျခင္းျဖစ္ၿပီး ပရေဆးကုန္သည္မ်ားမွာ အိႏၵိယလူမ်ိဳးမ်ား ျဖစ္သည္။ ခ်င္းေျခာက္ကို မပုပ္မသိုးေစရန္ ထုံးရည္ဖ်န္းၿပီး သေဘၤာႀကီးမ်ားျဖင့္ သယ္ေဆာင္တင္သြင္းလာ သျဖင့္ သေဘၤာခ်င္းေျခာက္ဟူေသာ အသုံးအႏႈန္းမွာ ယေန႔အထိ ပရေဆးေလာကတြင္ သုံးစြဲေနဆဲ ျဖစ္သည္။
ေနာက္ပိုင္းတြင္ခ်င္းကို ျမန္မာျပည္တြင္ စိုက္ပ်ိဳးသည္။ အထက္ျမန္မာျပည္ႏွင့္ ရွမ္းျပည္နယ္မွ ထြက္ ေသာ ခ်င္းတက္မ်ားမွာ အပူဓာတ္ အားေကာင္းၿပီး က်စ္လ်စ္မာေက်ာသျဖင့္ ခ်င္းတက္ေကာင္းအျဖစ္ အိႏၵိ ယ၊ ပါကစၥတန္ စေသာ ႏိုင္ငံမ်ားသို႔ပင္ ျပန္လည္တင္ပို႔ရသည္။ ေက်ာက္မဲခ်င္း၊ ေအာင္ပန္းခ်င္း၊ ေက်ာက္ဆည္နယ္သံ႐ြာခ်င္းတက္တို႔သည္ အတက္ႀကီးၿပီး အပူဓာတ္ အားေကာင္းသျဖင့္ နာမည္ေက်ာ္ၾကားသည္။ လူႀကိဳက္မ်ားေသာခ်င္းတက္မ်ား ျဖစ္သည္။
ခ်င္းကိုဟင္းခ်က္ရာတြင္ အသုံးျပဳဆုံး လူမ်ိဳးမွာ တ႐ုတ္လူမ်ိဳးမ်ား ျဖစ္ေၾကာင္း သိရသည္။ ဟင္းခတ္ အေမႊးအႀကိဳင္ အျဖစ္သာမက အသားႏူးေအာင္ ခ်င္းတက္ ထည့္ခ်က္ၾကသည္။ ခ်က္ျပဳတ္ေသာ အ သားကို အစာအိမ္တြင္ ေရာက္လွ်င္ အစာေၾကေစရန္လည္း ခ်င္းကအေထာက္အကူ ျပဳေၾကာင္း သိရသည္။
ေဆာင္းဥတုတြင္အျပင္ထြက္လွ်င္ အေအးပတ္လြယ္ေသာ ဥတုျဖစ္သည္။ အဝတ္အစား လုံၿခဳံ ေအာင္ ဝတ္ဆင္ထားသည့္ ၾကားကပင္ ဦးေခါင္းႏွင့္ လည္ပင္းကို အေအးပတ္ၿပီး အသံဝင္ျခင္း၊ လည္ ေခ်ာင္းနာျခင္း၊ သြားနာႏွင့္ သြားဖုံးမ်ား အပူကန္ျခင္း၊ အာသီးေရာင္ျခင္းမ်ား ျဖစ္ေလ့ရွိသည္။
ထိုသို႔ အေအး ပတ္ျခင္းကို ခ်င္းလက္ဖက္ရည္ ေသာက္ျခင္းျဖင့္ ကာကြယ္ႏိုင္သည္။ မိမိအိမ္တြင္ ေသာက္ေနက် ေရေႏြး ၾကမ္းထဲသို႔ ခ်င္းပါးပါး ႏွစ္လႊာသုံးလႊာ လွီးထည့္ၿပီး ပူပူေလး ေသာက္ျခင္းျဖင့္ ကာကြယ္ႏိုင္သည္။
အေအးပတ္ၿပီး အဖ်ားဝင္လွ်င္၊ ကိုယ္လက္မ်ား ေညာင္းညာကိုက္ခဲလွ်င္ ခ်င္းပါးပါး ခုနစ္လႊာ၊ ထန္း လ်က္သုံးခဲ၊ ကြမ္း႐ြက္တစ္႐ြက္ကို ေျခ၍ မတ္ခြက္တြင္ ထည့္ၿပီး ေရေႏြးအျဖဴ ပူပူေလာင္းထည့္ပါ။
၁၅ မိနစ္ ခန္႔ အေငြ႕လုံေအာင္ အုပ္ထားပါ။ ထို႔ေနာက္ အဖုံးဖြင့္ၿပီး မ်က္ႏွာ ႏွာေခါင္းေပါက္ျဖင့္ အေငြ႕ကိုရႈရင္း ျဖည္း ျဖည္းခ်င္း ေသာက္ပါ။ အေအးမိျခင္းမွ သက္သာေစႏိုင္သည္။
ခ်င္းသုပ္သည္ ျမန္မာလူမ်ိဳးမ်ားအႀကိဳက္ ႐ိုးရာအစားအစာ ျဖစ္သည္။ ခ်င္းကို အႁမႊာေလးမ်ားျခစ္ ၿပီး ေရွာက္ရည္ျဖင့္ စိမ္ထားေသာ ခ်င္းႏွပ္သည္ ဝမ္းမီးေတာက္ၿပီး အစာေၾကေစသည္။ အေအးပတ္ျခင္းမွ ကာကြယ္ေပးသည္။ လူႀကီးမ်ား ကိုယ္ေငြ႕ေကာင္းေစရန္ ခ်င္းသုပ္ကို မၾကာခဏ ေကြၽးေပးျခင္းျဖင့္ က်န္း မာေစႏိုင္သည္။
အဆစ္ေရာင္ေရာဂါ မျဖစ္ေစရန္
အသားကို အလြန္အကြၽံမစားပါႏွင့္။ အသားဓာတ္သည္ ပထဝီဓာတ္၏ မူလအေျခခံ ျဖစ္သည္။ ပထဝီဓာတ္ႏွင့္ အာေပါဓာတ္ မွ်တစြာ တြဲဖက္ထားေသာ အစာသည္ အေၾကာမပိတ္ေစႏိုင္။
အဆစ္ကို လည္း ေတာင့္တင္းျခင္း၊ မာေၾကာျခင္း (အဆစ္ေရာင္ျခင္း) မျဖစ္ေစႏိုင္။ အစားစားရာတြင္ ပထဝီဓာတ္ + အာေပါဓာတ္ မွ်တေစရန္ အသားကိုခ်ည္း မစားဘဲ အသီးအ႐ြက္ႏွင့္ ေရာ၍ စားသုံးသင့္သည္။အသီးအ ႐ြက္ မွန္သမွ်တြင္ အာေပါဓာတ္ အျပည့္အဝပါသည္။
ပထဝီဓာတ္သည္ ခႏၶာကိုယ္ကို တည္ေဆာက္ေပးေသာ ဓာတ္ျဖစ္သည္မွာ မွန္ကန္ေသာ္လည္း လြန္ကဲလွ်င္ အာကာသေခၚ အပိုင္းအျခား အေပါက္အေခါင္းဓာတ္ကို ပ်က္ေစသျဖင့္ အေကြးအဆန္႔ ျပဳလုပ္ ရေသာ အဆစ္အဆက္မ်ားမွာ လိုအပ္သည္ထက္ ခိုင္မာၿပီး ေကြးဆန္႔မရျခင္း၊ အဆစ္ၾကားမွ ခုတုံးမ်ား ပ်က္စီးၿပီး အခ်င္းခ်င္း ပြတ္တိုက္မိျခင္းေၾကာင့္ ေရာင္ျခင္း၊
ထို႔ထက္ဆိုးလွ်င္ က်ီးေပါင္းတက္ျခင္း ေရာဂါမ်ား တစ္ခုၿပီးတစ္ခု ဆက္တိုက္ျဖစ္လာႏိုင္သည္။ က်ီးေပါင္းဆိုသည္မွာ အဆစ္ႏွစ္ခုၾကားတြင္ ခံထားေသာ ဝါရွာ ကဲ့သို႔ ခုတုံး(အ႐ြတ္တုံးအၾကည္) ပ်က္စီးသြားသျဖင့္ အ႐ိုးခ်င္း ထိခိုက္မိၿပီး ပြန္းစားသြားေသာ ေနရာတြင္ သဘာဝက အစားထိုးလာသည့္ ထုံးေက်ာက္ကဲ့သို႔ အေပြးတက္လာသည့္ မူမမွန္ အ႐ိုးပြျဖစ္သည္။
အေနာက္တိုင္း ေဆးပညာအရ အသားတြင္ အနီေရာင္ရွိေသာ အသား (ဥပမာ- အမဲသား၊ ဆိတ္ သား၊ ဆတ္သား၊ ေခ်သား၊ ကြၽဲသား၊ ေျပာင္သား…စသည္)ကိုအဆစ္ေရာင္ ေလးဖက္နာႏွင့္ မသင့္။ Gout ေခၚ အဆစ္ႀကီးမ်ား တစ္ဆစ္ျခင္း ေရာင္သည့္ေရာဂါႏွင့္ မတည့္။
ထို႔ထက္ ဆိုးသည္မွာ ဝမ္းတြင္းသား (အူ ႏွင့္ကလီစာမ်ား၊ အသည္းအျမစ္မ်ား)တြင္ Uric Acid ေခၚ အျဖဴေရာင္ အနည္အမႈန္က်သည့္ အက္စစ္ဓာတ္ မ်ားသျဖင့္ ပို၍မတည့္ဟု ဆိုသည္။
ျမန္မာဓာတ္စာ က်မ္းမ်ားတြင္လည္း အေစ့မွ အေညႇာင့္ေပါက္သည့္ ပဲ ပင္ေပါက္၊ ကုလားပဲပင္ေပါက္၊ မွ်စ္ေပါက္ စသည့္ ေလစာမ်ားသည္ အဆစ္ေရာင္၊ ေလးဖက္နာ၊ ဒူလာပါဒ ရက္နာမ်ားႏွင့္ မသင့္ဟု ေဖာ္ျပထားပါသည္။
အဆစ္ေရာင္သည့္ ေရာဂါအေျခခံ ရွိသူသည္ ေႏြ၊ မိုး၊ေဆာင္းဥတုသုံးပါးတြင္ အခိုးငုပ္ေသာ ရာသီ ျဖစ္သည့္ ေဆာင္းရာသီတြင္ ပို၍ ေရာဂါဆိုးတတ္သည္။ အထူးသျဖင့္ ညဘက္ အေအးလြန္ကဲသည့္ အခ်ိန္ တြင္ အကိုက္အခဲေဝဒနာ ေရာဂါတိုးတတ္သည္။
အဆစ္ေရာင္ ေရာဂါေဝဒနာ ခံစားရသူမ်ားႏွင့္ ဒူလာပါဒရက္ ဒူးဆစ္၊ ေျခသလုံး ကိုက္ခဲသူ သက္ ႀကီး႐ြယ္အိုမ်ားကို ေလ့လာၾကည့္ေသာအခါ ေရခ်ိဳးေၾကာက္သူမ်ား၊ ေဆာင္းရာသီတြင္ ေရမခ်ိဳးသူမ်ား ျဖစ္ ေလ့ရွိသည္ကို ေလ့လာေတြ႕ရွိရသည္။
ေရမခ်ိဳးသျဖင့္ ခႏၶာကိုယ္ အေရျပားေအာက္တြင္ ငုပ္လွ်ိးေနေသာအပူအခိုးအေငြ႕မ်ားသည္ ေခ်းေညႇာ္မ်ား ပိတ္ေနသည့္ ေမႊးညႇင္းေပါက္မွ တစ္ဆင့္ အျပင္သို႔ မထြက္ႏိုင္ျခင္း (အာကာသ မရျခင္း)ေၾကာင့္ ကိုယ္တြင္းေအာင္း အပူဓာတ္ မ်ားလာသည္။ အတြင္းပူ အျပင္ေအးျခင္းသည္ အကိုက္အခဲ ေရာဂါတိုးျခင္း အေၾကာင္းအရင္း ျဖစ္သည္။
တမာ႐ြက္ ျပဳတ္ရည္ျဖင့္ေရခ်ိဳးနည္း
တမာ႐ြက္သည္ ျမန္မာႏိုင္ငံ တစ္နံတစ္လ်ားတြင္ အလြန္ေပါမ်ားေသာ အပင္ျဖစ္သည္။ ေရတမာ ေခၚ ကုလားတမာကို မဆိုလိုပါ။ အညာတမာ အ႐ြက္ကို တို႔စားရသည့္ တမာမ်ိဳးသည္ အလြန္ေဆးဖက္ဝင္ သည္။ တမာသည္ အဆစ္ေရာင္ေရာဂါ၊ အေရျပားေရာဂါ၊
ပိုးေရာဂါ အမ်ိဳးမ်ိဳးကို သက္သာ ေပ်ာက္ကင္းေစ ႏိုင္သည့္ အာနိသင္ရွိသည္။ တမာပင္ရိပ္၊ တမာတန္းတြင္ ေနထိုင္ေသာ သူမ်ားသည္ အဆုတ္က်န္းမာေရး ေကာင္းၾကသည္ဟု ေဆးပညာရွင္မ်ားက ဆိုသည္။
ေရွးက ေတာေက်ာင္း တစ္ေက်ာင္းတြင္ ေတြ႕ဖူးသည္မွာ ေက်ာင္းထိုင္ဆရာေတာ္ ဘုန္းေတာ္ႀကီး သည္ ဒူလာေခၚအဆစ္အမ်က္ ကိုက္ခဲေသာ ေရာဂါရွိသည္။
ထိုေရာဂါေၾကာင့္ ေအးေသာရာသီတြင္ ေရမခ်ိဳးႏိုင္ဘဲ ရက္ရွည္လမ်ား ေနရာမွမ်က္စိသို႔အခိုးတက္ၿပီး မ်က္ဝတ္မ်ားပိတ္ကာ မ်က္စိကြယ္လုနီး အေျခ အေနသို႔ ေရာက္ခဲ့သည္။
ေနာက္ပိုင္းတြင္ ခရီးသြားရင္း ဘုန္းႀကီးေက်ာင္းတြင္ လာေရာက္တည္းခိုသည့္ အာဂႏၲဳေဆးဆရာႀကီး တစ္ဦးက ၫႊန္ျပသျဖင့္ တမာ႐ြက္ျပဳတ္ရည္ျဖင့္ ေရခ်ိဳးေပးရာ အကိုက္အခဲေရာဂါ မ်ား သက္သာသည့္အျပင္ မ်က္စိကြယ္မည့္ ေဝဒနာမွပါ သက္သာခဲ့သည္ဟုဆိုသည္ ။
တမာ႐ြက္ အ႐ြက္ၾကမ္းမ်ားကို ခူးၿပီး ေသာက္ေရအိုးေဟာင္း ကဲ့သို႔ ေျမအိုးတစ္လုံးတြင္ ထည့္ၿပီး ေရအျပည့္ထည့္ကာ (တမာ႐ြက္အာနိသင္ ျမန္ျမန္ထြက္ေစရန္ ဆား ဟင္းစားဇြန္း ႏွစ္ဇြန္းခန္႔ ထည့္ျပဳတ္ ပါ။)မီးျဖင့္ ပြက္ပြက္ဆူေအာင္ တည္ထားၿပီး အေအးခံထားလိုက္ပါ။
ေရခ်ိဳးမည့္ အခ်ိန္တြင္ အေနေတာ္ ခပ္ေႏြးေႏြး ျဖစ္ေနလွ်င္ အေကာင္းဆုံးျဖစ္သည္။ ထိုတမာ႐ြက္ ျပဳတ္ရည္ကို ဒူးအထက္မွ ေအာက္သို႔ ေလာင္းၿပီး တျဖည္းျဖည္း ခႏၶာကိုယ္ အေပၚပိုင္းသို႔ တက္၍ တစ္ကိုယ္လုံး ေလာင္းခ်ိဳးႏိုင္သည္။
ၿပီးလွ်င္ ခႏၶာကိုယ္ သန္႔စင္ေအာင္ ဆပ္ျပာတိုက္ၿပီး ေရေအးကို ေရေႏြးအနည္းငယ္ ေရာစပ္ထားေသာ ေရျဖင့္စပ္၍ ခ်ိဳးေပးပါ။ ဤသို႔ တမာ႐ြက္ျပဳတ္ရည္ကို ေန႔စဥ္ခ်ိဳးေပးျခင္းျဖင့္
အဆစ္ေရာင္၊ အေညာင္းအကိုက္ ေရာဂါမ်ား သက္သာ သည့္အျပင္ ေလျဖတ္၊ ကိုယ္တစ္ျခမ္းေသ ေဝဒနာရွင္မ်ားပါ အေၾကာမ်ား အဆစ္မ်ား သန္စြမ္းလာေၾကာင္း လက္ေတြ႕ ကုသသည့္ အေၾကာျပင္ဆရာမ်ားက ေျပာျပပါသည္။
ေဆာင္းတြင္ ေရခ်ိဳးရမည့္ အခ်ိန္မွာ စာေရးသူ ယခင္က ေရးသားခဲ့ဖူးသည့္အတိုင္း (ေႏြကိုး၊ မိုးတစ္ဆယ္၊ ေဆာင္းတစ္ဆယ့္တစ္) ေဆာင္းရာသီတြင္ ေန႔(၁၁)နာရီခန္႔ အခ်ိန္သည္ အသင့္ေတာ္ဆုံး ျဖစ္ သည္။
ျဖစ္ႏိုင္လွ်င္ ေရခ်ိဳးခန္း အလုံခန္းအတြင္း ေရခ်ိဳးျခင္းထက္ သဘာဝ ေနေရာင္ျခည္ေအာက္တြင္ (ေတေဇာဓာတ္ကို ခံယူရင္း) ေရခ်ိဳးသည္က ပို၍ က်န္းမာေရး ေကာင္းေစေၾကာင္း တင္ျပလိုက္ရပါသည္။
ၾကည္လြင္ျမင့္ (မုျဒာ)
Unicode
အဆစ်ရောင် ရောဂါများတွင် လေးဖက်နာနှင့် ဂေါက်ရောဂါခေါ် အဆစ်ကြီးများ တစ်ဆစ်ချင်းရောင် သည့် ရောဂါများပါဝင်သည်။ လေးဖက်နာရောဂါတွင်လည်း ပိုးကြောင့်ဖြစ်သော လေးဖက်နာနှင့် သွေး ကြောင့်ဖြစ်သော လေးဖက်နာ၊ အရေပြားထူလေးဖက်နာ စသည်ဖြင့် အမျိုးမျိုးရှိသည်။
ထိုရောဂါရှိသူများသည် ဆောင်းဥတုကို ကြောက်ကြသည်။ အချို့မှာ ပူလွန်းသော နွေရာသီသာမက အေးလွန်းသော ဆောင်း ဥတုမှာပါ ရောဂါတိုးကြသည်။ အကိုက်အခဲဒဏ် ပို၍ခံရသည်ကို တွေ့ရသည်။
လက်ဆစ်လေးများ ရောင်သူ အမျိုးသမီးငယ် တစ်ဦးသည် ရုံးဝန်ထမ်းတစ်ဦး ဖြစ်ပြီး ကွန်ပျူတာနှင့် အလုပ်လုပ်ရသည်။ ကွန်ပျူတာဖြင့် စာရိုက်သောအခါ လက်ချောင်းလေးများ သုံးရသည်။
သူအလုပ်လုပ်ရ သော အခန်းမှ အဲကွန်းအအေးဓာတ် ပေးထားသော အခန်းဖြစ်သည်။ နွေရာသီက အဆင်ပြေခဲ့သော်လည်း ဆောင်းရာသီသို့ ရောက်သောအခါ အဆင်မပြေတော့ အအေးဒဏ်ကြောင့် သူ၏လက်ချောင်း အဆစ်လေး များ ကိုက်လာသည်။
အချို့ လက်ဆစ်လေးများမှာ ရောင်ပြီး အထိမခံနိုင်သည်အထိ ဖြစ်လာသည်။ သူမ သည် ငယ်စဉ်က အာသီးရောင်ဖူးသည်။ ထိုပိုးကြောင့် လေးဖက်နာ ဖြစ်လာသည်ဟု ဆရာဝန်က ပြောဖူး သည်။
ဘုန်းတော်ကြီးတစ်ပါးမှာ ဆွမ်းခံကြွရင်း ခလုတ်တိုက်မိရာမှ ဘယ်ဘက်ခြေမဆစ် နာသွားသည်။ ပရုတ်ဆီ လိမ်းရာမှရောင်လာပြီး ပို၍နာလာသည်။ နောက်ပိုင်းတွင် ထိုအနာသည် ခြေမျက်စိအထိ နာလာ သည်။
အထူးကုဆရာဝန် ပြသောအခါ မိမိတွင် ဂေါက်ရောဂါရှိနေမှန်း သိရသည်။ သွေးအတွင်းတွင် အက် စစ်ဓာတ် များနေသည်။ ဝမ်းတွင်းသားနှင့် ပဲပင်ပေါက်များ ဘုဉ်းပေးမိသဖြင့် ပိုရောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
နေ့တွင် ဝေဒနာသက်သာ သော်လည်း ညဉ့်နက်သောအခါ ဆောင်းအအေးဒဏ်ကြောင့် အကိုက် အခဲ ပို၍လာသည်။ အအေးကြောင့် ဝေဒနာပို၍ တိုးလာသည်ဟု ဆိုသည်။
အကိုက်အခဲ ရောဂါမှန်သမျှသည် လေပူစာများနှင့် မတည့်ပေ။ မျှစ်၊ မျှစ်ချဉ်၊ ကုလားပဲ၊ ပဲပင်ပေါက် စသည်တို့နှင့် မတည့်ပေ။ အုန်းထမင်း၊ ဒန်ပေါက်၊ ဒူးရင်းသီး စသည့် အပူစာများလည်း မတည့်ပေ။ အနီ ရောင်ရှိသော အသား၊ ဝမ်းတွင်းသားများနှင့်လည်း မတည့်ပေ။
အဆစ်ရောင်ပျောက် ဆေးနည်းမှာ-
၁။ ပိတ်ချင်းသီး ၅ ကျပ်သား ၂။ ငရုတ်ကောင်း ၅ ကျပ်သား
၃။ ကံ့ကော်ဝတ်ဆံ ၅ ကျပ်သား ၄။ ဆောင်မေးခါး ၅ ကျပ်သား
၅။ စမုံမျိုးငါးပါး ၅ ကျပ်သား ၆။ သစ်ကြံပိုး ၅ ကျပ်သား
၇။ ကရဝေးရွက် ၅ ကျပ်သား ၈။ ပန်းနု ၁၀ ကျပ်သား
၉။ တောင်မရိုးခေါက် ၂၅ ကျပ်သား
(စုစုပေါင်းဆေးချိန် ၇၀ကျပ်သား)
အထက်ပါဆေးများ အားလုံးကိုစုပြီး အမှုန့်ကြိတ်ပါ။ ရရှိသော အမှုန့်ကို ငါးကျပ်သားခန့် ခွဲပြီး ပျားရည်စစ်စစ်နှင့် ရော၍ တေဆေးအဖြစ် ပြုလုပ်ပါ။ ဟင်းစားဇွန်းတစ်ဇွန်း တစ်နေ့ နှစ်ကြိမ်အထိ စားနိုင်ပါ သည်။ လေးဖက်နာ အမြစ်ပြတ်စေသော ဆေးဟူ၍လည်းကောင်း၊ တောင်မရိုးဆေးကြီး ဟူ၍လည်းကောင်း ရှေးဆေးကျမ်း ပေမူများတွင် ဖော်ပြထားသောဆေးနည်းကောင်းဖြစ်သည်။
ဆောင်းရာသီမှာ ချင်းစားပါ
စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် လက်ဖက်ရည် အလွန်ကြိုက်သူ တစ်ဦးဖြစ်သည်။ ဈေးရောင်း ရင်း ဆိုင်ထိုင်ရင်း တစ်နေ့လျှင် လက်ဖက်ရည်အချို ပေါ့ကျ တစ်နေ့လျှင် သုံးခွက်၊ လေးခွက် သောက်သည် ဟု ဆိုသည်။
သူသောက်နည်းမှာ အခြားသူများနှင့်မတူ ချင်းကို ခပ်ပါးပါးလှီးထားသော အဖတ်ကလေးများ ကို နှစ်ဖတ်သုံးဖတ်မျှ လက်ဖက်ရည်ထဲတွင် စိမ်ထားပြီး ဖြည်းဖြည်းချင်း သောက်သည်။ သူ၏ လက်ဖက် ရည်မှာ ချင်းရနံ့လေး သင်းနေသည်။
မကြာသေးမီကလည်း ကျန်းမာရေး ဂျာနယ်တစ်စောင်တွင် အနောက်တိုင်း ဆေးပညာရှင်များက ဘလက်ကော်ဖီတွင် ချင်းထည့်သောက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေကြောင်း ရေးထားသည် ကို ဖတ်ရှုလိုက်ရသည်။
ချင်းကို နာကျင်ကိုက်ခဲ ဝေဒနာ ကုသရာတွင်လည်း အသုံးပြုကြောင်း ရေးသား ထားသည်။ ချင်းကို အရည်ထုတ်ပြီး ဗိုက်အောင့်ဝေဒနာနှင့် ပျို့ချင်အန်ချင် ဖြစ်သော ဝေဒနာများတွင် လည်း သုံးစွဲသည်ဟု ရေးသားထားသည်။
ချင်းသည်မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ပရဆေးကုန်သည်များမှာ အိန္ဒိယလူမျိုးများ ဖြစ်သည်။ ချင်းခြောက်ကို မပုပ်မသိုးစေရန် ထုံးရည်ဖျန်းပြီး သင်္ဘောကြီးများဖြင့် သယ်ဆောင်တင်သွင်းလာ သဖြင့် သင်္ဘောချင်းခြောက်ဟူသော အသုံးအနှုန်းမှာ ယနေ့အထိ ပရဆေးလောကတွင် သုံးစွဲနေဆဲ ဖြစ်သည်။
နောက်ပိုင်းတွင်ချင်းကို မြန်မာပြည်တွင် စိုက်ပျိုးသည်။ အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မှ ထွက် သော ချင်းတက်များမှာ အပူဓာတ် အားကောင်းပြီး ကျစ်လျစ်မာကျောသဖြင့် ချင်းတက်ကောင်းအဖြစ် အိန္ဒိ ယ၊ ပါကစ္စတန် စသော နိုင်ငံများသို့ပင် ပြန်လည်တင်ပို့ရသည်။ ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ်သံရွာချင်းတက်တို့သည် အတက်ကြီးပြီး အပူဓာတ် အားကောင်းသဖြင့် နာမည်ကျော်ကြားသည်။ လူကြိုက်များသောချင်းတက်များ ဖြစ်သည်။
ချင်းကိုဟင်းချက်ရာတွင် အသုံးပြုဆုံး လူမျိုးမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း သိရသည်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ်သာမက အသားနူးအောင် ချင်းတက် ထည့်ချက်ကြသည်။ ချက်ပြုတ်သော အ သားကို အစာအိမ်တွင် ရောက်လျှင် အစာကြေစေရန်လည်း ချင်းကအထောက်အကူ ပြုကြောင်း သိရသည်။
ဆောင်းဥတုတွင်အပြင်ထွက်လျှင် အအေးပတ်လွယ်သော ဥတုဖြစ်သည်။ အဝတ်အစား လုံခြုံ အောင် ဝတ်ဆင်ထားသည့် ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည် ချောင်းနာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီးရောင်ခြင်းများ ဖြစ်လေ့ရှိသည်။
ထိုသို့ အအေး ပတ်ခြင်းကို ချင်းလက်ဖက်ရည် သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ မိမိအိမ်တွင် သောက်နေကျ ရေနွေး ကြမ်းထဲသို့ ချင်းပါးပါး နှစ်လွှာသုံးလွှာ လှီးထည့်ပြီး ပူပူလေး သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။
အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာကိုက်ခဲလျှင် ချင်းပါးပါး ခုနစ်လွှာ၊ ထန်း လျက်သုံးခဲ၊ ကွမ်းရွက်တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်းထည့်ပါ။
၁၅ မိနစ် ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကိုရှုရင်း ဖြည်း ဖြည်းချင်း သောက်ပါ။ အအေးမိခြင်းမှ သက်သာစေနိုင်သည်။
ချင်းသုပ်သည် မြန်မာလူမျိုးများအကြိုက် ရိုးရာအစားအစာ ဖြစ်သည်။ ချင်းကို အမြွှာလေးများခြစ် ပြီး ရှောက်ရည်ဖြင့် စိမ်ထားသော ချင်းနှပ်သည် ဝမ်းမီးတောက်ပြီး အစာကြေစေသည်။ အအေးပတ်ခြင်းမှ ကာကွယ်ပေးသည်။ လူကြီးများ ကိုယ်ငွေ့ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျွေးပေးခြင်းဖြင့် ကျန်း မာစေနိုင်သည်။
အဆစ်ရောင်ရောဂါ မဖြစ်စေရန်
အသားကို အလွန်အကျွံမစားပါနှင့်။ အသားဓာတ်သည် ပထဝီဓာတ်၏ မူလအခြေခံ ဖြစ်သည်။ ပထဝီဓာတ်နှင့် အာပေါဓာတ် မျှတစွာ တွဲဖက်ထားသော အစာသည် အကြောမပိတ်စေနိုင်။
အဆစ်ကို လည်း တောင့်တင်းခြင်း၊ မာကြောခြင်း (အဆစ်ရောင်ခြင်း) မဖြစ်စေနိုင်။ အစားစားရာတွင် ပထဝီဓာတ် + အာပေါဓာတ် မျှတစေရန် အသားကိုချည်း မစားဘဲ အသီးအရွက်နှင့် ရော၍ စားသုံးသင့်သည်။အသီးအ ရွက် မှန်သမျှတွင် အာပေါဓာတ် အပြည့်အဝပါသည်။
ပထဝီဓာတ်သည် ခန္ဓာကိုယ်ကို တည်ဆောက်ပေးသော ဓာတ်ဖြစ်သည်မှာ မှန်ကန်သော်လည်း လွန်ကဲလျှင် အာကာသခေါ် အပိုင်းအခြား အပေါက်အခေါင်းဓာတ်ကို ပျက်စေသဖြင့် အကွေးအဆန့် ပြုလုပ် ရသော အဆစ်အဆက်များမှာ လိုအပ်သည်ထက် ခိုင်မာပြီး ကွေးဆန့်မရခြင်း၊ အဆစ်ကြားမှ ခုတုံးများ ပျက်စီးပြီး အချင်းချင်း ပွတ်တိုက်မိခြင်းကြောင့် ရောင်ခြင်း၊
ထို့ထက်ဆိုးလျှင် ကျီးပေါင်းတက်ခြင်း ရောဂါများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာနိုင်သည်။ ကျီးပေါင်းဆိုသည်မှာ အဆစ်နှစ်ခုကြားတွင် ခံထားသော ဝါရှာ ကဲ့သို့ ခုတုံး(အရွတ်တုံးအကြည်) ပျက်စီးသွားသဖြင့် အရိုးချင်း ထိခိုက်မိပြီး ပွန်းစားသွားသော နေရာတွင် သဘာဝက အစားထိုးလာသည့် ထုံးကျောက်ကဲ့သို့ အပွေးတက်လာသည့် မူမမှန် အရိုးပွဖြစ်သည်။
အနောက်တိုင်း ဆေးပညာအရ အသားတွင် အနီရောင်ရှိသော အသား (ဥပမာ- အမဲသား၊ ဆိတ် သား၊ ဆတ်သား၊ ချေသား၊ ကျွဲသား၊ ပြောင်သား…စသည်)ကိုအဆစ်ရောင် လေးဖက်နာနှင့် မသင့်။ Gout ခေါ် အဆစ်ကြီးများ တစ်ဆစ်ခြင်း ရောင်သည့်ရောဂါနှင့် မတည့်။
ထို့ထက် ဆိုးသည်မှာ ဝမ်းတွင်းသား (အူ နှင့်ကလီစာများ၊ အသည်းအမြစ်များ)တွင် Uric Acid ခေါ် အဖြူရောင် အနည်အမှုန်ကျသည့် အက်စစ်ဓာတ် များသဖြင့် ပို၍မတည့်ဟု ဆိုသည်။
မြန်မာဓာတ်စာ ကျမ်းများတွင်လည်း အစေ့မှ အညှောင့်ပေါက်သည့် ပဲ ပင်ပေါက်၊ ကုလားပဲပင်ပေါက်၊ မျှစ်ပေါက် စသည့် လေစာများသည် အဆစ်ရောင်၊ လေးဖက်နာ၊ ဒူလာပါဒ ရက်နာများနှင့် မသင့်ဟု ဖော်ပြထားပါသည်။
အဆစ်ရောင်သည့် ရောဂါအခြေခံ ရှိသူသည် နွေ၊ မိုး၊ဆောင်းဥတုသုံးပါးတွင် အခိုးငုပ်သော ရာသီ ဖြစ်သည့် ဆောင်းရာသီတွင် ပို၍ ရောဂါဆိုးတတ်သည်။ အထူးသဖြင့် ညဘက် အအေးလွန်ကဲသည့် အချိန် တွင် အကိုက်အခဲဝေဒနာ ရောဂါတိုးတတ်သည်။
အဆစ်ရောင် ရောဂါဝေဒနာ ခံစားရသူများနှင့် ဒူလာပါဒရက် ဒူးဆစ်၊ ခြေသလုံး ကိုက်ခဲသူ သက် ကြီးရွယ်အိုများကို လေ့လာကြည့်သောအခါ ရေချိုးကြောက်သူများ၊ ဆောင်းရာသီတွင် ရေမချိုးသူများ ဖြစ် လေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။
ရေမချိုးသဖြင့် ခန္ဓာကိုယ် အရေပြားအောက်တွင် ငုပ်လျှိးနေသောအပူအခိုးအငွေ့များသည် ချေးညှော်များ ပိတ်နေသည့် မွှေးညှင်းပေါက်မှ တစ်ဆင့် အပြင်သို့ မထွက်နိုင်ခြင်း (အာကာသ မရခြင်း)ကြောင့် ကိုယ်တွင်းအောင်း အပူဓာတ် များလာသည်။ အတွင်းပူ အပြင်အေးခြင်းသည် အကိုက်အခဲ ရောဂါတိုးခြင်း အကြောင်းအရင်း ဖြစ်သည်။
တမာရွက် ပြုတ်ရည်ဖြင့်ရေချိုးနည်း
တမာရွက်သည် မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် အလွန်ပေါများသော အပင်ဖြစ်သည်။ ရေတမာ ခေါ် ကုလားတမာကို မဆိုလိုပါ။ အညာတမာ အရွက်ကို တို့စားရသည့် တမာမျိုးသည် အလွန်ဆေးဖက်ဝင် သည်။ တမာသည် အဆစ်ရောင်ရောဂါ၊ အရေပြားရောဂါ၊
ပိုးရောဂါ အမျိုးမျိုးကို သက်သာ ပျောက်ကင်းစေ နိုင်သည့် အာနိသင်ရှိသည်။ တမာပင်ရိပ်၊ တမာတန်းတွင် နေထိုင်သော သူများသည် အဆုတ်ကျန်းမာရေး ကောင်းကြသည်ဟု ဆေးပညာရှင်များက ဆိုသည်။
ရှေးက တောကျောင်း တစ်ကျောင်းတွင် တွေ့ဖူးသည်မှာ ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီး သည် ဒူလာခေါ်အဆစ်အမျက် ကိုက်ခဲသော ရောဂါရှိသည်။
ထိုရောဂါကြောင့် အေးသောရာသီတွင် ရေမချိုးနိုင်ဘဲ ရက်ရှည်လများ နေရာမှမျက်စိသို့အခိုးတက်ပြီး မျက်ဝတ်များပိတ်ကာ မျက်စိကွယ်လုနီး အခြေ အနေသို့ ရောက်ခဲ့သည်။
နောက်ပိုင်းတွင် ခရီးသွားရင်း ဘုန်းကြီးကျောင်းတွင် လာရောက်တည်းခိုသည့် အာဂန္တုဆေးဆရာကြီး တစ်ဦးက ညွှန်ပြသဖြင့် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးရာ အကိုက်အခဲရောဂါ များ သက်သာသည့်အပြင် မျက်စိကွယ်မည့် ဝေဒနာမှပါ သက်သာခဲ့သည်ဟုဆိုသည် ။
တမာရွက် အရွက်ကြမ်းများကို ခူးပြီး သောက်ရေအိုးဟောင်း ကဲ့သို့ မြေအိုးတစ်လုံးတွင် ထည့်ပြီး ရေအပြည့်ထည့်ကာ (တမာရွက်အာနိသင် မြန်မြန်ထွက်စေရန် ဆား ဟင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်ပြုတ် ပါ။)မီးဖြင့် ပွက်ပွက်ဆူအောင် တည်ထားပြီး အအေးခံထားလိုက်ပါ။
ရေချိုးမည့် အချိန်တွင် အနေတော် ခပ်နွေးနွေး ဖြစ်နေလျှင် အကောင်းဆုံးဖြစ်သည်။ ထိုတမာရွက် ပြုတ်ရည်ကို ဒူးအထက်မှ အောက်သို့ လောင်းပြီး တဖြည်းဖြည်း ခန္ဓာကိုယ် အပေါ်ပိုင်းသို့ တက်၍ တစ်ကိုယ်လုံး လောင်းချိုးနိုင်သည်။
ပြီးလျှင် ခန္ဓာကိုယ် သန့်စင်အောင် ဆပ်ပြာတိုက်ပြီး ရေအေးကို ရေနွေးအနည်းငယ် ရောစပ်ထားသော ရေဖြင့်စပ်၍ ချိုးပေးပါ။ ဤသို့ တမာရွက်ပြုတ်ရည်ကို နေ့စဉ်ချိုးပေးခြင်းဖြင့်
အဆစ်ရောင်၊ အညောင်းအကိုက် ရောဂါများ သက်သာ သည့်အပြင် လေဖြတ်၊ ကိုယ်တစ်ခြမ်းသေ ဝေဒနာရှင်များပါ အကြောများ အဆစ်များ သန်စွမ်းလာကြောင်း လက်တွေ့ ကုသသည့် အကြောပြင်ဆရာများက ပြောပြပါသည်။
ဆောင်းတွင် ရေချိုးရမည့် အချိန်မှာ စာရေးသူ ယခင်က ရေးသားခဲ့ဖူးသည့်အတိုင်း (နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ်) ဆောင်းရာသီတွင် နေ့(၁၁)နာရီခန့် အချိန်သည် အသင့်တော်ဆုံး ဖြစ် သည်။
ဖြစ်နိုင်လျှင် ရေချိုးခန်း အလုံခန်းအတွင်း ရေချိုးခြင်းထက် သဘာဝ နေရောင်ခြည်အောက်တွင် (တေဇောဓာတ်ကို ခံယူရင်း) ရေချိုးသည်က ပို၍ ကျန်းမာရေး ကောင်းစေကြောင်း တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)